၂၀၂၆ ကမ္ဘာဖလားပွဲကြီးရဲ့ အုပ်စုအဖွင့်ပွဲစဉ်တွေ ပြီးဆုံးဖို့ အတော်လေးနီးကပ်လာပါပြီ။ ဒီနေ့ ညနက်ပိုင်းနဲ့ မနက်အစောပိုင်းတွေမှာ အုပ်စု I နဲ့ J က နာမည်ကြီး ပြင်သစ်၊ အာဂျင်တီးနားတို့အပါအဝင် နော်ဝေနဲ့ ဩစတြီးယားတို့ ကိုယ်စီ ဂိုးပြတ်အနိုင်ယူနိုင်ခဲ့ကြပြီဖြစ်ပါတယ်။ အဲဒီပွဲစဉ်တွေကတော့ ထင်မှတ်ထားတာတွေပဲ ဖြစ်ခဲ့သလို MPA က ခန့်မှန်ထားချက်တွေအတိုင်း ဖြစ်ခဲ့တာဆိုရင်လည်း မမှားပါဘူး။
ဒီနေ့နဲ့ မနက်ဖြန် ဇွန် ၁၈ ရက် အစောပိုင်းတွေမှာတော့ အုပ်စုအဖွင်ပွဲအတွက် နောက်ဆုံးပိတ်ပွဲတွေကို ကစားတော့မှာဖြစ်ပါတယ်။ အဲဒီပွဲစဉ်တွေကတော့ ဗိုလ်ဆွဲနိုင်ခြေ တတိယအဆင့်ရှိတဲ့ ခရစ်စတီယာနို ရော်နယ်ဒိုရဲ့ ပေါ်တူဂီနဲ့ ကွန်ဂို DR နဲ့ ဘောလုံးဘိုးအေကြီး အင်္ဂလန်နဲ့ ခရိုအေးရှားပွဲစဉ်တွေအပါအဝင် ဂါနာနဲ့ ပနားမား၊ ဥဇဘက်ကစ္စတန်နဲ့ ကိုလံဘီယာအသင်းတို့ ယှဉ်ပြိုင်သွားကြဖို့ ရှိနေပါတယ်။
ဒီပွဲစဉ်တွေရဲ့ ခန့်မှန်းတွေကို တင်ဆက်ပေးသွားမှာဖြစ်ပါတယ်။
(၁) ပေါ်တူဂီ နှင့် ကွန်ဂို DR ပွဲစဉ် (ဇွန်လ ၁၇ ရက်၊ မြန်မာစံတော်ချိန် ည ၁၁ နာရီခွဲ)
ဇွန်လ ၁၇ ရက်နေ့ရဲ့ နောက်ဆုံးပွဲကြီးပွဲကောင်းကတော့ ကမ္ဘာ့ဘောလုံးပရိသတ်တွေ အမျှော်လင့်ဆုံးဖြစ်တဲ့ စူပါစတား ခရစ္စတီယာနို ရော်နယ်ဒိုရဲ့ ပေါ်တူဂီအသင်း ပွဲစဉ်ပဲ ဖြစ်ပါတယ်။
ပေါ်တူဂီရဲ့ ဂန္ထဝင်တိုက်စစ်မှူးကြီး ရော်နယ်ဒိုဟာ သူ့ရဲ့ ကစားသမားဘဝ ကမ္ဘာ့ဖလားပြိုင်ပွဲကို ၆ ကြိမ်မြောက်အဖြစ် စံချိန်တင် ပွဲထွက်ကစားဖို့ ရှိနေတာပါ။ ကိုလံဘီယာ၊ ဥဇဘက်ကစ္စတန်တို့ ပါဝင်နေတဲ့ အုပ်စု (K) မှာ ပေါ်တူဂီနဲ့ ကွန်ဂို DR တို့ဟာ ရှုံးထွက် ၁၆ သင်းအဆင့်ကို လုံလုံခြုံခြုံ တက်ရောက်နိုင်ဖို့အတွက် သူတို့ရဲ့ အဖွင့်ပွဲစဉ်အဖြစ် NRG အားကစားကွင်းမှာ စတင် အားပြိုင်ကြမှာ ဖြစ်ပါတယ်။
