ရန်ကုန်မြို့ကခြောက်ကပ်ကပ် အတုအယောင်ရွေးကောက်ပွဲ

ယနေ့ ရန်ကုန်မြို့ရှိ မဲရုံအသီးသီးတွင် မြင်တွေ့ရသည့် အခြေအနေမှာ ထူးခြားစွာ တိတ်ဆိတ်ခြောက်ကပ်လျက် ရှိသည်။

အတိတ်ကာလ ရွေးကောက်ပွဲများတွင် မဲပေးရန် စိတ်အားထက်သန်စွာ တန်းစီစောင့်ဆိုင်းနေကြသော လူတန်းကြီးများကို မတွေ့ရတော့ဘဲ၊ မဲရုံများအတွင်း၌ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် မဲရုံဝန်ထမ်း အချို့ကိုသာ မြင်တွေ့ရသည်။

ရန်ကုန်မြို့သူမြို့သား အများစုသည် ဤအတုအယောင် ရွေးကောက်ပွဲအပေါ် စိတ်ဝင်စားမှု ကင်းမဲ့စွာဖြင့် နေအိမ်များ၌သာ နေထိုင်ကြသဖြင့် မြို့ကြီးတစ်မြို့လုံးရှိ လမ်းမများပေါ်တွင် သွားလာသူ အလွန်တရာ ကျဲပါးနေသည်ကို တွေ့ရှိရသည်။

ရန်ကုန်မြို့မှာ အတုအယောင်ရွေးကောက်ပွဲအတွက် မဲပေးသူအများစုကလည်း အသက်အရွယ်ကြီးရင့်သူ အများစုသာ ဖြစ်သည်ကိုလည်း တွေ့ရသည်။

ဤဖြစ်ရပ်မှာ ပြည်သူလူထု၏ အသံနှင့် စစ်မှန်သော ဆန္ဒသဘောထားတို့မှာ မဲရုံများအတွင်း၌ လုံးဝပျောက်ဆုံးနေပြီ ဖြစ်ကြောင်းကို ထင်ရှားစွာ သက်သေပြနေခြင်းပင် ဖြစ်ပေသည်။