UK ပါလီမန်ရှေ့ proof of life တော်လှန်ပြည်သူ ၄၀၀ခန့် တက်ရောက်

ဓာတ်ပုံ- NUG Representatives Office-UK
လန်ဒန်မြို့ပါလီမန်ရှေ့၌ ကျင်းပခဲ့သော proof of life campaign။

နိုင်ငံ့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိနေကြောင်း ယုံကြည်ရသည့် အ ထောက်အထားပြရန် တောင်းဆိုပွဲကို လန်ဒန်မြို့ပါလီမန်ရှေ့၌ ကျင်းပခဲ့ရာ လူ၄၀၀ခန့် တက် ရောက်ခဲ့ကြောင်း NUG Representatives Office-UK က သတင်းထုတ်ပြန်သည်။

ဗြိတိန်နိုင်ငံ၊လန်ဒန်မြို့ ပါလီမန်ရှေ့တွင် မေလ၁၇ရက်က proof of life campaign ကို ကျင်းပခဲ့ ခြင်းဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည် ၏ သားငယ် ကိုထိန်လင်း၊ ယူကေနိုင်ငံဆိုင်ရာ NUG ကိုယ်စား လှယ် ဦးမောင်မောင်အောင်နှင့် ဒေါက်တာသက်ကိုကို၊ ယူကေရောက် တိုင်းရင်းသား community များမှ ကိုယ်စားလှယ်များနှင့် ယူကေရောက် တော်လှန်ရေးမိသားစုများ တက်ရောက်ခဲ့ကြောင်း သိရသည်။

“ဒေါ်အောင်ဆန်းစုကြည် ကျန်းမာကြောင်း သက်သေပြဖို့၊ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းပြန် လွှတ်ပေးဖို့ နိုင်ငံတကာအသိုင်းအဝိုင်းကလည်း တောက်လျှောက် တောင်းဆိုခဲ့တယ်။ကမ်ပိန်းတွေ လုပ်တယ်။ဒါပေမဲ့၊ဒီနေ့အချိန်ထိ မင်းအောင်လှိုင်ကတော့ မိုက်လုံးကြီးစွာနဲ့ပဲ မသိချင်ယောင်ဆောင် နေတုန်းပါပဲ”ဟု ၂၀၂၀ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်တစ်ဦးက MPAသို့ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်ကို မိသားစုနှင့် တွေ့ခွင့်ပေးရန်၊ ကျန်းမာကြောင်းနှင့် သက်ရှိထင်ရှား ရှိ ကြောင်း ယုံကြည်ရသော အထောက်အထားများ ပြသရန် စစ်အုပ်စုအား ယူကေအစိုးရနှင့် နိုင်ငံတ ကာမှ ဖိအားပေး တောင်းဆိုပေးရန် ယူကေရောက် တော်လှန်ရေးအင်အားစုများက တောင်းဆိုခဲ့ ကြသည်။

proof of life campaignကို ပြည်တွင်း၊ပြည်ပရောက် ပြည်သူများက ဆက်တိုက်ဆိုသလို လုပ် ဆောင်နေကြသည်။

စာတည်း-ML