KIA တိုက်ခိုက်မှုကြောင့် စစ်တပ်တိုက်လေယာဉ်နှင့် ရဟတ်ယာဉ် ပျက်စီးမှုအား ဂျင်းသတင်းများဟု စစ်လော်ဘီများ သတင်းအတုဖြန့်နေ

ကချင်ပြည်နယ် မြစ်ကြီးနား လေတပ်စခန်း ဌာနချုပ် KIAတပ်ဖွဲ့ တိုက်ခိုက်မှုကြောင့် စစ်တပ်တိုက်လေယာဉ်တစ် စီးနှင့် ရဟတ်ယာဉ်တစ်စီး ထိခိုက်ပျက်စီးမှုအား ဂျင်းသတင်းများဟူ၍ စစ်လော်ဘီများက သတင်းအတုများ ဖြန့်ဝေနေကြသည်။

သတင်းအချက်အလက်စစ်ဆေးရေးအဖွဲ့ကဲ့သို့ အယောင်ဆောင်ထားသော “Fact Check” တယ်လီဂရမ်ချန် နယ်က ဒီဇင်ဘာ ၂၆ရက် နံနက်ပိုင်းတွင် “နမ်ပေါင်လေတပ်ကို အသေခံဒုန်းလွတ်တာတောင် ရဟတ်ယာဉ် ထိဖိုဝေး အုပ်ထားတဲ့ ပိုက်ကွန်တောင် အဖျားခတ်တာကို..ပေါက်ကရသတင်းနဲ့..ဂျင်းထည့်မနေနဲ့” ဟု (မူရင်း ရေးသားချက်)အတိုင်း ဖြန့်ဝေထားသည်။

သတင်းအတုလင့်ခ် – https://archive.ph/o5PdB

Ye Ba Nyein တယ်လီဂရမ်ချန်နယ်က မြစ်ကြီးနား လေတပ်စခန်းဌာနချုပ်ကို KIA က ဒရုန်းဖြင့် တိုက်ခိုက်ဖြင့် တိုက်ခိုက်ခဲ့သော်လည်း မအောင်မြင်ကြောင်း ရေးသားဖြန့်ဝေထားသည်။

သတင်းအတုလင့်ခ် – https://archive.ph/F6TV9
စစ်တပ်လော်ဘီ NP news ကလည်း သတင်းအတုဖြန့်ဝေထားသည်။ သတင်းအတုလင့်ခ် – https://archive.ph/AAROk

လေတပ်စခန်းဌာနချုပ် တိုက်ခိုက်ခံရမှုအကြောင်း သိရှိနိုင်ရန် Google တွင် “မြစ်ကြီးနား လေတပ်စခန်း တိုက်ခိုက်မှု” ဟုရေးသားရှာဖွေရာ သတင်းမီဒီယာများက သတင်းရေးသားဖော်ပြထားကြသည်။

သတင်းမီဒီယာများတွင် ဒီဇင် ဘာ ၂၅ရက် နံနက် အစောပိုင်းမှစ၍ KIA က ရပ်နားထားသော မြို့သိမ်းတိုက်ပွဲကို ပြန်လည်စတင်ခဲ့ခြင်းဖြစ်ကြောင်း၊ မြစ်ကြီးနား လေတပ်စခန်းဌာနချုပ်ကို ဒီဇင်ဘာ ၂၅ရက် နေ့လယ် ၁၂နာရီ ကျော်၌ KIA က လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ရာ စစ်ကောင်စီ၏ Mi-17 ရဟတ်ယာဉ် ၁ စီးနှင့် K 8W တိုက်လေယာဉ် ၁ စီး ထိမှန်ပျက်စီးခဲ့ကြောင်း သတင်းဖော်ပြထားကြသည်။

သတင်းလင့်ခ်များ

DVB – https://bitly.cx/1g9s
မြို့တော် – https://bitly.cx/ofb3
Ayeyarwaddy Time – https://bitly.cx/yhvU

သတင်းမီဒီယာများတွင် မြစ်ကြီးနားရှိ စစ်တပ်ဌာနချုပ်ကို KIA က လက်နက်ကြီးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ရဟတ်ယာဉ်တစ်စီးနှင့် တိုက်လေယာဉ်တစ်စီး ထိခိုက်ပျက်စီးခဲ့ကြောင်း ဖော်ပြထားကြသည်။

ထို့ကြောင့် စစ်တပ်လော်ဘီများက စစ်လေယာဉ်နှစ်စီး ထိခိုက်ပျက်စီးမှုကို “ဂျင်းသတင်းများ”ဟူ၍ ဖြန့်ဝေ နေခြင်းသည် ဖြစ်စဉ်အမှန်ကို ဖုံးကွယ်၍ သတင်းအတု ဖြန့်ဝေနေခြင်းဖြစ်သည်။
ဆိုရှယ်မီဒီယာများတွင် ပျံ့နှံ့နေသောအကြောင်းအရာများအား သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်း အဆင့်ဆင့် အတည်ပြုဖော်ပြနေသော သတင်းမီဒီယာများ၌ ရှာဖွေဖတ်ရှုသင့်သည်။

Editor – Wazza