နိုင်ငံတကာအသိုက်အဝိုင်းအနေနှင့် ပြည်ဖျက်စစ်ကော်မရှင် စီစဉ်နေသည့် အတုအယောင်၊ အလိမ်အညာ ရွေးကောက်ပွဲကို ပြတ်ပြတ်သား သားကန့်ကွက်ကြရန် သံအမတ်ကြီးဦးကျော်မိုးထွန်းက ကုလအစည်းအဝေးများတွင် ဆက်တိုက်ဆိုသလို တောင်းဆိုလျက်ရှိသည်။
နယူးယောက်မြောက်၊ကုလသမဂ္ဂဌာနချုပ်တွင် လတ်တလော ဆက်တိုက်ကျင်းပနေသည့် အကြိမ်၈၀ မြောက် ကုလသမဂ္ဂအထွေထွေညီလာခံ ဆက်စပ်အစည်းအဝေးနှင့် အပြန်အ လှန် ဆွေးနွေးပွဲများ၌ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုး ထွန်း က တက်ရောက်မိန့်ခွန်းပြောခြင်း သို့မဟုတ် ဆွေးနွေးစဉ် အထက်ပါအတိုင်း ဆက်တိုက် တောင်းဆို နေခြင်းဖြစ်သည်။
“သံအမတ်ကြီးက သူ့ရဲ့ လုပ်ပိုင်ခွင့်ကို ကောင်းကောင်းအသုံးချပြီး နွေဦးတော်လှန်ရေးကို နိုင်ငံတ ကာမမေ့စေဖို့၊ စစ်အုပ်စုရဲ့ ကြောက်မက်ဖွယ် လူသတ်ပွဲတွေအကြောင်းနဲ့ စစ်တပ်ရဲ့ ဒုက္ခပေးမှု ကြောင့် ဆင်းရဲခြင်းဒဏ် အပြင်းအထန်ခံစားနေရတဲ့ မြန်မာပြည်သူတွေဟာ ပြင်းထန်တဲ့ဖိစီးမှုတွေ ရဲ့ကြား စစ်အာဏာရှင်တွေကို ကြံ့ကြံ့ခံတော်လှန်နေတာကို ကုလသမဂ္ဂမှာ ဖွင့်ချနေတာဟာ ကျနော် တို့ပြည်သူတွေ ရရှိထားတဲ့ အရေးကြီးတဲ့ စပီကာပါပဲ”ဟု ရန်ကုန်အခြေစိုက် နိုင်ငံရေးဆောင်းပါးရှင် တစ်ဦးက MPAသို့ ပြောသည်။
လတ်တလောကျင်းပနေသည့် ကုလသမဂ္ဂအစည်းအဝေးတိုင်းလိုလိုတွင် စစ်အုပ်စုရွေးကောက်ပွဲကို နိုင်ငံတကာအနေနှင့် ပြတ်သားစွာ ကန့်ကွက်ကြရန် သံအမတ်ကြီးက ထည့်သွင်းပြောကြားနေသလို စစ်အုပ်စုထံသို့ စစ်လက်နက်ပစ္စည်းများ ရောင်းချခြင်းမပြုရန်လည်း ပြောကြားလျက်ရှိသည်။
“တရုတ်၊ရုရှားနဲ့ သူတို့နဲ့ ပတ်သက်ရာပတ်သက်ကြောင်း အာဏာရှင်နိုင်ငံလက်တစ်ဆုပ်စာကလွဲရင် စစ်ကော်မရှင်ရွေးကောက်ပွဲကို အားလုံးက နိုး ပါပဲ။ဒါပေမဲ့၊အဲဒီ နိုး ဆိုတဲ့အသံက အချိန်တိုင်းမှာ ညီ ညီညာညာနဲ့ တစ်သံတည်း ထွက်ဖို့ လိုပါတယ်။ပြီးတော့ ဒီလထဲမှာ လုပ်မယ့် အာဆီယံထိပ်သီးအ စည်းအဝေးကနေပြီး ရွေးကောက်ပွဲကို ကန့်ကွက်ဖို့ လိုပါမယ်”ဟု နိုင်ငံရေးဆောင်းပါးရှင်က ဆက် လက်ပြောသည်။
အောက်တိုဘာ၁၄ရက်က ကျင်းပသည့် လက်နက်ဖျက်သိမ်းရေးဆိုင်ရာ ကုလအစည်းအဝေးတစ်ရပ် တွင် သံအမတ်ကြီးက စစ်အုပ်စုသည် နယ်မြေဆုံးရှုံးမှုများကို ကုစားနိုင်ရန်အတွက် လေကြောင်း တိုက်ခိုက်မှုများကို တိုးမြှင့်လုပ်ဆောင်နေကြောင်းနှင့် လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူတို့ အသက်ဆုံးရှုံးနေရမှုတို့ကို ဖွင့်ချခဲ့သေးသည်။
စာတည်း-ML
