မော်လမြိုင်လူငယ်အချို့ စစ်မှုထမ်းရန်ဘေးမှ ထွက်ပြေး

မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်တွင် စစ်မှုထမ်းဆင့်ခေါ်စာ ပေးပို့လာသဖြင့် လူငယ်အချို့ ထွက်ပြေး တိမ်းရှောင်နေကြပြီဖြစ်ကြောင်း သိရသည်။

မော်လမြိုင်မြို့နယ် ရပ်ကွက်နှင့်ကျေးရွာတို့၌ စစ်မှုထမ်းအကျုံးဝင်လူငယ်များကို ယခုရက် ပိုင်းအ တွင်း စစ်မှုထမ်းမှတ်ပုံတင်အမည်စာရင်းသွင်းရန် ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့များမှတစ်ဆင့် ဆင့် ခေါ်စာ ပေးပို့ခဲ့ပြီးနောက် အခြေခံလူတန်းစားလူငယ်များ တိမ်းရှောင်နေကြပြီဖြစ်ကြောင်း ဒေသခံအ ချို့ထံက သိရသည်။

“ရှောင်ကြတဲ့ စာရင်းအတိအကျတော့ ဘယ်သိမလဲ။ဒါပေမဲ့၊ အောက်ခြေလူတန်းစားလူငယ်တွေ ကတော့ ရှောင်ကြတာ သေချာတယ်။ သူတို့ကို စပြီးပစ်မှတ်ထားနိုင်တာကိုး။ တချို့လည်း အိမ်မှာ ညမအိပ်တော့ဘူး။တချို့ကျတော့ ကိုယ့်လမ်းကြောင်းနဲ့ကိုယ် လစ်ပြီလို့ သိရတယ်”ဟု မော်လမြိုင် မြို့ခံ လူမှုကူညီရေးသမားတစ်ဦးက MPAသို့ပြောသည်။

ငွေကြေးတတ်နိုင်သူများနှင့် ကျောင်းသားအများစုမှာမူ အခြေအနေကို စောင့်ကြည့်ကာ အထုပ်အပိုး ပြင်သူက ပြင်ထားကြကြောင်း သိရသည်။

“ငွေတတ်နိုင်တဲ့သူတွေကျတော့ ငွေနဲ့ရှင်းလို့ရမယ့်လမ်းကြောင်းပေါ့။ကျောင်းသားတွေကတော့ တ ထိတ်ထိတ်နဲ့ပေါ့။ကျောင်းသားတွေက ယာယီကင်းလွတ်ခွင့်ရမလားပေါ့လေ။မရရင်တော့ ပြေးကြမှာ ပေါ့”ဟု ၎င်းက ဆက်လက်ပြောသည်။

လက်ရှိတွင် မော်လမြိုင်မြို့နေ လူငယ်အများစုမှာ ပြည်ပနိုင်ငံများ၌ အလုပ်လုပ်ကိုင်နေကြသူများပြီး ကျန်နေကြသူများမှာ ပြည်ပထွက်ရန် အရင်းအနှီးမရှိသည့် အခြေခံလူတန်းစားများ၊ ကျောင်းသား များနှင့် ငွေကြေးပြည့်စုံသူများသာ ဖြစ်ကြောင်း သိရသည်။

“သူတို့အခု စစ်မှုထမ်းစာရွက်လိုက်ပေးတာ နိုင်ငံခြားရောက်နေတဲ့လူငယ်တွေအိမ်တွေလည်း ပါတော့ မိဘတွေက လန့်နေကြတယ်။လန့်တာတော့ စစ်မှုထမ်းစာရင်းဝင်တဲ့ မိသားစုတိုင်း လန့်ကြတာချည်း ပဲ”ဟု မော်လမြိုင်မြို့နေ ဆိုင်ကယ်တက္ကစီသမားတစ်ဦးက ပြောသည်။

စစ်မှုထမ်းမှတ်ပုံတင်စာရင်းသွင်းရန် ဆင့်ခေါ်စာတွင် ဇွန်လ၂၅ရက်၌ စာရင်းသွင်းကြရန်နှင့် ပျက် ကွက်ပါက စစ်မှုထမ်းဥပဒေအရ အရေးယူမည်ဟု ဖော်ပြထားသည်။

“လက်ရှိ စာရင်းသွားပေးတဲ့လူ တော်တော်နည်းပါတယ်။နိုင်ငံခြားရောက်နေတဲ့ကလေးတွေရဲ့ မိဘ တွေပဲ စာရင်းသွားပေးတာ များတယ်”ဟု မော်လမြိုင်မြို့ခံ လူမှုကူညီရေးသမားက ပြောသည်။

စစ်မှုထမ်းဆင့်ခေါ်စာကို လဝက ၌ရှိသော စာရင်းအတိုင်း ပေးပို့ခြင်းဖြစ်ကြောင်း သိရသည်။