နည်းပြ ရော်ဘတ်တို မာတီနက်ဇ်ရဲ့ ပေါ်တူဂီအသင်းဟာလည်း ပြင်သစ်၊ အာဂျင်တီးနားတို့နည်းတူ ဒီနှစ်ကမ္ဘာ့ဖလားရဲ့ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံးအသင်းတွေထဲက တစ်သင်းဖြစ်လို့ အဖွင့်ပွဲမှာ ၃ မှတ်အပြည့် ရယူဖို့ ရှင်းရှင်းလင်းလင်း မျှော်မှန်းထားပါတယ်။
တစ်ဖက်က ကွန်ဂို DR အသင်းကတော့ ကမ္ဘာ့ဖလားပြိုင်ပွဲ သမိုင်းတစ်လျှောက် ဒုတိယအကြိမ်မြောက်သာ လာရောက်ယှဉ်ပြိုင်ခွင့်ရတာဖြစ်ပြီး၊ ဒါဟာ နှစ်ပေါင်း ၅၂ နှစ်တိုင်တိုင် ရှည်လျားစွာ ဝေးကွာနေခဲ့ပြီးမှ ကမ္ဘာ့ဖလား စင်မြင့်ထက်ကို သမိုင်းဝင် ပြန်လည်ရောက်ရှိလာတာ ဖြစ်ပါတယ်။
အသင်းနှစ်သင်းရဲ့ လက်ရှိခြေစွမ်းအရ ပေါ်တူဂီက ကမ္ဘာ့ဖလားမတိုင်ခင် ခြေစမ်းပွဲတွေမှာ ချီလီကို (၂-၁)၊ နိုင်ဂျီးရီးယားကို (၂-၁) နဲ့ အသီးသီးအနိုင်ရရှိခဲ့ပြီး ခြေစွမ်းပြနေပါတယ်။ ဒါ့အပြင် သူတို့ဟာ ကမ္ဘာ့ဖလားခြေစစ်ပွဲ ၆ ပွဲမှာတင် သွင်းဂိုး ၂၀ အထိ သွင်းယူနိုင်ခဲ့တဲ့ တိုက်စစ်အင်အား ရှိနေသလို၊ အာမေးနီးယားအသင်းကိုလည်း ၉-၁ ဆိုတဲ့ ရလဒ်နဲ့ ဂိုးပြတ်ခြေမှုန်းခဲ့ဖူးတဲ့အထိ တိုက်စစ်က ကြောက်စရာ ကောင်းလှပါတယ်။
ကွန်ဂို DR အသင်းကတော့ ခံစစ်ပိုင်း စည်းကမ်းစနစ်ကျတဲ့ အသင်းဖြစ်ပြီး ခြေစစ်ပွဲတုန်းက ကင်မရွန်းကို ၁-၀၊ ဂျမေကာကို ၁-၀ နဲ့ ကပ်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ နောက်ဆုံးကစားခဲ့တဲ့ ခြေစမ်းပွဲတွေမှာတော့ ဒိန်းမတ်နဲ့ ၀-၀ သရေကျခဲ့ပြီး၊ ချီလီကို ၂-၁၊ အယ်လ်ဂျီးရီးယားကို ၁-၀ နဲ့ ရှုံးနိမ့်ခဲ့လို့ တိုက်စစ်ပိုင်း ဂိုးသွင်းနှုန်း သိသိသာသာ အားနည်းနေတာကို တွေ့ရပါတယ်။
ဒီပွဲမှာ အသက် ၄၁ နှစ်အရွယ် ရှိပြီဖြစ်တဲ့ ခရစ္စတီယာနို ရော်နယ်ဒိုကပဲ အထောင်တိုက်စစ်ကို ဦးဆောင်လာမှာဖြစ်ပြီး၊ သူ့ရဲ့နောက်မှာ ဘရူနို ဖာနန်ဒက်စ်၊ ဘာနာဒို ဆေးလ်ဗား၊ ဗစ်တင်ညာ၊ ဂျာအို နီဗက်စ်၊ ရာဖေးလ် လီယွန်တို့လို ကမ္ဘာ့အဆင့် ကွင်းလယ်နဲ့ တောင်ပံတွေက ပံ့ပိုးပေးမှာဖြစ်လို့ ပေါ်တူဂီက လူစုံတက်စုံ အင်အားအပြည့် ရှိနေပါတယ်။
