By CNA
မြန်မာနိုင်ငံအပိုင် မြန်မာ-ထိုင်းနယ်စပ်ရှိ ငွေလိမ်စင်တာများအတွက် အသုံးပြုသည့် Starlink အလုံးကို ၂၅၀၀ ကိုပိတ်လိုက်ကြောင်း SpaceX ကထုတ်ပြန်က ထုတ်ပြန်ထားသည်။
SpaceX ကုမ္ပဏီ၏ ဒုတိယဥက္ကဌက ကျားဖြန့်လုပ်ငန်းအတွက် အသုံးပြုနေသည့် Starlink အလုံး ၂၅၀၀၏ ဝန်ဆောင်မှုများကို ဖြတ်တောက်လိုက်ကြောင်း ယနေ့(အောက်တိုဘာ ၂၂)ရက်တွင် ပြောကြားခဲ့သည်။
မြန်မာ-ထိုင်းနယ်စပ်ရှိ ကျားဖြန့် လုပ်ငန်းများတွင် အသုံးပြုသည့် အင်တာနက်နှင့် လျှပ်စစ်ဓာတ်အားကို ထိုင်းနိုင်ငံက ဖြတ်တောက်ပြီးနောက် လိမ်လည်မှုစင်တာများသည် Starlink အင်တာနက်ကို အသုံးပြုလာခြင်းဖြစ်သည်။
စစ်တပ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံ နယ်စပ်တစ်လျှောက်တွင် အင်တာနက်မှ တဆင့် နိုင်ငံခြားသားများကို ချစ်ရေးချစ်ရာနှင့် စီးပွားရေးလိမ်လည်သည့် လုပ်ငန်းဖြစ်သည့် ကျားဖြန့်လုပ်ငန်းများ ပိုမိုများပြားလာခဲ့သည်။
၂၀၂၅ခုနှစ်၊ ဖေဖော်ဝါရီလတွင် တရုတ်-ထိုင်းတို့က ကျားဖြန့်နှိမ်နင်းမှုများပြုလုပ်ခဲ့ရာ အလုပ်သမား ၇၀၀၀ခန့်ကို ၎င်းတို့ နိုင်ငံများကို ပြန်လည်ပို့ဆောင်ခဲ့ပြီး ထိုင်းနိုင်ငံကလည်း နယ်စပ်ဖြတ်ကျော် အင်တာနက်ပိတ်ဆို့မှုကို စတင်ခဲ့သည်။
ထိုကဲ့သို့ SpaceX က Starlink များကို ပိတ်မည်ဟု သတင်းထွက်ပေါ်ပြီးနောက် စစ်ကော်မရှင်က ယခုသီတင်းပတ်အတွင်း ကရင်ပြည်နယ်၊ မြ၀တီမြို့၊ KK Park ကို စီးနင်းဝင်ရောက်ပြီး Starlink အလုံး ၃၀ကို ဟန်ပြသိမ်းဆည်းခဲ့သေးသည်။
