မင်းတပ်မြို့ရှိ AA စခန်းတစ်ခုကို ဗုံးကြဲရှင်းလင်းဟုဆိုသည့် အကြောင်းအရာ စစ်ကော်မရှင် ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များတွင် ပျံ့နှံ့လျက်ရှိသည်။
“မှိုင်းဝေ” တယ်လီဂရမ်ချန်နယ်က ၂၀၂၅ အောက်တိုဘာ ၉ ရက် နေ့လည် ၂ နာရီ ၃၇ မိနစ်တွင် ချင်းပြည် နယ်၊ မင်းတပ်မြို့အတွင်းရှိ AA စခန်းတစ်ခုကို စစ်တပ်က ဗုံးကြဲရှင်းလင်းခဲ့ရာ အကုန်ပြာကျသွားကြောင်း ဓာတ်ပုံများနှင့်တကွ ဖြန့်ဝေထားသည်။
အဆိုပါအကြောင်းအရာကို ၂၀၂၅ အောက်တိုဘာ ၁၀ ရက် ညပိုင်းအချိန်ထိ ဝင်ရောက်ကြည့်ရှုသူ ၂၇,၀၀၀ ကျော်၊ Reaction ပေးသူ ၈၀၀ ကျော်ရှိခဲ့ပြီး “ကိုနှင်းမောင်၊ MDY image” အပြင် အခြား စစ်တပ်လော်ဘီ တယ်လီဂရမ်ချန်နယ်များကလည်း ကူးယူဖော်ပြခဲ့သဖြင့် ပျံ့နှံ့မှုများပြားခဲ့သည်။
မူရင်းသတင်းအမှားလင့်ခ် – https://archive.ph/JPR6i
ကိုနှင်းမောင် – https://archive.ph/P5Qas
MDY image – https://archive.ph/9atri
အထက်တွင် ပျံ့နှံ့နေသော အကြောင်းအရာနှင့် ပတ်သက်၍ Myanmar Fact-Checking Network ၏ အဖွဲ့ဝင်ဖြစ်သော MPA က အချက်အလက် စစ်ဆေးကြည့်ရာ တံဆိပ်ကပ်ထားသော သတင်းအတုဖြစ် ကြောင်း တွေ့ရှိရသည်။
သတင်းစိစစ်ချက်
တယ်လီဂရမ်တွင် ပျံ့နှံ့နေသော ဓာတ်ပုံများကို Google Lens ဖြင့် ရှာဖွေကြည့်ရာ “Mizzima” မီဒီယာက ၂၀၂၄ ခုနှစ် ဧပြီ ၂ ရက်စွဲဖြင့် ဖော်ပြထားသော ဓာတ်ပုံများနှင့် ထပ်တူညီနေသည်။
“Mizzima” တွင် ၂၀၂၄ ခုနှစ် ဧပြီ ၁ နှင့် ဧပြီ ၂ ရက်၌ မင်းတပ်မြို့ကို စစ်တပ်က နှစ်ရက်ဆက်တိုက် လေ ကြောင်းဗုံးကြဲခဲ့ကြောင်း၊ တိုက်ခိုက်မှုများကြောင့် ဘာသာရေးအဆောက်အအုံ တစ်လုံးနှင့် လူနေအိမ်များ ထိခိုက်ပျက်စီးခဲ့ပြီး အရပ်သားထိခိုက်မှုများလည်း ရှိခဲ့ကြောင်း ဖော်ပြထားသည်။
အပြည့်အစုံဖတ်ရန် >>> https://bitly.cx/YMDy
ထပ်မံအတည်ပြုနိုင်ရန် Google တွင် “မင်းတပ်မြို့ လေကြောင်းဗုံးကြဲခံရ” ဆိုသည့် စကားလုံးဖြင့် ရှာဖွေ ကြည့်ရာ “Myanmar Now, People’s Spring, Shwe Phee Myay News Agency” အပါအဝင် အခြား မီဒီယာများက သတင်းရေးထားသည်။
သတင်းမီဒီယာများတွင် အောက်တိုဘာ ၈ ရက် ညပိုင်းတွင် ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ရှိ ဝမ္မသူးကျေး ရွာနှင့် ထင်ချောင်းကျေးရွာကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း၊ ထင်ချောင်းကျေး ရွာရှိ စာသင်ကျောင်းကို ဗုံးထိမှန်ခဲ့ပြီး ကျောင်းသား သုံးဦးနှင့် စစ်ဘေးရှောင် မသန်စွမ်း အမျိုးသမီးတစ်ဦး သေဆုံးခဲ့ကြောင်း ၊၂၀ ကျော် ထိခိုက်ဒဏ်ရာရခဲ့ကြောင်း၊ ဒဏ်ရာရသူ အများစုမှာ ကျောင်းသားများ ဖြစ် ကြောင်း၊ ထင်ချောင်းကျေးရွာရှိ စာသင်ကျောင်းသည် ယခင်က စစ်ဘေးရှောင်စခန်းတစ်ခုဖြစ်ခဲ့ပြီး ယခု စစ် ဘေးရှောင်ကလေးများ စာသင်ကြားနေသည့် ကျောင်းအဖြစ် ပြောင်းလဲအသုံးပြုနေခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။
အပြည့်အစုံဖတ်ရန် >>>
Myanmar Now – https://bitly.cx/jRxhw
People’s Spring – https://bitly.cx/gACB7
Shwe Phee Myay – https://bitly.cx/MMPsB
သုံးသပ်ချက်
သတင်းမီဒီယာများတွင် ချင်းပြည်နယ်၊ မင်းတပ်မြို့ရှိ စာသင်ကျောင်းကို စစ်တပ်က လေကြောင်းဗုံးကြဲခဲ့ သဖြင့် ကျောင်းသားလေးဦး နှင့် စစ်ရှောင်မသန်စွမ်း အမျိုးသမီးတစ်ဦး သေဆုံးခဲ့ကြောင်း ဖော်ပြထား သည်။
စစ်တပ်လော်ဘီများ ဖြန့်ဝေထားသော ဓာတ်ပုံများသည် ၂၀၂၄ ခုနှစ် ဧပြီလက ဖြစ်ပွားခဲ့သော မင်းတပ်မြို့ လေကြောင်းတိုက်ခိုက်ခံရမှု ဖြစ်စဉ်က ဓာတ်ပုံအဟောင်းများ ဖြစ်နေသည်။
ထို့ကြောင့် စစ်တပ်ထောက်ခံသော တယ်လီဂရမ်ချန်နယ်များတွင် ပျံ့နှံ့နေသော “ မင်းတပ်မြို့ရှိ AA စခန်း ဗုံးကြဲရှင်းလင်းရာ အားလုံးပြာကျ ပျက်စီး” ဆိုသော အကြောင်းအရာသည် သတင်းအတုဖြစ်သည်။
အထက်ပါသတင်းအချက်အလက် စစ်ဆေးမှုများသည် အောက်တိုဘာ ၁၀ ရက် ညပိုင်းအချိန်ထိ စစ်ဆေးတွေ့ရှိထားသော သက်သေပြအချက်အလက်များ ဖြစ်သည်။
ဆိုရှယ်မီဒီယာများတွင် ပျံ့နှံ့နေသောအကြောင်းအရာများအား သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်း အဆင့်ဆင့် အတည်ပြုဖော်ပြနေသော သတင်းမီဒီယာများ၌ ရှာဖွေဖတ်ရှုသင့်သည်။
Editor – Wazza