တစ်ဖက်က ကွန်ဂို DR ကတော့ ခံစစ်ပိုင်းက ဝါရင့်နောက်ခံလူ ချန်ဆယ် အမ်ဘမ်ဘာနဲ့ ပရီမီးယားလိဂ်အတွေ့အကြုံရှိတဲ့ အာရွန် ဝမ်-ဘစ်ဆာကာ တို့ဦးဆောင်တဲ့ နောက်တန်းနဲ့ ပေါ်တူဂီရဲ့ တောင်ပံတိုက်စစ်ကို အစွမ်းကုန် ထိန်းချုပ်ဖို့ ကြိုးစားလာမှာ ဖြစ်ပါတယ်။
နည်းဗျူဟာပိုင်းအရ ပေါ်တူဂီအသင်းက High-press ကစားပြီး ကွင်းလယ်က ဘရူနိုနဲ့ ဘာနာဒိုဆေးလ်ဗားတို့က ပွဲကို စိတ်ကြိုက် ထိန်းချုပ်ပါလိမ့်မယ်။ တစ်ဖက်မှာလည်း ကွန်ဂို DR အသင်းဟာ ခံစစ်ကိုပဲ အခိုင်အမာ ပိတ်ဆို့ကစားတဲ့ စနစ်ကို သုံးမှာဖြစ်ပြီး ယူအန်း ဝစ္ဆာတို့ရဲ့ လျင်မြန်တဲ့ ဝေဟင်တန်ပြန်တိုက်စစ်ကိုပဲ အားကိုးလာရမှာပါ။
ဒီပွဲအတွက် ခန့်မှန်းရလဒ်အနေနဲ့ ပေါ်တူဂီရဲ့ လူအင်အား သာလွန်မှုကြောင့် ပေါ်တူဂီ ၃ – ၁ ကွန်ဂို DR (သို့မဟုတ်) အသင်းကြီးတို့ရဲ့ ထိန်းကစားတတ်မှုအရ ပေါ်တူဂီ ၂ – ၀ ကွန်ဂို DR ဆိုတဲ့ နှစ်ဂိုးပြတ် ရလဒ်မျိုးတွေ ထွက်ပေါ်လာနိုင်တယ်လို့ သုံးသပ်လိုက်ချင်ပါတယ်။
(၂) အင်္ဂလန် – ခရိုအေးရှား(ဇွန် ၁၈၊ မြန်မာစံတော်ချိန် မနက် ၂ နာရီခွဲ)
ဟယ်ရီကိန်းဦးဆောင်တဲ့ အင်္ဂလန်အသင်းဟာ ဗိုလ်စွဲဖို့ ရေပန်းစားမှုထဲမှာ ပါဝင်နေသလို ကစားသမားကောင်းတွေအပြင် ဒေါ့မွန်၊ ချယ်ဆီးနဲ့ PSG တို့ရဲ့ နည်းပြဟောင်း သောမက်စ်တူချယ်တို့နဲ့ အင်တိုက်အားတိုက် ပွဲထွက်လာဖို့ရှိနေပါတယ်။
အသင်းမှာ ဒဏ်ရာရ ကစားသမားကင်းစင်နေသလို တူချယ်စိတ်ကြိုက်ရွေးချယ်ထားတဲ့ ထိပ်တန်းကစားသမားတွေနဲ့ ခရိုအေးရှားကို ချေမှုန်းဖို့ ကြိုးစားလာဖို့ရှိနေပါတယ်။
နောက်ဆုံးခြောက်ပွဲတွေ့ဆုံမှုမှာလည်း အဓိကပြိုင်ပွဲတွေမှာ အင်္ဂလန်က ၅ ကြိမ်အထိ အပြတ်အသတ်အနိုင်ရထားပြီး ၂၀၁၈ ကမ္ဘာ့ဖလားတုန်းက တစ်ပွဲပဲ သရေကျထားပါတယ်။
