ဒီပဲယင်းတွင် စစ်တပ်က လေကြောင်းဖြင့် ချပေးသည့် ရိက္ခာထုပ်များကို ဒေသခံ ပကဖများ သိမ်းဆည်းရရှိ

ဓာတ်ပုံ-ဒီပဲယင်း ပကဖ

By MPA

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်တွင် စစ်တပ်တပ်စွဲထားရာနေရာသို့ Y-8 ထောက်ပို့လေယာဉ်တစ်စင်းဖြင့် လာရောက်ချခဲ့ပေးသည့် ရိက္ခများကို ဒီပဲယင်းမြို့နယ် ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ယနေ့(ဇူလိုင် ၁ရက်)တွင် သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ရိက္ခာထုပ်များကို စစ်ကော်မရှင်တပ်က ၎င်းတို့၏ မြေပြင်တပ်ဖွဲ့များအတွက် ရည်ရွယ်ပြီး လေကြောင်းမှတစ်ဆင့် လာရောက်ချပေးခဲ့ခြင်းဖြစ်သော်လည်း မြေပြင်တွင် နယ်မြေစိုးမိုးမှုရယူထားသည့် ဒီပဲယင်းပကဖ ရဲဘော်များက အချိန်မီ ကြားဖြတ်သိမ်းယူနိုင်ခဲ့ခြင်းဖြစ်သည်။

ယခုကဲ့သို့ စစ်ကော်မရှင်၏ ထောက်ပို့ရိက္ခာများကို ကြားဖြတ်သိမ်းဆည်းရမိမှုကြောင့် မြေပြင်ရှိ စစ်ကော်မရှင်စစ်ကြောင်းများအတွက် ရိက္ခာနှင့် အင်အား ပြတ်တောက်မှုများ ပိုမိုကြုံတွေ့ရနိုင်ပြီး၊ ဒေသခံ တော်လှန်ရေးတပ်ဖွဲ့များအတွက်မူ ရိက္ခာနှင့် ထောက်ပံ့ရေးကဏ္ဍတွင် တစ်ဖက်တစ်လမ်းမှ အင်အားဖြစ်စေကြောင်း သိရသည်။