ဗဟန်းရဲစခန်း လက်ပစ်ဗုံးပစ်ခံရသော်လည်း ပေါက်ကွဲမှု မရှိဟု စစ်တပ်လော်ဘီများ ဖုံးကွယ်၍ သတင်းအတု ဖြန့်

ရန်ကုန်မြို့ရှိ ဗဟန်းရဲစခန်းကို မြို့ပြပျောက်ကျားတို့က လက်ပစ်ဗုံးဖြင့် ပစ်ခတ်ခဲ့သော်လည်း ပေါက်ကွဲမှုမရှိ ကြောင်း စစ်တပ်လော်ဘီများ ဖုံးကွယ်နေကြပြီး ယင်းသတင်းဖြစ်စဉ်သည် အတုဖြစ်ကြောင်း ဖြန့်ဝေနေလျက် ရှိသည်။

သတင်းအချက်အလက်စစ်ဆေးသောအဖွဲ့ကဲ့သို့ ဟန်ဆောင်၍ သတင်းအတု၊ သတင်းအမှားများကို ဖြန့်ဝေနေ သော “FACT CHECK” အမည်ဟု တယ်လီဂရမ်ချန်နယ်က ၂၀၂၅ စက်တင်ဘာ ၃၀ရက် နံနက်ပိုင်းတွင် စက် တင်ဘာလ ၂၈ ရက် ညပိုင်းတွင် ဗဟန်းမြိုနယ်ရဲစခန်း၌ မည်သည့်ပေါက်ကွဲမှုမှ မရှိကြောင်း ရေးသား၍ Hlaing info ဖေ့ဘွတ်ခ်ပေ့ချ်က တင်ထားသော သတင်းကို Screenshot ရိုက်၍ ဖြန့်ဝေထားခြင်းဖြစ်သည်။

သတင်းအတု ဖြန့်ဝေထားသော မူရင်းလင့်ခ် – https://archive.ph/UuZmm

ထိုသို့ ဖြန့်ဝေထားသောအကြောင်းအရာကို အခြားသောစစ်တပ်ထောက်ခံသော တယ်လီဂရမ်ချန်နယ်များက ကူးယူဖြန့်ဝေခဲ့ကြသဖြင့် ပျံ့နှံ့မှုနှုန်း များပြားနေသည်။

ဖြန့်ဝေထားသော လင့်ခ်များ

နောင်ရိုးဟစ်တိုင် – https://archive.ph/stBRg
Min Din – https://archive.ph/TTxdE

စစ်တပ်ထောက်ခံသူများ ဖြန့်ဝေထားသော သတင်းအကြောင်းအရာကို Myanmar Fact-Checking Network ၏ အဖွဲ့ဝင်ဖြစ်သော MPA က အချက်အလက်စစ်ဆေးရာ သတင်းအတုဖြစ်ကြောင်း စိစစ်တွေ့ရှိရသည်။

သတင်းစိစစ်ချက်

ဗဟန်းရဲစခန်း လက်ပစ်ဗုံးဖြင့် ပစ်ခံရခြင်း ရှိ/မရှိ သိရှိနိုင်ရန် Google တွင် “ ဗဟန်းရဲစခန်း လက်ပစ်ဗုံးဖြင့် ပစ်ခံရ” ဟုရေးသား ရှာဖွေရာ “MPA, BBM, Peacock” တို့က သတင်းရေသားထားကြသည်။

သတင်းဌာနများတွင် ရန်ကုန်မြို့ ဗဟန်းမြို့နယ် ကမ္ဘာအေးဘုရားလမ်းပေါ်ရှိ ဗဟန်းမြို့မရဲစခန်းကို စက်တင် ဘာ၂၉ရက် ည၁၀နာရီ ကျော်တွင် မြို့ပြပြောက်ကျားများက ဗုံးပစ်တိုက်ခိုက်ခဲ့ကြောင်း၊ ဗုံးပစ်ခံရ မှုကြောင့် ထိခိုက်သေဆုံးသူရှိနိုင်ကြောင်း၊ ရဲစခန်းဝင်းအတွင်းရှိ လူနာတင်ယာဉ်များ အရေးပေါ်အသံပိတ်၍ ဝင်ထွက် သွားလာမှုများရှိကြောင်း၊ စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲကို ပူးပေါင်းပါဝင်လှုပ်ရှားနေပြီး ပြည်သူများကို နည်းမျိုးစုံဖြင့် မတရားဖမ်းဆီးနှိပ်စက်နေသော ဗဟန်းရဲတပ်ဖွဲ့ကို စစ်ရေးပစ်မှတ်အဖြစ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ အဆိုပါ တိုက်ခိုက်မှုကို ရန်ကုန်အနောက်ပိုင်းခရိုင် ပြည်သူ့ကာကွယ်ရေး အဖွဲ့၊ ကြည့်မြင့်တိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့၊ လသာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ Operation Flame တို့က ပူးပေါင်းလုပ်‌ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သတင်းရေးသားထားသည်။

သတင်းလင့်ခ်များ
MPA – https://bitly.cx/lTEX3
BBM – https://bitly.cx/EQwZp
Red Peacock – https://bitly.cx/daTNK

Kyimyindaing Network ကလည်း ဗဟန်းရဲစခန်းကို လက်ပစ်ဗုံးဖြင့် ပစ်ခတ်ခြင်းအကြောင်း ထုတ်ပြန် ထားပြီး Operation Flameအနေဖြင့် စစ်ကောင်စီ ပြုလုပ်ဖော်ဆောင်မည့် အတုအယောင် ရွေးကောက်ပွဲ ကို လုံးဝလက်ခံသွားမည် မဟုတ်ဘဲ ရန်ကုန်တော်လှန်ရေးမဟာမိတ်များအားလုံးနှင့်အတူလက်တွဲပြီး စစ်တပ်ကို အရှိန်မြင့်တိုက်ခိုက်ချေမှုန်းသွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။

ထုတ်ပြန်ချက်လင့်ခ် – https://bitly.cx/P0KSc

သုံးသပ်ချက်

ဗဟန်းရဲစခန်း လက်ပစ်ဗုံးဖြင့် ပစ်ခတ်ခံရဖြစ်စဉ်အား Operation Flame အဖွဲ့က ထုတ်ပြန်ထားပြီး သတင်းမီဒီယာများက သတင်းဖြစ်စဉ်အကြောင်း အတည်ပြုရေးသားထားကြသည်။

စစ်တပ်ထောက်ခံသော တယ်လီဂရမ်ချန်နယ်များက ဖြစ်စဉ်အမှန်ကို ဖုံးကွယ်၍ သတင်းအတု ဖြန့်ဝေနေ ကြခြင်းဖြစ်သည်။

ဆိုရှယ်မီဒီယာများတွင် ပျံ့နှံ့နေသော သတင်းအကြောင်းအရာများကို တွေ့၊ မြင်၊ ကြား၊ သိလျှင် အလွယ် တကူ လက်ခံယုံကြည်၍ အလျင်စလို မျှဝေခြင်း မပြုလုပ်ရန် လိုအပ်ပါသည်။