စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်ရှိ ကျေးရွာတစ်ရွာတွင် သီတင်းကျွတ်လပြည့်ည ရိုးရာ ဆီမီးထွန်းပွဲ ဆင်နွှဲနေသည့် ပြည်သူများကို စစ်တပ်က ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်ခဲ့မှုကြောင့် လူဆယ်ချီသေဆုံးခဲ့ကြောင်း သိရသည်။
ယနေ့(အောက်တိုဘာ ၆ရက်)၊ ည ကိုးနာရီခွဲကျော်ခန့်တွင် စစ်တပ်က ချောင်းဦးမြို့နှင့် မုံရွာမြို့ အစပ်ကျားရှိကျေးရွာတစ်ရာကို ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ယခုကဲ့သို့ ဗုံးကြဲတိုက်ခိုက်မှုကြောင့် လူဆယ်ချီ သေဆုံးခဲ့သည်ကိုသာ ကနဦး သိရှိထားရပြီး အသေးစိတ်သိရှိရသည့် အချက်အလက်များကို ထပ်မံဖော်ပြေပေးသွားပါမည်။