တစ်ဖက်က ခရိုအေးရှားကလည်း မိုဒရစ်၊ ပါရီဆစ်တို့လို သက်ကြီးကစားသမားတွေနဲ့ ပွဲထွက်လာဖို့ရှိနေတာကြောင့် အင်္ဂလန်က ဟယ်ရီကိန်း၊ ရိုက်စ်၊ ဆာကာ၊ ဂေါ်ဒွန်တို့လို ကစားသမားတွေကို တားဆီးဖို့ ခက်ခဲနိုင်ပါတယ်။
ကျွမ်းကျင်သူတွေကတော့ ကမ္ဘာ့ဖလား အုပ်စု (L) အဖွင့်ပွဲစဉ်မှာ အင်္ဂလန်ကပဲ ဗျူဟာမြောက် ကစားကွက်နဲ့အတူ ထိန်းချုပ်ကစားပြီး ကပ်နိုင်သွားလိမ့်မယ်လို့ ခန့်မှန်းထားကြပါတယ်။ သုံးသပ်ချက်အများစုအရ အင်္ဂလန်အသင်းက ၁-၀ သို့မဟုတ် ၂-၀ ရလဒ်နဲ့ အနိုင်ရရှိဖို့ ရေပန်းစားနေပါတယ်။
ဒါဟာ နည်းပြ သောမတ်စ် တူချယ်ရဲ့ လက်တွေ့ကျကျ ကစားတတ်တဲ့ ပုံစံ၊ တစ်ပွဲချင်းချဉ်းကပ်တတ်တဲ့ အကျင့်နဲ့ အင်္ဂလန်အသင်းရဲ့ ကျောက်ဆောင်လို ခိုင်မာလှတဲ့ ခံစစ်စွမ်းဆောင်ရည်အပေါ် အခြေခံထားတာကြောင့်ဖြစ်ပါတယ်။ အင်္ဂလန်အသင်းဟာ ကမ္ဘာ့ဖလား ခြေစစ်ပွဲအောင်မြင်ခဲ့စဉ်က ပေးဂိုးတစ်ဂိုးမှ မရှိဘဲ စံချိန်တင် ခြေစစ်ပွဲအောင်ခဲ့တဲ့ အသင်းလည်း ဖြစ်ပါတယ်။
အင်္ဂလန်နိုင်ဖို့ အဓိကအချက် ၃ ချက်ရှိနေတာတွေ့ရပါတယ်။ အဲဒီထဲက ပထမဆုံးအချက်ကတော့ ကမ္ဘာ့ဖလားပြိုင်ပွဲ မရောက်ခင် ပြိုင်ပွဲစုံ ၁၀ ပွဲဆက်တိုက် ပေးဂိုး လုံးဝမရှိဘဲ အနိုင်ရရှိထားတဲ့စံချိန်ကို ပိုင်ဆိုင်ထားပါတယ်။ တစ်ဖက်က ခရိုအေးရှားအသင်းကတော့ ခံစစ်ပိုင်း အားနည်းချက်တွေရှိနေတာတွေ့ရပြီး နောက်ဆုံး ၆ ပွဲမှာ ပေးဂိုး ၁၀ ဂိုးအထိ ရှိထားပါတယ်။
ခရိုအေးရှားအသင်းရဲ့ ဘော်လွန်းဒီအော်ပိုင်ရှင် ကွင်းလယ်လူ လူကာ မိုဒရစ်ဟာ တစ်ဦးချင်းစွမ်းဆောင်ရည် ထူးချွန်တဲ့ ကမ္ဘာ့အဆင့် ကစားသမားတစ်ဦး ဖြစ်ပေမဲ့ လက်ရှိ အသက် ၄၀ အရွယ်မှာ ပွဲကစားနှုန်းကို စိတ်ကြိုက်ထိန်းချုပ်နိုင်ဖို့ အလွန် ခက်ခဲနိုင်ပါတယ်။ အင်္ဂလန်အသင်းရဲ့ ငယ်ရွယ်ပြီး ခွန်အားပြည့်ဝတဲ့ ကွင်းလယ်အဖျက်ကစားကွက်အောက်မှာ မိုဒရစ် ရုန်းကန်ရဖွယ် ရှိပါတယ်။
