ချောင်းဆုံ ဆန္ဒပြပြည်သူများကို ဓာတ်ပုံရိုက် သတင်းပေးခဲ့သူ ပြည်ခိုင်ဖြိုးအမတ်လောင်းဖြစ်လာ

ဓာတ်ပုံ-Mi Cho Thae
ပုံစာ- ၂၀၂၁ခုနှစ်၊ချောင်းဆုံမြို့လယ်ခေါင် ဆန္ဒပြပွဲ

၂၀၂၁ခုနှစ်က ချောင်းဆုံမြို့နယ်အတွင်းရှိ ဆန္ဒပြပြည်သူများကို လုံခြုံရေးအဖွဲ့ဝင်များနှင့်အတူ ဓာတ်ပုံရိုက် သတင်းပေးလုပ်ခဲ့သော မျိုးမင်းလှိုင်မှာ ပြည်ခိုင်ဖြိုးအမတ်လောင်း ဖြစ် လာကြောင်း သိရသည်။

မျိုးမင်းလှိုင်သည် မွန်ပြည်နယ်အဆင့် ပြည်ခိုင်ဖြိုးပါတီ၏ ပြည်နယ်ကော်မတီဝင်ဖြစ်ပြီး တရားမဝင် ရွေးကောက်ပွဲတွင် ဗမာတိုင်းရင်းသားလူမျိုးလွှတ်တော်အမတ်လောင်းအဖြစ် ဝင်ရောက်ယှဉ်ပြိုင် မည်ဟု တရားမဝင်ရွေးကောက်ပွဲကော်မရှင်၏ ထုတ်ပြန်ချက်များအရ သိရသည်။

“ဆန္ဒပြကာလတုန်းက ဆန္ဒပြပြည်သူတွေကို ဓာတ်ပုံရိုက်တာတွေ၊NLD ပါတီဝင်တွေကို ဖမ်းဖို့ သ တင်းပေးတာတွေ၊အိမ်ချိပ်ပိတ်တာတွေကို ဒီကောင် အကုန်လုပ်ခဲ့တာ။ချောင်းဆုံNLDရုံးကို မိုင်းခွဲ တာလည်း ဒီကောင့်လက်ချက်မကင်းဘူး”ဟု အဝေးရောက်ချောင်းဆုံမြို့အနောက်ပိုင်းသားတစ်ဦးက MPAသို့ ပြော သည်။

မျိုးမင်းလှိုင်သည် အာဏာသိမ်းပြီးစကာလမှာပင် ချောင်းဆုံပြည်သူများကို ဗွေဆော်ဦး ဒုက္ခပေးရဲခဲ့ သူ ဖြစ်သောကြောင့် ရွေးကောက်ပွဲအနိုင်ရလျှင် ပြည်နယ်အဆင့် တိုင်းရင်းသားဝန်ကြီးတန်းဖြစ်မည့် နေရာအား ပြည်ခိုင်ဖြိုးပါတီက ချီးမြှင့်ခြင်းဖြစ်နိုင်ကြောင်း ၎င်းက ဆိုသည်။

“မျိုးမင်းလှိုင်သိတဲ့ နိုင်ငံရေးတွေဘာတွေက အဘတွေလာရင် ကုန်းကန်တော့တာပဲ။ဒီကောင်တ ကယ်ကျွမ်းကျင်တာက မိန်းမကိစ္စ။မိန်းမကိစ္စ ဒီကောင်နာမည်ကြီးတာ ချောင်းဆုံသားတိုင်း သိတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။

ချောင်းဆုံမြို့နယ် ပြည်သူ့လွှတ်တော်နေရာတွင် မျိုးဝင်း၊ ပြည်နယ်လွှတ်တော်(FPTP)တွင် လက်ရှိ တရားမဝင်မွန်ဝန်ကြီးချုပ် အောင်ကြည်သိန်း၊ ချောင်းဆုံမြို့နယ် အမျိုးသားလွှတ်တော် မဲဆန္ဒနယ်အမှတ်၄ (FPTP)တွင် တင်ကိုကို၊ပြည်နယ်လွှတ် တော်(PR)တွင် မင်းမြင့်မောင်နှင့် ဗမာတိုင်းရင်းသားလူမျိုး အဖြစ် မျိုးမင်းလှိုင်တို့ ပြည်ခိုင်ဖြိုးပါတီကိုယ်စားပြုကာ တရားမဝင်ရွေး ကောက်ပွဲဝင်ကြမည်ဖြစ်သည်။

၂၀၂၁ခုနှစ်၊နိုဝင်ဘာ၁၂ရက် ညနက်ပိုင်းတွင် ချောင်းဆုံမြို့အနောက်ပိုင်းရပ်ကွက်၊မြို့မရဲစခန်းအရှေ့ ရှိ ချောင်းဆုံမြို့နယ် NLDပါတီရုံးကို စစ်အုပ်စုဝင်တို့က ဖောက်ခွဲဖျက်ဆီးခဲ့သည်။