မကွေးတိုင်း ၊ မြိုင်မြို့နယ်အတွင်း တမာမြေစစ်ဆင်ရေး အောင်ပွဲခံပြီးနောက် မြိုင် စက်မှု ၂ တွင် စစ်တပ်မှ အင်အား ဖြည့်တင်းထားကြောင်း သိရသည်။
မေလ ၂၃ ရက်၊ နံနက် ၅ နာရီ ၄၅ မိနစ်ခန့်တွင် မြိုင်မြို့နယ် ၊ သရက်ကန် ပျူစောထီးစခန်းကို တော် လှန်ရေးတပ်ဖွဲ့များက သိမ်းပိုက်ခဲ့ပြီးနောက် ယင်းနေ့ မွန်းလွဲ ၃ နာရီခန့်၌ မြိုင်မြို့နယ် ၊ စက်မှု ၂ ခေါ် (တပ်မတော်အကြီးစားစက်ရုံ-တစက ၃)သို့ ပခုက္ကူတပ်မ ၁၀၁ မှ အင်အား ၁၀၀ ခန့်နှင့် စစ်လက် နက်များအား MI 17 ရဟတ်ယာဉ် ၃ စင်းဖြင့် ပို့ဆောင်ခဲ့ကြောင်း အညာမြေတပ်ပေါင်းစုထံက သိရ သည်။
“တွင်းမပျူရွာကနေ ဘာလှုပ်ရှားမှုမှ မရှိဘူးနော်။ တွင်းမပျူရွာကနေ လှုပ်ရှားမှု မရှိဘဲနဲ့ မြိုင် စက်မှု ၂ မှာ လှုပ်ရှားမှုတွေ ပြုလုပ်နေတာပေါ့။ ခွေးအင်အား ၁၀၀ လောက်ထပ်ဖြည့်တယ်။ ပြီးတော့ ကျ တော့ အဲဒီထဲကနေမှ ဒရုန်းတွေ ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာမျိုးတွေ လုပ်နေတယ်ပေါ့။ သရက် ကန် ပျူရွာကို သိမ်းပြီးတဲ့နောက်ပိုင်းမှာ ကျနော်တို့ လက်ဝယ်သိမ်းဆည်းထားပါတယ်နော်”ဟု အ ညာမြေတပ်ပေါင်းစုမှ တာဝန်ရှိသူတစ်ဦးက MPA သို့ပြောသည်။
မေလ ၂၄ ရက်နေ့ နံနက်ပိုင်းတွင် မြိုင် စက်မှု ၂ မှ စစ်ကြောင်းထွက်လာပြီး စက်မှု ၂ ၏ တောင်ဘက် ရှိ ကျေးရွာအချို့သို့ ဝင်ရောက်ခဲ့ကြောင်း သိရသည်။
” စက်မှု ၂ မှာ အရင်ကတော့ ကျနော်တို့ကတော့ ခန့်မှန်းအင်အား ၈၀ လောက်တော့ ခန့်မှန်းတာ ပေါ့။ များချင်လည်း များသွားနိုင်တယ်။ နည်းချင်လည်း နည်းသွားနိုင်တယ်။ မေလ ၂၄ ရက်နေ့က စက်မှုစစ်ကြောင်းထွက်တာကလေ တအားကြီးတော့ ဘာမှတော့ မွှေနှောက်တာမျိုးတော့ မလုပ်ပါ ဘူး။ စစ်ကြောင်းထွက်ရုံပါပဲ”ဟု ၎င်းကဆက်လက်ပြောသည်။
သရက်ကန်ရွာသည် မြိုင်မြို့၏ အနောက်တောင်ဘက်ခြမ်းတွင် တည်ရှိပြီး မြို့နှင့် ၁၃ မိုင်ခန့်ဝေးကာ တွင်းမပျူရွာနှင့် ၅ မိုင်ခန့်သာ ဝေးသည်။
သရက်ကန်ပျူရွာကို တမာမြေစစ်ဆင်ရေးအဖြစ် မေလ ၂၂ ရက် နံနက် ၅ နာရီခန့်တွင် စတင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ယင်းတိုက်ပွဲမှ ကာဘိုင်သေနတ် ၁၁ လက် ၊ ၁၂ဗို့ ၆လက် ၊ လက်လုပ် သေနတ် တစ်လက် နှင့် ခဲယမ်းအချို့ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
