မျိုးဆက်တစ်ခုလုံး ဆုံးရှုံးရတော့မည့် စိုးရိမ်ရေမှတ်သို့ ရောက်ရှိနေပြီဟု သံအမတ်ကြီးပြော

ဓာတ်ပုံ-ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ်အဖွဲ့ရုံး၊ နယူးယောက်မြို့

မတရားစစ်အာဏာသိမ်းခံရခြင်းကြောင့် မြန်မာပြည်သူတို့မှာ မျိုးဆက်တစ်ခုလုံး ဆုံးရှုံးရတော့မည့် စိုးရိမ်ရေမှတ်သို့ ရောက်ရှိနေပြီဟု ကုလရင်ပြင်တွင် သံအမတ်ကြီးဦးကျော်မိုးထွန်းက ပြောကြား လိုက်သည်။

နယူးယောက်မြို့၊ကုလသမဂ္ဂဌာနချုပ်၌ ကျင်းပသည့် အစည်းအဝေးတစ်ရပ်တွင် ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက တက်ရောက်မိန့်ခွန်းပြောကြားစဉ် အထက်ပါအတိုင်း ပြောကြားခဲ့သည့်အပြင် မြန်မာပြည်သူများသည် နှစ်များစွာ အလကား ဆုံးရှုံးခဲ့ရပြီးဖြစ်ကြောင်းလည်း ပြောကြားကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စား လှယ်အဖွဲ့ရုံးက ယနေ့(ဖေဖေါ်ဝါရီ၃ရက်) သတင်းထုတ်ပြန်သည်။

“NLDအစိုးရလက်ထက်မှာ ရှေ့သို့ချီနေတဲ့ မြန်မာနိုင်ငံဟာ အာဏာသိမ်းမှုကြောင့် တစ်စစီဖြစ်သွား ရုံတင်မကဘူး။သံအမတ်ကြီးပြောကြားသလို မျိုးဆက်တစ်ခုလုံး တကယ်ကို ဆုံးရှုံးခဲ့ရတယ်။လူငယ် များစွာ စာသင်ခန်းထဲကနေ တောထဲတောင်ထဲ လက်နက်ကိုင်လမ်းစဉ်ကို မဖြစ်မနေ ရွေးချယ်ခဲ့ရ တယ်။တချို့လည်း ပေါ်တာဆွဲခံရပြီး စစ်တပ်ထဲရောက်သူရောက်။နိုင်ငံခြားကို ထွက်ပြေးသူပြေးနဲ့ အင်မတန်ဝမ်းနည်းစရာကောင်းတဲ့ ဖြစ်ရပ်မျိုးတွေ ကျနော်တို့ ရင်ဆိုင်နေရပါတယ်”ဟု ၁၉၉၀ကျော် ကာလ၊မန္တလေးထောင်မှ လွတ်မြောက်လာသော နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးက MPAသို့ ပြောသည်။

လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးမှု ကင်းမဲ့နေသောကြောင့် မြန်မာနိုင်ငံသည် ဆိုက်ဘာ မှုခင်းများ၊ အွန် လိုင်းလိမ်လည်မှုကွန်ရက်များနှင့် မူးယစ်ဆေးဝါးနှင့် လူကုန်ကူးမှုများ အပါအဝင် နယ်စပ်ဖြတ်ကျော် မှုခင်းများ ပျော်စံရာ ဗဟိုချက်ဖြစ်လာခဲ့ပြီး ယင်းဖြစ်စဉ်များက ဒေသတွင်းနှင့် နိုင်ငံတကာ ငြိမ်းချမ်း ရေး ကို ခြိမ်းခြောက်နေပြီဖြစ်ကြောင်းသံအမတ်ကြီးက ပြောသည်။

၂၀၂၁ ခုနှစ်၊ စစ်အုပ်စု၏ မတရား စစ်အာဏာသိမ်းမှု ခံခဲ့ရချိန်မှစတင်၍ ပြည်သူများသည် ကြီးလေး သော လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်းကို ကြံ့ကြံ့ခံဖြတ်ကျော်နေရကြောင်း၊ စစ်အုပ်စု၏ ရက်စက်ကြမ်းကြုတ်မှုများကြောင့် လူအလုံး လိုက် အရင်းလိုက် နေရပ်စွန့်ခွာနေထိုင်နေ ကြရပြီး လူသားစာနာ အရေးပေါ်အခြေအနေတစ်ရပ် ဖြစ်ပေါ်လာခဲ့ကြောင်းနှင့် ယခုအခါ လူသားအ ရင်းအမြစ်များနှင့် အလားအလာကောင်းသော ဖွံ့ဖြိုး တိုးတက်မှုများပါ သိသိသာသာနှင့် မြန်မြန်ဆန် ဆန်ပင် ပြုန်းတီးလျက်ရှိကြောင်းလည်း ဆိုသည်။

ဆက်လက်ပြီး သံအမတ်ကြီးက ကုလသမဂ္ဂနှင့် နိုင်ငံတကာအသိုက်အဝန်းတို့အနေဖြင့် မြန်မာပြည် သူများအပေါ် ယနေ့တိုင် ပျက်ကွက်လျက်ရှိကြောင်းလည်း ဝေဖန်ခဲ့သည်။

စာတည်း-ML