ဗုံးကြဲခံရမှုကြောင့် ကလေးငယ်များ၊ သက်ကြီးရွယ်အိုများ သေဆုံးမှုအား PDF များဟု တံဆိပ်ကပ်၍ သတင်း အတုဖြန့်ဝေနေ

စစ်ကိုင်းတိုင်း ဝက်လက်မြို့နယ် ငါးပတ်ချောင်းရွာကို စစ်ကော်မရှင်တပ်က ဗုံးကြဲခဲ့သဖြင့် ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများ အပါအဝင် ခုနစ်ဦး ပွဲချင်းပြီး သေဆုံးမှုအား စစ်တပ်လော်ဘီများက PDF များဟူ၍ တံဆိပ်ကပ်၍ သတင်းအတုများ ဖြန့်ဝေနေသည်။

စစ်တပ်လော်ဘီ”နေပြည်တော်” တယ်လီဂရမ်ချန်နယ်က ၂၀၂၅ ဒီဇင်ဘာ ၂၄ ရက် နေ့လယ်တွင် ဗုံးကြဲခံရပြီးနောက် နေအိမ်များ ပြိုကျပျက်စီးနေသော ရုပ်သံဖိုင်နှင့်အတူ “ငဘတ်ချောင်းကိုဗုံးကြဲသုတ်သင်ခဲ့လို PDF(၇)ဦး သေဆုံးခဲ့တယ်လို့ ဝက်လက်PDFကလိမ်လည်ထုတ်ပြန်ထားပါတယ်။ မြေပြင်မှာ ၇၀ ကျော်တိုပြတ်သေဆုံးနိုင် ကြောင်းအတိကျသိထားရသည်”ဟု (မူရင်းရေးသားချက်) ဖြန့်ဝေထားသည်။

ထိုသို့ ဖြန့်ဝေထားသော အကြောင်းအရာကို အခြားသော စစ်တပ်လော်ဘီတယ်လီဂရမ်ချန်နယ်များစွာက ကူးယူ ဖြန့်ဝေထားကြသည်။

သတင်းအတုဖြန့်ဝေထားသော လင့်ခ်များ

နေပြည်တော် – https://archive.ph/OYZ3a
Snow Queen – https://archive.ph/vBDHY
Ko Chit(MDY)

စစ်တပ်လော်ဘီချန်နယ်များ ဖြန့်ဝေထားသော ရုပ်သံဖိုင်နှင့် အကြောင်းအရာကို MPA က အချက်အလက်စစ် ဆေးကြည့်ရာ ဖြစ်စဉ်အမှန်ကို ဖုံးကွယ်၍ သတင်းအတု ဖြန့်ဝေနေခြင်းဖြစ်သည်။

သတင်းအတုဖြစ်ကြောင်း သက်သေပြချက်

Google တွင် “ဝက်လက်မြို့နယ် ငါးပတ်ချောင်း ဗုံးကြဲခံရမှု” ဟု ရေးသားရှာဖွေရာ စိတ်ချယုံကြည်ရသော သတင်းမီဒီယာများက သတင်းရေးသားဖော်ပြထားကြသည်။

သတင်းမီဒီယာများတွင် ဝက်လက်မြို့နယ် အရှေ့ခြမ်းရှိ ငါးပတ်ချောင်းရွာကို စစ်ကော်မရှင်တပ်က ဒီဇင်ဘာ ၂၃ ရက် ညနေ ၄ နာရီခွဲဝန်းကျင်၌ ဂျက်ဖိုက်တာ ၁ စီးဖြင့် ပေါင် ၂၀၀ ဗုံး ၄ လုံး ကြဲချတိုက် ခိုက်ခဲ့သဖြင့် ကလေး ငယ်များ အပါအဝင် ခုနစ်ဦး သေဆုံးခဲ့ကြောင်း ရေးသားထားသည်။ သေဆုံးသူများမှာ (၈၀)အရွယ် ဒေါ်သန်းမြ၊ (၇၅)နှစ်အရွယ် ဒေါ်ကျင်၊ (၂၅)နှစ်အရွယ် ကိုမင်းသန့်တို့ ပွဲချင်းပြီး သေဆုံးခဲ့ပြီး (၃၅)နှစ်အရွယ် ဒေါ်မာသွယ် နှင့် (၇)နှစ်အရွယ်သမီးငယ်၊ဒေါ်မာသွယ်၏မိခင် အသက်(၈၀)ကျော်အရွယ် ဒေါ်ခင်တင့်၊ အသက် (၁၄)နှစ်အရွယ် စစ်ဘေးရှောင်ကလေးငယ်တဦးတို့ ထပ်မံသေဆုံးခဲ့ပြီး စုစုပေါင်း ခုနစ်ဦး သေဆုံးခဲ့ ကြောင်း သိရသည်။

Irrawaddy – https://bitly.cx/gpcwB
People’s Spring – https://bitly.cx/wfrQ
ရွှေဖီမြေ – https://bitly.cx/SOy3D
Myanmar Now – https://bitly.cx/9Wmb
MFP – https://bitly.cx/taGXM
မောင်း – https://bitly.cx/a88KF

သုံးသပ်ချက်

စစ်ကော်မရှင်တပ်က စစ်ကိုင်းတိုင်း ဝက်လက်မြို့အရှေ့ခြမ်း ငါးပတ်ချောင်းရွာပေါ်သို့ ပေါင် ၂၀၀ ဗုံး လေးလုံး ကြဲချတိုက်ခိုက်ခဲ့ရာ ကလေးငယ်၊ သက်ကြီးရွယ်အိုများ အပါအဝင် ခုနစ်ဦး သေဆုံးခဲ့ကြောင်း သတင်းမီဒီယာ များက ရေးသားဖော်ပြထားကြသည်။

ထို့ကြောင့် စစ်တပ်လော်ဘီ တယ်လီဂရမ်ချန်နယ်များက “PDF ခုနစ်ဦး သေဆုံးကြောင်း သတင်းထုတ်ပြန် ထားသော်လည်း မြေပြင်၌ ၇၀ကျော် သေဆုံးနိုင်”ဟု ဖြန့်ဝေထားခြင်းသည် ဖြစ်စဉ်အမှန်ကို ဖုံးကွယ်၍ သတင်း အတု ဖြန့်ဝေထားခြင်းဖြစ်သည်။

ဆိုရှယ်မီဒီယာများတွင် ပျံ့နှံ့နေသောအကြောင်းအရာများအား သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်း အဆင့်ဆင့် အတည်ပြုဖော်ပြနေသော သတင်းမီဒီယာများ၌ ရှာဖွေဖတ်ရှုသင့်သည်။