စစ်ကိုင်းတိုင်း ယင်းမာပင်မြို့နယ်ရှိ ပြန်လှည့်ကျေးရွာကို စစ်ကော်မရှင်တပ်က ပါရာမော်တာဖြင့် ဗုံးကြဲချ တိုက် ခိုက်ခဲ့ပြီး စစ်လော်ဘီများက PDF စခန်းဟု သတင်းအတုများ ဖြန့်ဝေနေကြသည်။
စစ်တပ်လော်ဘီ “ U Kyaw Soe Oo” တယ်လီဂရမ်ချန်နယ်က ၂၀၂၆ ဇန်နဝါရီ ၁၁ရက် မွန်းတည့်ချိန်တွင် “ယင်း မာပင်မြို့နယ် ပြန်လှည့်ရွာက ပဒက်စခန်းကို ဗုံးကြဲရှင်းလင်းမှုပါ” ဟု (မူရင်းရေးသားချက်)အတိုင်း ဓာတ်ပုံများ နှင့်အတူ ဖြန့်ဝေထားသည်။
သတင်းအတုလင့်ခ် – https://archive.md/ptS0n
ထိုသို့ ဖြန့်ဝေထားသော အကြောင်းအရာကို အခြားသော စစ်တပ်လော်ဘီချန်နယ်များစွာက ကူးယူဖြန့်ဝေထား ကြသဖြင့် ပျံ့နှံ့မှု များပြားနေသည်။
သတင်းအတုလင့်ခ်များ
Snow Queen – https://archive.md/31cDN
Ye Yint Htet – https://archive.md/69bFS
အာဏာသိမ်းစစ်တပ်လော်ဘီများ ဖြန့်ဝေထားသော သတင်းအကြောင်းအရာကို MPA က အချက်အလက်စစ် ဆေးကြည့်ရာ သတင်းအတုဖြစ်ကြောင်း စိစစ်တွေ့ရှိရသည်။
သတင်းစိစစ်ချက်
စစ်တပ်လော်ဘီများ ဖြန့်ဝေထားသော ဓာတ်ပုံကို Google Lens ဖြင့် ရှာဖွေကြည့်ရာ DVB သတင်းဌာနက သတင်းဓာတ်ပုံများနှင့် ထပ်တူညီနေသည်။
DVB သတင်းတွင် စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် ပြန်လှည့်ရွာကို စစ်တပ်က ဇန်နဝါရီ ၉ ရက် ည ၆ နာရီ ခွဲ ခန့်တွင် နမခ စစ်တပ်အတွင်းကနေ စက်တပ်လေထီးယာဉ်နှစ်စီးဖြင့် လာရောက်ဗုံးကြဲသဖြင့် ပြည်သူ ၄ ယောက် သေဆုံးခဲ့ရကြောင်း ရေးသားထားသည်။
သတင်းလင့်ခ် – https://bitly.cx/OqQMM
ထပ်မံအတည်ပြုနိုင်ရန် Google တွင် “ယင်းမာပင်မြို့နယ် ပြန်လှည့်ရွာ ဗုံးကြဲခံရ” ဟု ရေးသားရှာဖွေရာ Mandalay Free Press-MFP ၊ ရွှေဖီမြေ နှင့် မြို့တော် သတင်းမီဒီယာတို့က သတင်းဖော်ပြထားသည်။
သတင်းများတွင် မုံရွာမြို့ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ)က တက်လာသော ပါရာမော်တာ ၂ စင်းက ပြန်လှည့်ရွာမြောက်ဘက် ယမားချောင်းကမ်းရှိ ဈေးဆိုင်ပေါ် ဗုံးကြဲတိုက်ခိုက်သဖြင့် ဆိုင်အတွင်းရှိ အမျိုးသား နှစ်ဦး နှင့် အမျိုးသမီးနှစ်ဦး သေဆုံးခဲ့ကြောင်း၊ ဗုံးဒဏ်ကြောင့် နေအိမ် မီးလောင်ပျက်စီးသလို နွားရှစ်ကောင်နဲ့ မြင်းတစ်ကောင် သေဆုံးခဲ့ပြီး ထွန်စက်နှင့် ကားတစ်စီး ပျက်စီးခဲ့ကြောင်း သတင်းရေးသား ထားကြသည်။
သတင်းလင့်ခ်များ
MFP – https://bitly.cx/pVuV
ရွှေဖီမြေ – https://bitly.cx/uzkLm
မြို့တော် – https://bitly.cx/8R2G
သုံးသပ်ချက်
ဓာတ်ပုံအား အချက်အလက်စစ်ဆေးခြင်းနှင့် သတင်းမီဒီယာများ၏ သတင်းများအရ ယင်းမာပင်မြို့နယ် ပြန်လှည့်ရွာပေါ်သို့ စစ်တပ်က ဗုံးကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။
ဗုံးဒဏ်ကြောင့် ပြည်သူ လေးဦး သေဆုံးခဲ့ပြီး လေးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
စစ်တပ်လော်ဘီများက PDF စခန်းဟု ဖြန့်ဝေထားသော သတင်းအကြောင်းအရာသည် သတင်းအတုဖြစ် ကြောင်း သိနိုင်သည်။
ဆိုရှယ်မီဒီယာများတွင် ပျံ့နှံ့နေသောအကြောင်းအရာများအား သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်း အဆင့်ဆင့် အတည်ပြုဖော်ပြနေသော သတင်းမီဒီယာများ၌ ရှာဖွေဖတ်ရှုသင့်သည်။
