PDF များ၏ စက်သုံးဆီသိုလှောင်ရာခြံကို စစ် တပ်က ဗုံးကြဲရှင်းလင်းနိုင်ခဲ့ဟု ဆိုသည့် အကြောင်း အရာ စစ်ကော်မရှင်ဝါဒဖြန့် တယ်လီ ဂရမ်ချန်နယ်များတွင် ပျံ့နှံ့လျက်ရှိ သည်။
“နေပြည်တော်” တယ်လီဂရမ်ချန်နယ်က ဒီဇင်ဘာ ၁၈ ရက် ည ၈ နာရီ ၁၉ မိနစ်တွင် ခင်ဦးမြို့ရှိ PDF များကို စစ်တပ်က ဗုံးကြဲရှင်းလင်းခဲ့ရာ မီးဟုန်းဟုန်းတောက်ခဲ့ကြောင်း၊ PDF အများအပြား ထိခိုက်သေဆုံးခဲ့ကြောင်း ဓာတ်ပုံများနှင့်တကွ ဖြန့်ဝေခဲ့သည်။
သတင်းအမှားလင့်ခ် >>> https://archive.ph/d3gfp
“People Media” တယ်လီဂရမ်ချန်နယ်ကလည်း ဒီဇင်ဘာ ၁၉ ရက် နံနက် ၁၀ နာရီ ၄၇ မိနစ်တွင် စစ်ကိုင်းတိုင်း၊ ရွှေဘို-မြစ်ကြီးနားလမ်းပိုင်း၊ ခင်ဦးမြို့နယ်၊ မြေနီရှိလမ်းဆုံရှိ PDF များ ပိုင်ဆိုင်သည့် စက်သုံးဆီ သိုလှောင်ရာခြံကို စစ်တပ်က ဗုံးကြဲရှင်းလင်းနိုင်ခဲ့ကြောင်း ဓာတ်ပုံများနှင့်တကွ ဖြန့်ဝေခဲ့ပြန်သည်။
သတင်းအမှားလင့်ခ် >>> https://archive.ph/qTGVb
အဆိုပါအကြောင်းအရာများကို အခြား စစ်ကော်မရှင်ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များကပါ ကူးယူဖော်ပြခဲ့ သဖြင့် ပျံ့နှံ့မှုများခဲ့သည်။
တယ်လီဂရမ်ရှိသတင်းအမှားလင့်ခ်များ >>>
U Kyaw Soe Oo – https://archive.ph/VKkn0
Snow Queen – https://archive.ph/eOXEQ
အထက်တွင် ပျံ့နှံ့နေသော အကြောင်းအရာနှင့် ပတ်သက်၍ Myanmar Fact-Checking Network ၏ အဖွဲ့ဝင်ဖြစ်သော MPA က အချက်အလက် စစ်ဆေးကြည့်ရာ သတင်းအမှားဖြစ်ကြောင်း တွေ့ရှိခဲ့သည်။
သတင်းစိစစ်ချက်
တယ်လီဂရမ်တွင် ပျံ့နှံ့နေသော ဓာတ်ပုံများကို Google Lens ဖြင့် စစ်ဆေးကြည့်ရာ “Red Peacock, DVB မီဒီယာတို့က ဖော်ပြထားသော ဓာတ်ပုံများနှင့် ထပ်တူညီနေသည်။
သတင်းမီဒီယာများတွင် ဒီဇင်ဘာ ၁၈ ရက်က စစ် ကိုင်းတိုင်း၊ ခင်ဦးမြို့နယ် အရှေ့မြောက်ခြမ်း၊ ရွှေ ဘို-မြစ်ကြီးနား လမ်းတွင် ရှိသည့် မြေနီသျှိုရွာ ကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ ကြောင်း၊ အဆိုပါနေရာတွင် ခရီးသွားကားများနှင့် ဆီဘောက်ဆာကားများ ယာဉ်ပိတ်ဆို့ချိန်တွင် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ဆီဘောက် ဆာကားများ ၊ ခရီးသွားကားများနှင့် ဆိုင်ခန်းများ ထိခိုက်ပျက်စီးခဲ့ကြောင်း၊ အရပ်သားတစ်ဦး သေဆုံးပြီး ခြောက်ဦး ထိခိုက်ဒဏ်ရာရခဲ့ကြောင်း ဖော်ပြထားသည်။
အပြည့်အစုံဖတ်ရန် >>>
Red Peacock – https://bitly.cx/5c9E
DVB – https://bitly.cx/rWJHN
Public Voice Television – https://bitly.cx/nIS7q
အကြောင်းအရာနှင့်ပတ်သက်၍ Google တွင် “ခင်ဦး လေကြောင်းတိုက်ခိုက်မှု” ဆိုသည့် စကားလုံးဖြင့် ရှာဖွေကြည့်ရာ “Myanmar Now, People’s Spring, Mandalay Free Press” အပါအဝင် အခြား မီဒီယာများတွင် သတင်းဖော်ပြထားသည်။
သတင်းမီဒီယာများတွင် “ ဒီဇင်ဘာ ၁၈ ရက် နေ့လည်ပိုင်းက စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့ရှိ မြေနီသျှိုလမ်းဆုံ အနီးကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း၊ အောင်ဇေဆီခြံထဲကို ကျရောက်ခဲ့ပြီး ဆယ်ဦးထက်မနည်း သေဆုံးကာ ထိခိုက်ဒဏ်ရာရသူ အများအပြား ရှိခဲ့ကြောင်း၊ စစ်တပ်က ရွှေဘို-မြစ်ကြီးနားလမ်း ပိတ်ဆို့ထားသောကြောင့် ပိတ်မိနေသည့် ခရီးသွားပြည်သူများနှင့် ဈေးသည်များ စတားလင့်ခ်အင်တာနက် အသုံးပြုနေကြချိန် ဗုံးကြဲခံရခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။
အပြည့်အစုံဖတ်ရန် >>>
Myanmar Now – https://bitly.cx/SZb7n
People’s Spring – https://bitly.cx/Vbxn2
Mandalay Free Press – https://bitly.cx/q9EkT
သုံးသပ်ချက်
သတင်းမီဒီယာများတွင် စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့ နယ် မြေနီသျှိုလမ်းဆုံကို စစ်တပ်က လေကြောင်း တိုက်ခိုက်ခဲ့သဖြင့် အရပ်သား ထိခိုက်သေဆုံးမှု များရှိခဲ့ကြောင်း ရေးထားသည်။ စစ်တပ်က ရွှေဘို-မြစ်ကြီးနား လမ်းကို ပိတ်ဆို့ထားမှုကြောင့် ယာဉ်ကြောပိတ်ဆို့ပြီး လူစုလူဝေးဖြစ်နေချိန် ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း တွေ့ရသည်။
ထို့ကြောင့် စစ်တပ်ဝါဒဖြန့် တယ်လီဂရမ်ချန်နယ် များတွင် ပျံ့နှံ့နေသော “PDF ပိုင်ဆိုင်သည့် ဆီသိုလှောင်ရာခြံကို စစ်တပ် ဗုံးကြဲရှင်းလင်းရာ PDF အများအပြားသေဆုံး” ဆိုသည့် အကြောင်း အရာသည် သတင်းအမှားဖြစ်သည်။
ဆိုရှယ်မီဒီယာများတွင် ပျံ့နှံ့နေသောအကြောင်း အရာများအား သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်း အဆင့်ဆင့် အတည်ပြုဖော်ပြနေသော သတင်းမီဒီယာများ၌ ရှာဖွေဖတ်ရှုသင့်သည်။
Editor – Wazza
