ပြည်သူအစစ်ဆိုလျှင် စစ်တပ်စစ်ကြောင်းဝင်လာသော်လည်း ထွက်မပြေးဟု ဝါဒဖြန့်ထားသော သတင်းအမှား

စစ်တပ် စစ်ကြောင်းထိုးချိန်တွင် ထွက်ပြေးသောသူများသည် ပြည်သူများ မဟုတ်ဟုဆိုသည့် အကြောင်းအရာသည် စစ်ကော်မရှင် ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များတွင် ပျံ့နှံ့လျက်ရှိသည်။

“K S News” တယ်လီဂရမ်ချန်နယ်က ဧပြီ ၂၈ ရက် နံနက် ၉ နာရီ ၁၁ မိနစ်တွင် အင်းတော်တွင် စစ်ကြောင်းထိုးသည့် သတင်းနှင့် ပတ်သက်၍ စစ်တပ် စစ်ကြောင်းဝင်လာလျှင် ဘယ်ပြည်သူကမှ ထွက်မပြေးကြကြောင်း၊ KIA နှင့် PDF များက ထွက်ပြေးခိုင်း၍သာ ပြေးရခြင်းဖြစ်ကြောင်း၊ သာမာန်ပြည်သူ အစစ်ဆိုလျှင် ထွက်ပြေးစရာမလိုကြောင်း၊ စစ်ကြောင်းဝင်လာ၍ ရှေ့ဆုံးက ပြေးကြသူများမှာ PDF များသာ ဖြစ်ကြောင်း ရေးသားဖြန့်ဝေခဲ့သည်။

အဆိုပါ အကြောင်းအရာကို “ငြိမ်းသော်(နက်မောက်)၊ D.I Thameedaw” အပါအဝင် အခြား စစ်တပ်က ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များက ကူးယူဖော်ပြခဲ့သဖြင့် ပျံ့နှံ့မှုများပြားနေသည်။

မူရင်းသတင်းအမှားလင့်ခ် – https://archive.ph/mOX67
ငြိမ်းသော်(နက်မောက်) – https://archive.ph/b5CVP
D.I Thameedaw – https://archive.ph/BIXlb

အထက်တွင် ပျံ့နှံ့နေသော အကြောင်းအရာများနှင့် ပတ်သက်၍ Myanmar Fact-Checking Network ၏ အဖွဲ့ဝင်ဖြစ်သော MPA က အချက်အလက် စစ်ဆေးကြည့်ရာ သတင်းအမှားဖြစ်ကြောင်း တွေ့ရှိခဲ့သည်။

သတင်းစိစစ်ချက်

Google တွင် “ အင်းတော် စစ်ကြောင်းထိုး ဒေသခံများ တိမ်းရှောင်” ဆိုသည့် စကားလုံးဖြင့် ရှာဖွေကြည့်ရာ “မြေလတ်အသံ၊ Network Media Group၊ Kachin News Group” အပါအဝင် မီဒီယာများက သတင်းရေး ထားသည်။

သတင်းမီဒီယာများတွင် စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ အင်းတော်မြို့နှင့် ၁၀မိုင်အကွာ ဒေသအခေါ် ၁၀ မိုင်ကုန်းထိ စစ်တပ် စစ်ကြောင်းရောက်လာသည့်အတွက် ဒေသခံ ၅,၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရ ကြောင်း၊ ဧပြီ ၂၁ ရက်ကတည်းက ကသာမြို့ကနေ အင်အား ၃၀၀ ကျော်ဖြင့် စစ်ကြောင်းထိုးလာသည့် စစ် ကော်မရှင် စစ်ကြောင်းသည် ဧပြီ ၂၇ ရက်တွင် ၁၀ မိုင်ကုန်းအထိ ရောက်လာခြင်း ဖြစ်ကြောင်း၊ ဒေသတွင်း ကာကွယ်ရေးတပ်ဖွဲ့များနှင့်လည်း စစ်ရေးတင်းမာလျှက်ရှိကြောင်း ဖော်ပြထားသည်။

အပြည့်အစုံကြည့်ရန် >>>
မြေလတ်အသံ – https://bitly.cx/967c
Network Media Group – https://bitly.cx/h9MR
Kachin News Group – https://bitly.cx/Z5mg

သုံးသပ်ချက်

သတင်းမီဒီယာများတွင် စစ်ကိုင်းတိုင်း၊ အင်းတော်မြို့ ၊ ၁၀မိုင်ကုန်းအထိ စစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက်လာသည့်အတွက် ဒေသခံ ၅၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဖော်ပြထားသည်။

ထို့ကြောင့် စစ်တပ်လော်ဘီ တယ်လီဂရမ်ချန်နယ်များတွင် ပျံ့နှံ့နေသော “စစ်ကြောင်းဝင်လာ၍ ထွက်ပြေးကြသူများမှာ ပြည်သူများ မဟုတ်” ဆိုသည့် အကြောင်းအရာသည် သတင်းအမှားဖြစ်သည်။

ဆိုရှယ်မီဒီယာများတွင် ပျံ့နှံ့နေသောအကြောင်းအရာများအား သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်း အဆင့်ဆင့် အတည်ပြုဖော်ပြနေသော သတင်းမီဒီယာများ၌ ရှာဖွေဖတ်ရှုသင့်သည်။