ဒေါက်တာတေဇာဆန်းနှင့်အဖွဲ့ကို ဖမ်းမမိသဖြင့် မန်း ဆန္ဒပြနေရာရှိ ဈေးဆိုင်များအား ဖျက်ဆီးကာ လက်စားချေ

မန္တလေးမြို့လယ်ခေါင်အထိဝင်ကာ တိုက်ပွဲဝင်ခဲ့သော ဒေါက်တာတေဇာဆန်းနှင့်အဖွဲ့ကို ဖမ်းဆီး မိခြင်း မရှိသဖြင့် စစ်တပ်က ဆန္ဒပြနေရာဝန်းကျင်ရှိ ဈေးဆိုင်များအား ဖျက်ဆီးကာ လက်စားချေ ခဲ့ကြောင်း သိရသည်။

ဒီဇင်ဘာ၃ရက် နံနက်ပိုင်းတွင် ဒေါက်တာတေဇာဆန်း၊ကိုနန်းလင်းနှင့် ကိုခန့်ဝေဖြိုးတို့အပါအဝင် သ ပိတ်တိုက်ပွဲဝင်ရဲဘော်များသည် မန္တလေးမြို့၊ဈေးချိုတော်အနီး၌ ဆန္ဒပြလူထုလှုပ်ရှားမှု ပြုလုပ်ခဲ့ပြီး နောက် ဒီဇင်ဘာ၄ရက် ညပိုင်း၌ ယင်းဆန္ဒပြနေရာဝန်းကျင်သို့ စည်ပင်ရဲ၊ပျူစောထီးနှင့်ထွေအုပ် တို့ ရောက်ရှိလာကာ ဈေးဆိုင်များအား ဖျက်ဆီးသွားခဲ့ကြောင်း ဒေသခံအချို့ထံက သိရသည်။

“ဈေးချိုတော်ဧရိယာထဲက ပျံကျဈေးကို ခွေးအင်အား၂၀၀ကျော်တယ်။ကားတွေနဲ့ရောက်လာပြီး ည ဘက် ၉ခွဲကျော်လို့ ပြောတယ်။အော်ဟစ်ဆဲဆိုပြီး ဆိုင်ခန်းတွေ စုစုပေါင်း လေး၊ငါးဆယ်။တစ်ညလုံး လိုက်ဖျက်တယ်လို့ အဲနားဝန်းကျင်က လူတွေဆီက သိရတယ်”ဟု မန္တလေးမြို့ခံ၊လူမှုကူညီရေးသမား တစ်ဦးက MPAသို့ပြောသည်။

ဒေါက်တာတေဇာဆန်းနှင့်အဖွဲ့သည် မန္တလေးမြို့လယ်ခေါင်ထဲသို့ ဆန္ဒဝင်ပြခဲ့ရုံတင်မက ဆန္ဒပြရုပ် စံဖိုင်ကိုပါ ဒီဇင်ဘာ၄ရက်၊ညပိုင်းတွင် ထုတ်လွှင့်ခဲ့ပြီးနောက် ဈေးဆိုင်များအားဖျက်ဆီးခဲ့ခြင်းဖြစ် ကြောင်း မန္တလေးမြို့ ရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောသည်။

“ဆန္ဒဝင်ပြတော့လည်း မသိဘူး။ဆန္ဒပြပြီးတော့လည်း ဖမ်းမမိဘူး။ပြီးတော့ ဆန္ဒပြတဲ့ဗီဒီယိုဖိုင် တစ် နိုင်ငံလုံးသိအောင် လိုင်းပေါ်တင်လိုက်သေးတာဆိုတော့ ရဲတွေရော၊အုပ်ကြီးတွေရော စစ်တပ်က သူ တို့နိုင်လို့ရတဲ့သူတွေကို ပက်ပက်စက်စက်ကြိမ်းမောင်းနေတယ်လို့ ရဲတွေဆီကနေ ပြန်သိရတယ်။ ပြီးတော့ ဈေးဆိုင်တွေ ဖျက်တဲ့အထိ ဖြစ်ကုန်ရော”ဟု ၎င်းက ပြောသည်။

ဆန္ဒပြသူများနှင့် ပြည်သူကို ရန်တိုက်ပေးသည့်အနေနှင့် ဆန္ဒပြနေရာဝန်းကျင်မှ ဈေးဆိုင် များအား ရည်ရွယ်ချက်ရှိရှိ ဖျက်ဆီးခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။

မန္တလေးမြို့လယ်ခေါင် ဆန္ဒပြလှုပ်ရှားမှုကို ပြည်သူတို့၏ ကူညီစောင့်ရှောက်မှုနှင့် ဖော်ဆောင်ခြင်း ဖြစ်ပြီး တရားမဝင် အတုအယောင်ရွေးကောက်ပွဲကို ပြည်သူတို့ ပြတ်ပြတ်သားသားဆန့်ကျင်ရန် လှုံ့ ဆော်ခဲ့ကြောင်း GSCB က ဒီဇင်ဘာ၄ရက်ညက ထုတ်ပြန်ထားသည်။

စာတည်း-ML