အခုပွဲဟာ ကမ္ဘာ့ဖလား အဖွင့်ပွဲစဉ်ဖြစ်တာကြောင့် နှစ်သင်းစလုံးက သတိကြီးကြီး ချဉ်းကပ်ကစားကြပါလိမ့်မယ်။ အင်္ဂလန်အသင်းက ဘောလုံးပိုင်ဆိုင်မှု အသာစီးယူကာ ခရိုအေးရှားရဲ့ အနိမ့်ခံစစ် (Low-block) ကို ဖောက်ထွက်ဖို့ ကြိုးစားမယ့် အနေအထားရှိနေပါတယ်။ ဒါကြောင့် ဒီပွဲစဉ်ဟာ စုစုပေါင်းသွင်းဂိုး ၂ ဂိုးနဲ့ အောက်မှာပဲ ရှိနိုင်တဲ့ ပွဲမျိုး ဖြစ်လာနိုင်ပါတယ်။
ခြုံငုံသုံးသပ်ရရင်တော့ နည်းပြ သောမတ်စ် တူချယ်ရဲ့ စနစ်ကျတဲ့ ခံစစ်ဗျူဟာနဲ့ အင်္ဂလန်ကစားသမားငယ်တွေရဲ့ တက်ကြွမှုတွေကြောင့် ခရိုအေးရှားကို ကောင်းကောင်းထိန်းချုပ်ပြီး ဂိုးမပေးရဘဲ ကပ်နိုင်သွားမယ့် ပွဲစဉ်တစ်ခု ဖြစ်လာနိုင်ပါတယ်။
(၃) ဂါနာ-ပနားမား (ဇွန် ၁၈၊ မြန်မာစံတော်ချိန် မနက် ၅ နာရီခွဲ)
အင်္ဂလန်နဲ့ ခရိုအေးရှားတို့လို အသင်းကြီးတွေ ပါဝင်နေတဲ့ ၂၀၂၆ ကမ္ဘာ့ဖလား အုပ်စု (L) ထဲမှာ အားအနည်းဆုံးလို့ သတ်မှတ်ခံထားရတဲ့ ဂါနာနဲ့ ပနားမားအသင်းတို့ရဲ့ အဖွင့်ပွဲစဉ်ဟာ နှစ်သင်းစလုံးအတွက် နောက်တစ်ဆင့်တက်ဖို့ မျှော်လင့်ချက် ရှင်သန်ရေး သေရေးရှင်ရေးတမျှ အရေးကြီးတဲ့ ပွဲစဉ်တစ်ပွဲ ဖြစ်လာဖို့ ရှိနေပါတယ်။ ဘောလုံးကျွမ်းကျင်သူတွေနဲ့ ဒိုင်ကြေးတွေရဲ့ ခန့်မှန်းချက်အရ ဒီပွဲဟာ သွင်းဂိုးနည်းပြီး အကျပ်ရိုက်မယ့် ပွဲမျိုးလို့ ဆိုထားကြပါတယ်။ ဂါနာအသင်းက ၁-၀ နဲ့ ကပ်နိုင်သွားနိုင်သလို ၁-၁ သရေရလဒ်လည်း ထွက်ပေါ်သွားနိုင်ကြောင်း သုံးသပ်ထားကြပါတယ်။
လူစာရင်းစုဖွဲ့မှုနဲ့ သမိုင်းကြောင်းအရ ဂါနာက အသာရနေပေမဲ့ ပွဲအခြေအနေကို အဆုံးအဖြတ်ပေးသွားမယ့်အချက်တွေက ရှိနေပါတယ်။ ဂါနာအသင်းဟာ လူစာရင်းနဲ့ တစ်ဦးချင်း စွမ်းဆောင်ရည်ပိုင်းမှာ ပနားမားထက် သာလွန်နေပါတယ်။ ဒီပွဲရဲ့ ရေပန်းစားအသင်းအဖြစ်လည်း ဂါနာက ရပ်တည်နေပါတယ်။ အထူးသဖြင့် တိုက်စစ်ပိုင်းမှာ ဝါရင့်တိုက်စစ်မှူး ဂျော်ဒန် အာယူးက ဦးဆောင်လာမှာပါ။ အင်္ဂလန်ပရီးမီးယားလိဂ်မှာ ခြေစွမ်းပြနေတဲ့ မန်စီးတီးကစားသမား အန်တွိုင်း ဆီမင်ယိုလို လျင်မြန်ဖျတ်လတ်တဲ့ တောင်ပံကစားသမားတွေကြောင့် တိုက်စစ်အရှိန်ကတော့ အားရစရာပါ။ ဒါပေမဲ့ စိုးရိမ်စရာကတော့ ဂါနာအသင်းဟာ ခံစစ်ပိုင်း အားနည်းချက်တွေ ရှိနေပြီး ကမ္ဘာ့ဖလားမတိုင်ခင် ကစားခဲ့တဲ့ ခြေစမ်းပွဲတွေမှာလည်း ရလဒ်ကောင်းဖို့ ရုန်းကန်ခဲ့ရတာပဲ ဖြစ်ပါတယ်။
တစ်ဖက်က ပနားမားအသင်းကတော့ နည်းပြ သောမတ်စ် ခရစ်စတီယန်ဆန်ရဲ့ လက်အောက်မှာ အလွန်စနစ်ကျပြီး စုဖွဲ့မှု ကျစ်လျစ်တဲ့ အသင်းတစ်သင်း ဖြစ်ပါတယ်။ သူတို့ဟာ များသောအားဖြင့် ၅-၄-၁ (သို့မဟုတ်) ၃-၄-၂-၁ ကစားကွက်နဲ့ နောက်တန်းနဲ့ ကွင်းလယ်ကို အခိုင်အမာတည်ပြီး ပြိုင်ဘက်ကို စိတ်ပျက်အောင် ကစားလေ့ရှိပါတယ်။ အသင်းကြီးတွေကို ယှဉ်ကစားနိုင်စွမ်းရှိကြောင်း သက်သေပြထားတဲ့ ပနားမားဟာ ဂါနာအသင်းဘက်က ခံစစ်မှာ ဟာကွက်တွေ ချန်ထားခဲ့မယ်ဆိုရင် အမှတ်ခိုးယူသွားနိုင်တဲ့ အန္တရာယ်အရှိဆုံး အသင်းလည်း ဖြစ်ပါတယ်။
ဂါနာအသင်းက စျေးကွက်မှာ အနည်းငယ် အသာရနေပေမဲ့ ပနားမားအသင်းရဲ့ ခံစစ်ကစားပုံကြောင့် ဒုက္ခရောက်နိုင်ပြီး ပနားမားအတွက် သရေ (သို့မဟုတ်) အနိုင် Double-chance စျေးကွက်က ပိုမိုဆွဲဆောင်မှု ရှိနေပါတယ်။ အဖွင့်ပွဲစဉ်ရဲ့ ဖိအားတွေကြောင့် နှစ်ဖက်စလုံးက ဗျူဟာမြောက် သတိကြီးကြီး ကစားကြမှာဖြစ်လို့ စုစုပေါင်းသွင်းဂိုး ၂ ဂိုးနဲ့အောက် (Under 2.5) သာ ရှိမယ့် ပွဲမျိုးလည်း ဖြစ်ပါတယ်။ လက်ရှိ ကလပ်အသင်းမှာ ဂိုးမြူးနေတဲ့ ဂါနာတောင်ပံကစားသမား အန်တွိုင်း ဆီမင်ယိုဟာ ဒီပွဲမှာ ဂိုးသွင်းယူနိုင်ခြေ အမြင့်ဆုံးသူအဖြစ် ရေပန်းစားနေပါတယ်။
ခြုံငုံသုံးသပ်ရရင်တော့ ဂါနာအသင်းရဲ့ တစ်ဦးချင်း အရည်အသွေးက သာလွန်နေတာမှန်ပေမဲ့ ပနားမားရဲ့ ကျစ်လျစ်တဲ့ ခံစစ်စနစ်ကြောင့် ဂါနာအနေနဲ့ အနိုင်ရဖို့ အကြိတ်အနယ် ကစားရမှာပါ။ ဒါကြောင့် ဂါနာအသင်းကပဲ သရေရလဒ်ကနေ ၁ ဂိုးအသာနဲ့ ကပ်နိုင်သွားမယ့် အနေအထားမျိုး ဖြစ်ပါတယ်။
