CDM အမျိုးသမီးများကို အပုပ်ချ စော်ကားပြောဆိုထားသော သတင်းအတုများ စစ်တပ်လော်ဘီ ဖြန့်နေ

CDM အမျိုးသမီးဆရာဝန်များနှင့် ဆရာမများ၏ ဂုဏ်သိက္ခာကို စစ်တပ်လော်ဘီများက အပုပ်ချစော်ကား ပြော ဆို၍ သတင်းအတုများ ဖြန့်ဝေနေကြသည်။

စစ်တပ်လော်ဘီ “မှိုင်းဝေ” တယ်လီဂရမ်ချန်နယ်က ၂၀၂၆ ဇန်နဝါရီ ၂၁ရက် နံနက်ပိုင်းတွင် “ဖားကန့်ဘက်မှာ ကျောက်စိမ်းလုပ်ကွက်ဖြင့် ချမ်းသာနေကြတဲ့ KIA အဖွဲများက တော်လှန်ရေးအတွက် ထောက်ပံ့မှုပေးတယ် ဟုဆိုကာ CDM Date Girl ဆရာဝန်မများနှင့် CDM ကျောင်းဆရာမများကို ခေါ်ပြီး နေ့စဉ်ပျော်ပါးနေသည့် အတွက် CDM လုပ်ထားသူများစီးပွားဖြစ်နေ…”ဟု (မူရင်းရေးသားချက်) ဖြန့်ဝေထားသည်။

သတင်းအတုလင့်ခ် – https://bitly.cx/n5n8

ထိုသို့ CDM အမျိုးသမီးများကို စော်ကားပြောဆိုထားသော ဖြန့်ဝေမှုကို အခြားသော စစ်တပ်လော်ဘီတယ်လီ ဂရမ်ချန်နယ်များက ကူးယူဖြန့်ဝေနေကြသဖြင့် ပျံ့နှံ့မှု များပြားနေသည်။

ကိုနှင်းမောင် – https://bitly.cx/Ef2N
MDY image – https://bitly.cx/FQKpC

စစ်တပ်လော်ဘီများ ဖြန့်ဝေထားသော အကြောင်းအရာကို MPA Fact-Check Team က အချက်အလက်ရှာ ဖွေစစ်ဆေးကြည့်ရာ CDM ဝန်ထမ်းများကို အပုပ်ချတိုက်ခိုက်ထားသော သတင်းအတုဖြစ်ကြောင်း စိစစ်တွေ့ရှိ ရသည်။

သက်သေပြချက်

စစ်တပ်လော်ဘီများသည် CDM အမျိုးသမီးဆရာဝန်များနှင့် CDM ဆရာမများကို Date Girl များဟု သုံးနှုန်း ခြင်းသည် အပုပ်ချ စော်ကားပြောဆိုမှုဖြစ်သည်။

စစ်တပ်လော်ဘီများသည် ယခင်ကလည်း စစ်တပ်အာဏာသိမ်းမှုကို ဆန့်ကျင်ခဲ့သော CDM ဝန်ထမ်းများနှင့် ပတ်သက်၍ အပုပ်ချတိုက်ခိုက်သော သတင်းအတု၊ သတင်းအမှားများ ဖြန့်ဝေခဲ့ဖူးသည်။

၂၀၂၅ ဩဂုတ် ၂၇ရက်တွင် စစ်တပ်လော်ဘီ “ဘညွှန့်” တယ်လီဂရမ်ချန်နယ်က “PDF များ၏ အဓမ္မပြု ကျင့်မှုကြောင့် CDM ကျောင်းဆရာမ သတ်သေ” ဟု သတင်းအမှား ဖြန့်ဝေခဲ့ဖူးသည်။

အဆိုပါအကြောင်းအရာကို MPA က Fact-Check လုပ်၍ သတင်းအမှားဖြစ်ကြောင်း စစ်ဆေးရေးသားခဲ့ သည်။ Fact-Check သတင်းလင့်ခ် – https://bitly.cx/6Zv1

ထို့အပြင် CDM များကို အပုပ်ချတိုက်ခိုက်ထားသော သတင်းအတု၊သတင်းအမှားများကို Myanmar Fact-Checking Network ၏ အဖွဲ့ဝင် မီဒီယာများက သတင်းအချက်အလက်စစ်ဆေးရေးသားခဲ့ကြသည်။

CDM များကို အပုပ်ချတိုက်ခိုက်ထားသော သတင်းအချို့ https://bitly.cx/tCjFg https://bitly.cx/lghvG

စစ်တပ်လော်ဘီများက CDM များကို ပစ်မှတ်ထား၍ အပုပ်ချတိုက်ခိုက်သော သတင်းအတု၊ သတင်းအမှား များစွာ ရှိနေသည်။

ထို့ကြောင့် CDM အမျိုးသမီးဆရာဝန်များနှင့် CDM ဆရာမများ၏ ဂုဏ်သိက္ခာကို စော်ကားပြီး အပုပ်ချတိုက် ခိုက်ထားသော စစ်တပ်လော်ဘီများ ဖြန့်ဝေနေထားမှုသည် သတင်းအတုသာ ဖြစ်သည်။

ဆိုရှယ်မီဒီယာများတွင် ပျံ့နှံ့နေသောအကြောင်းအရာများအား သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်း အဆင့်ဆင့် အတည်ပြုဖော်ပြနေသော သတင်းမီဒီယာများ၌ ရှာဖွေဖတ်ရှုသင့်သည်။