စစ်ကော်မရှင် ခေါင်းဆောင် မင်းအောင်လှိုင်က အာဏာရှင်ခေါင်းဆောင်တစ်ဦးဖြစ်သည့် မြောက်ကိုရီးယားနိုင်ငံ ခေါင်းဆောင် ကင်ဂျုံအွန်နှင့် တွေ့ဆုံခဲ့ကြောင်း စစ်တပ်ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များတွင် ဖော်ပြထားသည်။
ယနေ့ (စက်တင်ဘာ ၃ရက်) တွင် တရုတ်နိုင်ငံသို့ ရောက်ရှိနေသည့် မင်းအောင်လှိုင်က နိုင်ငံတကာ ခေါင်းဆောင်များကို လိုက်လံတွေ့ဆုံရာ၌ ကင်ဂျုံအွန်ကို သွားရောက်နှုတ်ဆက်ခဲ့ခြင်းလည်းဖြစ်သည်။
တရုတ်နိုင်ငံသို့ရောက်ရှိနေသည့် မင်းအောင်လှိုင်သည် နိုင်ငံကို ရောင်းစားရန်အတွက် အာဏာရှင်များကို တွေ့ဆုံမှုများ ဆက်တိုက်ပြုလုပ်လျက်ရှိသည်။
