ငါ့သရောက်‌တွင် ရိက္ခာရှာထွက်လာသည့် စစ်သားတစ်ဦးကို လက်နက်နှင့်တကွ အရှင်ဖမ်းမိ

ဓာတ်ပုံ - Earthquake People's Defence Force
ဖမ်းဆီးရမိခဲ့သည့် စစ်သား။

မန္တလေးတိုင်း၊ ငါ့သရောက်မြို့နယ်တွင် ရိက္ခာရှာထွက်လာသည့် စစ်သားတစ်ဦးကို လက်နက်နှင့်တကွ အရှင်ဖမ်းမိကြောင်းသိရသည်။

ညောင်ဦးမြို့နယ်မှ ငါ့သရောက်မြို့နယ်အတွင်း စစ်ကြောင်းထိုးလှုပ်ရှားနေသော စစ်ကြောင်းမှ စစ်သားတစ်ဦးကို ရှေ့တန်းရဲဘော်များက မေလ ၂၆ရက်တွင် အရှင်ဖမ်းမိခဲ့ခြင်းဖြစ်ကြောင်း Earthquake People’s Defence Force အဖွဲ့က သတင်းထုတ်ပြန်သည်။

” ငါ့သရောက်မြို့နယ်တစ်နေရာမှာ ရိက္ခာရှာဖို့ထွက်လာတုန်း ရဲဘော်တွေနဲ့ တွေ့ပြီး ဖမ်းဆီးရမိခဲ့တာ ပါဗျ။ စစ်ကြောင်းနဲ့ကွဲထွက်လာတာမျိုးပါ” Earthquake People’s Defence Force အဖွဲ့မှ တာဝန်ရှိ သူတစ်ဦးက MPA သို့ပြောသည်။

ယင်းတပ်သားထံမှ MA 1 သေနတ် တစ်လက်၊ ကျည် ၁၀၀၊ ကျည်ဘောက် ၄ခုနှင့် ၆၀မမ တစ်ဖူးတို့ သိမ်းဆည်းရရှိခဲ့ကြောင်းသိရသည်။

” စစ်ဆေးစရာရှိတာ‌စစ်ဆေးနေတုန်းပါဗျ ။ သူ့ရဲ့ပြစ်မှုပေါ်မူတည်ပြီး ဆက်လက် လုပ်ဆောင် သွားမှာပါ” ဟု ၎င်းက ဆက်လက်ပြောသည်။

ယင်းဖမ်းဆီးမှုကို Earthquake People’s Defense Force၊ ပခုက္ကူခရိုင် Localတပ်ရင်း(PDLB)၊ 21Bagan-People Defense Force ၊ Bagan Garuda Force ၊ ဒေါင်းရင်သွေးပျောက်ကျားတပ်ဖွဲ့-DYTနှင့် Badassess Burma Force အဖွဲ့တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

စာတည်း-ML