ခန့်မှန်းဂိုးရလဒ် – ဂါနာ ၂ – ၁ ပနားမား၊ ဂါနာ ၁ – ၁ ပနားမား
(၄) ဥဇဘက်ကစ္စတန်နဲ့ ကိုလံဘီယာ (ဇွန် ၁၈၊ မြန်မာစံတော်ချိန် မနက် ၈ နာရီခွဲ)
၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ နောက်ဆုံးအာရှအသင်းတစ်သင်းအနေနဲ့ ပွဲထွက်လာမယ့် ဥဇဘက်ကစ္စတန်အသင်းဟာ မက္ကဆီကိုစီးတီးက နာမည်ကျော် အက်စတီကာ အားကစားကွင်းကြီး (Estadio Azteca) မှာ တောင်အမေရိကရဲ့ ထိပ်သီးအင်အားကြီး ကိုလံဘီယာအသင်းနဲ့ ရင်ဆိုင်ရတော့မှာ ဖြစ်ပါတယ်။ ၂၀၂၆ ကမ္ဘာ့ဖလားပွဲကြီးရဲ့ အုပ်စုအဖွင့်ပွဲအတွက် နောက်ဆုံးပွဲအဖြစ်လည်း သမိုင်းမှာရှိနေမှာပါ။
ဒီနှစ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အာရှအသင်းတွေ အဖွင့်ပွဲစဉ်တွေမှာ ရှုံးနိမ့်ခြင်းမရှိသေးတဲ့ စံချိန်ကောင်းလေးဟာ ဂျော်ဒန်အသင်း ရှုံးနိမ့်သွားခဲ့တာကြောင့် ပျက်ပြယ်သွားခဲ့ရပြီလည်း ဖြစ်ပါတယ်။ အခုပွဲစဉ်မှာတော့ ကျွမ်းကျင်သူတွေနဲ့ ဒိုင်ကြေးတွေရဲ့ အလိုအရ နိုင်ငံတကာအတွေ့အကြုံနဲ့ တိုက်စစ်အင်အားချင်း ကွာခြားချက်ကြီးမားလွန်းတာကြောင့် ကိုလံဘီယာအသင်းကပဲ ၂-၀ သို့မဟုတ် ၂-၁ ရလဒ်မျိုးနဲ့ အနိုင်ရရှိသွားဖို့ ရေပန်းစားနေပါတယ်။
ကိုလံဘီယာဘက်က အစအဆုံး စိုးမိုးခြယ်လှယ်သွားနိုင်ပါတယ်။ ဒါဟာ ဥဇဘက်ကစ္စတန်အသင်းရဲ့ သမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် ကမ္ဘာ့ဖလားပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရခြင်း ဖြစ်ပါတယ်။ နာမည်ကျော်နည်းပြ ဖေဘီယို ကန်နာဗာရို ကိုင်တွယ်နေတဲ့ ဥဇဘက်အသင်းဟာ အတွေ့အကြုံအားနည်းချက်ကြောင့် ၅-၄-၁ သို့မဟုတ် ၃-၄-၂-၁ ဆိုတဲ့ အလွန်ကျစ်လျစ်တဲ့ အနိမ့်ခံစစ် (Low-block) ဗျူဟာကို သုံးလာဖို့ ရှိနေပါတယ်။ သူတို့အနေနဲ့ အဓိကခြေစွမ်းပြနေတဲ့ မန်စီးတီးအသင်းရဲ့ ခံစစ်ကစားသမား အာဘူကိုဒီယာ ခူဆာနော့ဗ်နဲ့ တိုက်စစ်မှူး အယ်လ်ဒေါ ရှိုမူရိုဒေါ့ဗ်တို့ရဲ့ တန်ပြန်တိုက်စစ်အရှိန်အပေါ်မှာပဲ ပုံအောပြီး ကစားလာရမယ့် အနေအထားပါ။
