မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်နေ ကြံ့ဖွံ့ပါတီဝင်တစ်ဦး၏ သားကို ပေါ်တာဆွဲကာ သိန်း၆၀နှင့် ပြန်ရွေးခိုင်းနေကြောင်း သိရသည်။
ဇွန်၂၃ရက်ညက ချမ်းမြသာစည်မြို့နယ်နေ ကြံ့ဖွံ့ပါတီဝင် အမျိုးသမီး၏ သားနှင့် သူငယ်ချင်းတို့ကို အဖွဲ့အစည်းတစ်ခုက ဖမ်းဆီးသွားပြီး ကျပ်သိန်း၆၀နှင့် ပြန်ရွေးခိုင်းကာ မရွေးလျှင် စစ်မှုထမ်းထဲ ပို့ မည်ဟု ခြိမ်းခြောက်ကြောင်း မန္တလေးမြို့ မဘသတစ်ဦးက ၎င်း၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာပေါ် ဖော် ပြထားသည်။
“ပညာမဲ့ဆင်းရဲသားတွေ စားဝတ်နေရေးအတွက်မနည်းရုန်းကန်နေရ၊ ဘယ်လိုသိန်း ၆၀ပေးနိုင်မှာ လဲ။မိဘတွေကတာဝန်ရှိသူတွေနဲ့ ချိတ်ဆက်ပြီး ချိန်းဆိုတဲ့နေရာကိုသွားတော့ အဲဒီပြန်ပေးအဖွဲ့က လူတွေက ဆိုင်ကယ်တွေနဲ့ထွက်ပြေးသွားကြတယ်။ညပိုင်းမှာသူတို့ကဖုန်းဆက်ပြီး ခြိမ်းခြောက် တယ်။ ဒီဘက်ကဖုန်းပြန်ခေါ်တော့ ဖုန်းခေါ်လို့မရတော့ဘူး”ဟု ၎င်းက ဆိုသည်။
ယင်းစာ ရေးသားထားသည့် မျိုးချစ်အကောင့်ပိုင်ရှင်မှာ မန္တလေးမဘသတစ်ဦးဖြစ်ပြီး ဖေ့စ်ဘွတ်ခ် အကောင့်သည်လည်း အစစ်ဖြစ်ကြောင်း သိရသည်။
“သူက မဘသဆိုတာ သိတယ်။သူတင်ထားတဲ့ ကြံ့ခိုင်ရေးပါတီဝင်သား ပေါ်တာဆွဲခံရတာတော့ မသိ ဘူး။ဒါပေမဲ့၊အခုလို တင်ထားတော့ မှန်မယ်လို့ ထင်တယ်”ဟု မန္တလေးမြို့ခံ လူမှုကူညီရေးသမားတစ် ဦးက MPAသို့ ပြောသည်။
သက်ဆိုင်ရာတာဝန်ရှိသူများ၊သက်ဆိုင်ရာပါတီနှင့် ပြည်သူ့အတွက်ဆိုသည့် အမတ်များ တာဝန်သိ ကြ၊ တာဝန်ယူကြ၊ရှက်တတ်ကြပါစေဟု မျိုးချစ်က ဆိုသည်။
“ကျနော်က မိမိပါတီကလူကြီးတွေဆီ တင်ပြအကူအညီတောင်းဖို့၊ ချမ်းမြသာစည်မြို့နယ်က လွှတ် တော်ရုံးကို သွားရောက်အကူအညီတောင်းဖို့၊ချမ်းမြသာစည်မြို့နယ်ထွေအုပ်ကို တင်ပြအကူအညီ တောင်းဖို့၊ရဲစခန်းမှာအမှုဖွင့်ဖို့တွေ ပြောပြလိုက်တယ်”ဟု ၎င်းက ဆက်လက်ပြောသည်။
မန္တလေးမြို့ပေါ်တွင် စစ်အုပ်စုဝင်တို့က ပြောင်ပြောင်တင်းတင်း ပေါ်တာဆွဲနေသည်မှာ ကြာပြီဖြစ် ကြောင်း လူမှုကူညီရေးသမားက ပြောသည်။
