ဒီးမော့ဆိုမြို့နယ် အောင်ချမ်းသာရွာကို စစ်တပ် မီးရှို့ပြီး KNDF လက်ချက်ဟု သတင်းအမှားဖြန့်

ကရင်နီပြည်နယ်တွင် KNDF က ငွေတောင်ဆည်အောက်ဘက်ရှိ အောင်ချမ်းသာရွာကို မီးရှို့ပြီး ထွက်ပြေး ဟုဆိုသည့် သတင်းအမှား စစ်ကော်မရှင်ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များတွင် ပျံ့နှံ့လျက်ရှိသည်။

“Nwaymaung News” နှင့် “Snow Queen”တယ်လီဂရမ်ချန်နယ်က မတ် ၂၉ ရက် နေ့လည် ၃ နာရီ ၄၃ မိနစ်တွင် စစ်တပ်၏ နယ်မြေရှင်းစစ်ကြောင်းများ လိုက်မလာနိုင်စေရန် ငွေတောင်ဆည်အောက်ဘက်ရှိ ဘုရားငုတ်တိုရွာကို KNDF အဖွဲ့များက မီးရှို့ဖျက်ဆီးကာ ထွက်ပြေးသွားကြောင်း ရုပ်သံဖိုင်နှင့်တကွ ဖြန့်ဝေထားသည်။

Nwaymaung News – https://archive.ph/2XaDa
Snow Queen – https://archive.ph/Iw9hh

အထက်တွင် ပျံ့နှံ့နေသော အကြောင်းအရာများနှင့် ပတ်သက်၍ Myanmar Fact-Checking Network ၏ အဖွဲ့ဝင်ဖြစ်သော MPA က အချက်အလက် စစ်ဆေးကြည့်ရာ သတင်းအမှားဖြစ်ကြောင်း တွေ့ရှိသည်။

သတင်းစိစစ်ချက်

တယ်လီဂရမ်တွင် ပျံ့နှံ့နေသော ရုပ်သံကို InVID Video Tools ဖြင့် စစ်ဆေးပြီး ရရှိလာသော Keyframe ကို Google Lens ဖြင့် ထပ်မံစစ်ဆေးကြည့်ရာ “မောင်း” သတင်းမီဒီယာက ဖော်ပြထားသော ရုပ်သံဖိုင်နှင့် ထပ်တူညီနေသည်။

မောင်း တွင် မတ်လ ၂၈ ရက်က ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် အောင်ချမ်းသာရွာကို စစ်တပ်က မီးရှို့ ဖျက်ဆီးခဲ့ကြောင်း၊ နေအိမ်များနှင့် ဘုန်းကြီးကျောင်းပါ မချန် မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ ဒေသခံရွာ သား များမှာ စစ်ကြောင်းထိုးလာ၍ ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဖော်ပြထားသည်။

အပြည့်အစုံကြည့်ရန် >>> https://bitly.cx/MKHN9

ထပ်မံအတည်ပြုနိုင်ရန် Google တွင် “ ဒီးမော့ဆို အောင်ချမ်းသာရွာ စစ်တပ် မီးရှို့ဖျက်ဆီး” ဆိုသည့် စကားလုံးဖြင့် ရှာဖွေကြည့်ရာ “People’s Spring, Karenni People’s Voice” မီဒီယာတို့က ရုပ်သံဖိုင် နှင့်တကွ ရေးသားထားသည်။

သတင်းမီဒီယာများတွင် မတ်လ ၂၈ ရက် နေ့လည် ၁ နာရီခန့်တွင် ဒီးမော့ဆိုမြို့နယ်ရှိ အောင်ချမ်းသာရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ်အချို့နှင့် ဘုန်းကြီးကျောင်းပါ မီးလောင်ပျက်စီးခဲ့ကြောင်း၊ စစ်တပ် ဘက်က မြင်ကွင်းရှင်းရန် မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

အပြည့်အစုံကြည့်ရန် >>>
People’s Spring – https://bitly.cx/t9q1O
Karenni People’s Voice – https://bitly.cx/4Tt9

သုံးသပ်ချက်

သတင်းမီဒီယာများတွင် ဒီးမော့ဆိုမြို့နယ်ရှိ အောင်ချမ်းသာရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ရာ နေအိမ်အချို့နှင့် ဘုန်းကြီးကျောင်း မီးလောင်ပျက်စီးခဲ့ကြောင်း ဖော်ပြထားသည်။ စစ်တပ်အနေဖြင့် မြင်ကွင်းရှင်းရန် မီးရှို့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

ထို့ကြောင့် စစ်တပ်လော်ဘီတယ်လီဂရမ်ချန်နယ်တွင် ဖော်ပြထားသော “KNDF အဖွဲ့က ရွာမီးရှို့ပြီး ထွက်ပြေး” ဆိုသည့် အကြောင်းအရာသည် သတင်းအမှားဖြစ်သည်။

ဆိုရှယ်မီဒီယာများတွင် ပျံ့နှံ့နေသောအကြောင်းအရာများအား သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်း အဆင့်ဆင့် အတည်ပြုဖော်ပြနေသော သတင်းမီဒီယာများ၌ ရှာဖွေဖတ်ရှုသင့်သည်။

Editor – Wazza