တစ်ဖက်က ကိုလံဘီယာအသင်းမှာတော့ ဥရောပအဆင့်မီ ထိပ်တန်းကစားသမားတွေနဲ့ စုဖွဲ့ထားတာ ဖြစ်ပါတယ်။ အသင်းခေါင်းဆောင် ဂျိမ်းစ် ရိုဒရီဂွက်ဇ်က ကွင်းလယ်ကနေ ကစားကွက်ဖန်တီးပေးမှာဖြစ်ပြီး၊ ဘိုင်ယန်မြူးနစ် ကြယ်ပွင့် လူးဝစ် ဒီယက်ဇ်လို တောင်ပံတိုက်စစ်ကစားသမားတွေက အဓိက ဦးဆောင်တိုက်စစ်ဆင်သွားမှာ ဖြစ်ပါတယ်။ လှုပ်ရှားမှုမြန်ဆန်တဲ့ ကိုလံဘီယာရဲ့ အဆိုပါ တိုက်စစ်အင်အားဟာ ပွဲနှောင်းပိုင်း မက္ကဆီကိုစီးတီးရဲ့ မြေမြင့်လေထုဒဏ်ကြောင့် ဥဇဘက်ကစားသမားတွေ မောပန်းအားနည်းလာချိန်မှာတော့ ဥဇဘက်တို့ရဲ့ Low-block ကို ကောင်းကောင်းကြီး ဖောက်ထွက် ခြေမှုန်းသွားနိုင်ခြေ ရှိနေပါတယ်။
ကိုလံဘီယာအသင်းဟာ ပွဲနိုင်ဖို့ အရမ်းကို ရေပန်းစားနေပြီး ဒိုင်ကြေးတွေမှာ အနုတ်စျေး (-250 မှ -275 ဝန်းကျင်) အထိ ပေါက်နေပါတယ်။ သရေကျနိုင်ခြေကတော့ +380 ရှိပြီး ဥဇဘက်ကစ္စတန်က အံ့အားသင့်ဖွယ် အနိုင်ရသွားဖို့ဆိုရင်တော့ စျေးကွက်မှာ +700 ကနေ +850 အထိ အဆမတန် စျေးဖွင့်ထားတာ တွေ့ရပါတယ်။
ကမ္ဘာ့ဖလားအုပ်စုအဖွင့်ပွဲတွေရဲ့ ထုံးစံအတိုင်း နှစ်ဖက်စလုံး သတိထားကစားကြမှာဖြစ်လို့ ဥဇဘက်ရဲ့ ခံစစ်ပိတ်ကစားပုံကြောင့် စုစုပေါင်းသွင်းဂိုး ၂ ဂိုးနှင့်အောက်ကစားတာက ပိုပြီး စိတ်ချရတဲ့အမြင်အဖြစ် သုံးသပ်သူတွေက ရှုမြင်ထားကြပါတယ်။
အာရှအသင်းတွေရဲ့ အဖွင့်ပွဲစံချိန်ကောင်းလေးဟာ ပျက်သွားခဲ့ပြီဖြစ်သလို၊ အတွေ့အကြုံနဲ့ ကစားသမားအင်အားချင်း အရမ်းကွာခြားလွန်းတဲ့အတွက် ဒီပွဲမှာတော့ ကိုလံဘီယာအသင်းကပဲ ပွဲကို စိတ်ကြိုက်ထိန်းချုပ် ခြယ်လှယ်သွားပြီး၊ လူးဝစ်ဒီယက်ဇ်ရဲ့ ဦးဆောင်မှုနဲ့အတူ ၂-၀ လိုမျိုး ဂိုးပြတ်ရလဒ်နဲ့ အေးအေးလူလူ အနိုင်ရရှိသွားမယ့် ပွဲစဉ်တစ်ခု ဖြစ်ပါတယ်။
