စစ်ခေါင်းဆောင်များကို အရေးမယူခြင်းသည် ထပ်မံသတ်ဖြတ်ရန် ခွင့်ပြုနေခြင်းဟုဒေါ်အောင်ဆန်းစု ကြည်၏ သားငယ်ဆို

ဓာတ်ပုံ- Wai Hun Aung
ပုံစာ- မြောက်ဦးဆေးရုံ ဗုံးကြဲခံရမှုမြင်ကွင်း။

မြန်မာစစ်ခေါင်းဆောင်များကို အရေးယူမှုမရှိခြင်းသည် ထပ်မံသတ်ဖြတ်ရန် ခွင့်ပြုနေခြင်းဖြစ်ကြောင်း ဒေါ်အောင်ဆန်း စုကြည်၏ သားငယ် ကင်မ်အဲရစ်(ခ)ကိုထိန်လင်းက နိုင်ငံတကာသို့ ပြောကြားလိုက်သည်။

ရခိုင်ပြည်နယ်၊မြောက်ဦးမြို့ ဆေးရုံကို စစ်တပ်က ဗုံးကြဲတိုက်ခိုက်မှုနှင့်ပတ်သက်ပြီး ကင်မ်အဲရစ်က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

“တိတ်ဆိတ်ငြိမ်သက်ခြင်းဟာ ဘက်မလိုက်မှု မဟုတ်ပါဘူး။တိတ်ဆိတ်ခြင်းဟာ လူသတ်သမားများ ကို ကာကွယ်ပေးနေခြင်းပဲ ဖြစ်တယ်”ဟု ၎င်းက ဆိုသည်။

ကမ္ဘာကြီးအနေနှင့် ယခုကဲ့သို့ရက်စက်ကြမ်းကြုတ်မှုကို ရှုတ်ချပြီး ချက်ချင်းအရေးယူဆောင်ရွက်ရ မည်ဟုလည်း ဆိုသည်။

အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့ဖြစ်သော ဒီဇင်ဘာ၁၀ရက်၊ည၉နာရီကျော်တွင် မြောက်ဦးမြို့ ပြည်သူ့ဆေးရုံကြီးကို ဂျက်ဖိုက်တာတစ်စင်းဖြင့် ပေါင်၅၀၀ဗုံး၂လုံးကြဲချခဲ့ရာ ဆေးရုံတစ်ခုလုံးနီးပါး ပျက်စီးခဲ့ပြီး ဆေးကုသမှုခံယူနေသော ပြည်သူ၃၃ဦး ပွဲချင်းပြီးသေဆုံးကာ ၇၆ဦး ဒဏ်ရာရခဲ့ကြောင်း ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်က ထုတ်ပြန်ထားသည်။

“လူ့အခွင့်အရေးနေ့မှာ ဆေးရုံကို ပစ်မှတ်တိတိကျကျ ဗုံးကြဲနိုင်စွမ်းရှိတဲ့ ဂျက်ဖိုက်တာနဲ့ တိုက်ခိုက် တာဟာ ဘယ်ကမ္ဘာကိုမှ လူမထင်ဘူးဆိုတဲ့ မင်းအောင်လှိုင်ရဲ့ စိန်ခေါ်ချက်ပါပဲ။မြန်မာပြည်သူတွေ ကို ငါတို့သတ်ချင်သလို သတ်ခွင့်ရှိတယ်လို့ မင်းအောင်လှိုင် ခံယူထားပုံလည်း ရပါတယ်”ဟု မုံရွာအ ခြေစိုက် တက်ကြွလှုပ်ရှားသူတစ်ဦးက MPAသို့ပြောသည်။

မြောက်ဦးဆေးရုံကို ဗုံးကြဲခြင်းသည် စစ်ခေါင်းဆောင်တို့၏ ရည်ရွယ်ချက်ရှိရှိ သတ်ဖြတ်မှုဖြစ်ပြီး ရခိုင်ပြည်နယ်က မိသားစုများအတွက် အထူးဝမ်းနည်းကြေကွဲမိကြောင်း ကင်မ်အဲရစ်က ဆိုသည်။
“ဒါဟာ ပစ်မှတ်ထားတိုက်ခိုက်မှု၊ တွက်ချက်ထားတဲ့ တိုက်ခိုက်မှုတစ်ခုပါ။ စစ်ရာဇဝတ်မှုစစ် စစ်တစ်ခုပါပဲ”ဟု ၎င်းက ဆက်လက်ပြောသည်။

မြန်မာစစ်ခေါင်းဆောင်တို့သည် ဆေးရုံကို ရည်ရွယ်ချက်ရှိရှိ ဗုံးကြဲတိုက်ခိုက်ခြင်းဖြင့် ရက်စက်ကြမ်း ကြုတ်သော အကြမ်းဖက်လုပ်ရပ်ကို ကျူးလွန်ခဲ့ကြောင်းလည်း ကင်မ်အဲရစ်က ပြောသည်။

စာတည်း-ML