DW
ရုရှားက ယူကရိန်းကို ကျူးကျော်စစ်စတင်ခဲ့ပြီး လေးနှစ်နီးပါးအတွင်း အပြင်းထန်ဆုံး လေကြောင်း တိုက်ခိုက်မှုတစ်ခုကို စက်တင်ဘာ ၆ ရက်ညက ပြုလုပ်ခဲ့သည်ဟု ယူကရိန်းအရာရှိများက ပြောကြားသည်။
ရုရှားက ဒရုန်း၈၀၅ စင်း၊ ဒုံးကျည် ၁၃ စင်းတို့ဖြင့် ပစ်ခတ်ခဲ့သော်လည်း လေကြောင်းရန် ကာကွယ်ရေးတပ်များက ဒရုန်း ၇၄၇ စင်း၊ ဒုံးကျည် ၄ စင်းကို ပစ်ချနိုင်ခဲ့ကြောင်း ယူကရိန်းလေတပ်က ထုတ်ပြန်ထားသည်။
ယူကရိန်းနိုင်ငံအနှံ့ရှိ နေရာများတွင် ဒုံးကျည် ၉ စင်း ထိမှန်ခဲ့ပြီး ဒရုန်း ၅၆ စင်းဖြင့် တိုက်ခိုက်ခဲ့ကြောင်း လေတပ်က အတည်ပြုခဲ့သည်။
ကိယက်ဗ်မြို့တွင် ယူကရိန်းဝန်ကြီးအဖွဲ့၏ဌာနချုပ် ပျက်စီးသွားခဲ့သည်။
“ရန်သူ့တိုက်ခိုက်မှုကြောင့် အစိုးရအဆောက်အအုံတစ်ခုဟာ ခေါင်မိုးနဲ့ အပေါ်ထပ်တွေအပါအဝင် ပျက်စီးခဲ့ရတာ ပထမဆုံးအကြိမ်ပါပဲ” ဟု ယူကရိန်းဝန်ကြီးချုပ် ယူရီလာဆူဗရီဒန်ကိုက ပြောကြားသည်။
“ကျွန်မတို့ဟာ အဆောက်အအုံတွေကို ပြန်လည်တည်ဆောက်ပါ့မယ်၊ ဒါပေမယ့် ဆုံးရှုံးသွားတဲ့အသက်တွေကိုတော့ ပြန်မရနိုင်ပါဘူး” ဟု ဆူဗရီဒန်ကိုက ဆိုသည်။
ရုရှားသမ္မတဗလာဒီမာပူတင်က စစ်ပွဲအဆုံးသတ်ရေးအတွက် ညှိနှိုင်းဆွေးနွေးရန် ယူကရိန်းသမ္မတဇယ်လန်စကီးကို မော်စကိုသို့ ဖိတ်ကြားခဲ့သော်လည်း ဇယ်လန်စကီးက ငြင်းဆိုကာ ပူတင်အနေဖြင့် ကိဗက်ဗ်သို့လာရန် တုံ့ပြန်ထားသည်။
