အင်းစိန်အကျဉ်းထောင်မှ ပြန်လည် လွတ်မြောက်လာသူများ

ယနေ့ (ဇန်နဝါရီလ ၄ ရက်) တွင် ကျရောက်သော (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အဖြစ် စစ်ကော်မရှင်က နိုင်ငံတစ်ဝန်းရှိ အကျဉ်းထောင်အသီးသီးမှ အကျဉ်းသားများကို ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁ အရ လွတ်ငြိမ်းခွင့်ဖြင့် ပြန်လည်လွှတ်ပေးခဲ့သည်ဟု ထုတ်ပြန်ထားသည်။

ထိုသို့ လွှတ်ပေးရာတွင် အင်းစိန်အကျဉ်းထောင်အပါအဝင် နယ်အကျဉ်းထောင်များမှ အကျဉ်းသားများ ပါဝင်ပြီး မိသားစုဝင်များက ထောင်ဘူးဝရှေ့တွင် စောင့်ဆိုင်းကြိုဆိုခဲ့ကြသည်။

ယခု လွတ်ငြိမ်းခွင့်တွင် နိုင်ငံရေးပုဒ်မများဖြင့် ဖမ်းဆီးခံထားရသည့် နိုင်ငံရေးအကျဉ်းသား မည်မျှပါဝင်သည်ကို တိတိကျကျ မသိရသေးဘဲ၊ အများစုမှာ ရာဇဝတ်မှုဖြင့် အကျဉ်းကျနေသူများသာ ဖြစ်နိုင်ကြောင်း အကျဉ်းသားမိသားစုဝင်အချို့နှင့် စောင့်ကြည့်သူများက ဝေဖန်ပြောဆိုမှုများ ရှိနေသည်။

ယနေ့ အင်းစိန်အကျဉ်းထောင်မှ ပြန်လည်လွတ်မြောက်လာသူများအနက် မော်ဒယ် နန်းမွေ့စံနှင့် ပြန်ကြားရေးဝန်ကြီးဟောင်း ဦးရဲထွဋ်တို့လည်း ပါဝင်ခဲ့သည်။