ချောင်းဆုံတွင် ပြည်ခိုင်ဖြိုးရန်ကြောင့် အခြားသောပါတီများ မဲဆွယ်စည်းရုံးရန် အခက်တွေ့နေ

ဓာတ်ပုံ-ရာမညမြေ
ပုံစာ-နိုဝင်ဘာ၆ရက်က ချောင်းဆုံမြို့နယ်၊ရွာလွတ်ရွာတွင်ပြုလုပ်သော ပြည်ခိုင်ဖြိုး လူထုတွေ့ဆုံပွဲ

မွန်ပြည်နယ်၊ ချောင်းဆုံမြို့နယ်အတွင်း ပြည်ခိုင်ဖြိုးရန်ကြောင့် အခြားသော ပါတီများက မဲဆွယ်စည်းရုံးပွဲ ပြုလုပ်ရန် အဆင်မပြေဖြစ်နေကြောင်း သိရသည်။

ချောင်းဆုံမြို့နယ်အတွင်းရှိ ကျေးရွာများတွင် လူထုနှင့်တွေ့ဆုံကာ မဲဆွယ်စည်းရုံးရန် အခြားသောပါ တီများက ကြိုးစားကြသော်လည်း ဒေသခံများမှာ ပြည်ခိုင်ဖြိုးပါတီနှင့် အုပ်ချုပ်ရေးမှူးတို့က အငြိုး ထားမည်ကို ကြောက်သဖြင့် တွေ့ဆုံပွဲအတွက် နေရာထိုင်ခင်းမပေးရဲကြကြောင်း ဒေသခံအချို့ထံက သိရသည်။

“တွေ့ဆုံပွဲလုပ်မယ်ဆိုရင် ရွေးကော်ကို တစ်ပတ်ကြိုတင်ရတယ်။ဘယ်နေရာမှာ လူအင်အားဘယ် လောက်နဲ့ မဲဆွယ်စည်းရုံးပါမယ်ပေါ့။တချို့လူတွေက ခင်မင်မှုအရ သူတို့အိမ်တို့ဘာတို့မှာ တွေ့ဆုံပွဲ အတွက် နေရာပေးချင်တယ်။ဒါပေမဲ့၊ကြံ့ဖွတ်က ငြိုးပြီးတစ်ခုခု အလုပ်ခံရမှာကြောက်လို့ မပေးရဲကြ ဘူး။အဲဒါကြောင့် ဒီနေ့(နိုဝင်ဘာ၈ရက်)မနက်ထိ ကြံ့ဖွတ်ကလွဲရင် ဘယ်ပါတီမှ တွေ့ဆုံပွဲမလုပ်ရ သေးဘူး”ဟု ပါတီများနှင့်နီးစပ်သော မော်လမြိုင်မြို့ခံက MPAသို့ပြောသည်။

ယင်းသို့သောအခြေအနေကို ပါတီများက သိသော်လည်း ၎င်းတို့ကိုယ်တိုင်က ပြည်ခိုင်ဖြိုးကို ကြောက်သဖြင့် မပြောရဲကြကြောင်း သိရသည်။

“ကြံ့ဖွတ်ဆိုတာ ဘာမှ နိုင်ငံရေးအဆင့်အတန်းမရှိတဲ့ကောင်တွေ စုဖွဲ့ထားတာ။အဲဒီလို အဆင့်အ တန်းမရှိတဲ့ကောင်တွေကိုပဲ တစ်ခွန်းပြန်မပြောရဲကြဘူးဆိုတော့ ကြံ့ဖွတ်ထက်တောင် အောက်တန်း ကျတဲ့သဘောပဲ။သူတို့ကိုယ်သူတို့ ပြောနေတာတော့ နိုင်ငံရေးသမားပဲ”ဟု ၎င်းက ဆက်လက်ပြော သည်။

ချောင်းဆုံမြို့နယ်အတွင်း ရပ်ကျေးအုပ်ချုပ်ရေးအဖွဲ့ဝင်များအားလုံးမှာ ပြည်ခိုင်ဖြိုးပါတီ ဝင်များဖြစ်ပြီး ပြည်ခိုင်ဖြိုးပါတီ၏ မဲဆွယ်စည်းရုံးရေးသို့ ဒေသခံများလာရောက်ရန်နှင့် နေရာထိုင် ခင်းတို့ကို ရွာအုပ်ချုပ်ရေးမှူးတို့က စီစဉ်ပေးနေကြောင်း အဝေးရောက် ချောင်းဆုံမြို့နယ်၊သက္ကောရွာ သားတစ်ဦးက ပြောသည်။

“ကြံ့ဖွတ်စည်းရုံးရေးအတွက် အုပ်ကြီးတွေ ကူပေးနေတာ ချောင်းဆုံမှာ လူတိုင်းသိတယ်။အဲဒါက ဥပ ဒေနဲ့မညီဘူးလေ။ဒါပေမဲ့၊တခြားပါတီတွေက လုံးဝမကန့်ကွက်ရဲဘူး။အကုန်ကြောက်ပြီး ငြိမ်ခံနေကြ တယ်”ဟု ၎င်းက ပြောသည်။

ချောင်းဆုံမြို့နယ်၊ရွာလွတ်၊ကမနင်း၊သက္ကော၊ဘိုးနက်၊မုဒွန်းနှင့် ဒေါင်းရပ်အနောက်ကျေးရွာတို့တွင် ချောင်းဆုံကိုယ်စားပြု တရားမဝင်ရွေးကောက်ပွဲဝင်မည့် ပြည်ခိုင်ဖြိုးအမတ်အချို့က မဲဆွယ်စည်းရုံး ရေးပြုလုပ်ခဲ့ပြီးဖြစ်ကြောင်း ပြည်ခိုင်ဖြိုးပါတီ၏ ဒေသတွင်းမဲဆွယ်စည်းရုံးရေးစာမျက်နှာ ရာမညမြေ ဖေ့စ်ဘွတ်ခ်ပေ့ချ်၌ ဖော်ပြထားသည်။

ချောင်းဆုံမြို့နယ်တွင် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ပြည်သူ့ရှေ့ဆောင်ပါတီ၊အမျိုးသားအ ကျိုးစီးပွားတိုးတက်ရေးပါတီ၊မွန်ညီညွတ်ရေးပါတီ၊ပြည်ခိုင်ဖြိုးပါတီ၊ရှမ်းနှင့်တိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ စသည့်ပါတီများ တရားမဝင်ရွေးကောက်ပွဲဝင်ကြမည်ဖြစ်သည်။