ပြည်သူကို ငရဲတွင်းသို့ ပို့ဆောင်မည့် ရွေးကောက်ပွဲဟု ကေအဲန်ယူ မှတ်ချက်ပြု

ဓာတ်ပုံ - လူမှုကွန်ရက်

စစ်ကော်မရှင်ရွေးကောက်ပွဲသည် ပြည်သူကို ငရဲတွင်းသို့ ပို့ဆောင်ရန်သာဖြစ်ကြောင်း ကေအဲန်ယူ၊ ညောင်လေးပင်ခရိုင်၊တပ်မဟာ၃ က ထုတ်ပြန်လိုက်သည်။

ကေအဲန်ယူ၊ ညောင်လေးပင်ခရိုင်၊တပ်မဟာ၃၏ စစ်ကော်မရှင်ရွေးကောက်ပွဲနှင့် ပတ်သက်ပြီး ယနေ့ (စက်တင်ဘာ၁၁ရက်)ထုတ်ပြန်ချက်တွင် အထက်ပါအတိုင်း ဖော်ပြထားသလို ယင်း တရားမဝင် အ တုအယောင်ရွေးကောက်ပွဲသည် စစ်အာဏာရှင်စနစ်ကို သက်ဆိုးရှည်စေပြီး ပြည်သူများအား အ သက်ရှင်လျက် သေလူနှင့်မခြားသော ဘဝသို့ တွန်းပို့မည်ဖြစ်ကြောင်းလည်း ဆိုသည်။

“ညောင်လေးပင်မှာ ဒီဇင်ဘာလကုန်ကျရင် ရွေးကောက်ပွဲလုပ်မယ်လို့ပြောတယ်။ဘယ်လိုတွေ လုပ်မ လဲ တော့ မသိဘူး။အခုထိ မြို့ပေါ်မှာတောင် ပါတီတွေ လှုပ်ရှားတာ သိပ်မတွေ့သေးဘူး။မက်စ်တပ် ပြီး မဲ ဆွယ်တာတောင် လုပ်ရဲမယ်မထင်ဘူး။မြို့ပေါ်မှာ ရွေးကောက်ပွဲအဖြစ် လုပ်ပြပြီး ရွာတွေ ဘက် တော့ လုပ်မယ်မထင်ဘူး။အားနာလို့သာ ဖြေရတာ၊သိပ်လည်း မပြောရဲဘူး”ဟု ညောင်လေးပင်မြို့၊ မြို့မ/၂ရပ်ကွက်နေ ပြည်သူတစ်ဦးက MPAသို့ပြောသည်။

ဒီဇင်ဘာ ၂၈ရက်တွင် စစ်ကော်မရှင်ပြုလုပ်မည်ဆိုသော ရွေးကောက်ပွဲ အပိုင်း၁ထဲ၌ ညောင်လေးပင်မြို့နယ်လည်း ပါဝင်ပြီး တရားမဝင်အတုအယောင်ရွေးကောက်ပွဲကို အားပေးအား မြှောက်ပြုလုပ်သူများအား ကေအဲန်ယူ၊တပ်မဟာ၃ က စောင့်ကြပ်ကြည့်ရှုကာ ကော်သူးလေတရားဥပဒေနှင့်အညီ အရေးယူသွားမည်ဟုလည်း ကေအဲန်ယူ၊ ညောင်လေးပင်ခရိုင်၊ တပ်မဟာ၃ က ထုတ်ပြန်ထားသည်။

ညောင်လေးပင်ခရိုင် အုပ်ချုပ်မှုနယ်မြေအတွင်းရှိ ပြည်သူများ၊လူမှုရေး၊ဘာသာရေး အသင်းအဖွဲ့များ၊ နိုင်ငံရေးပါတီ များနှင့် တသီးပုဂ္ဂလများအနေနှင့် ရွေးကောက်ပွဲတွင် ဝင်မပါကြရန်လည်း သတိပေးထား သည်။

တရားမဝင်အတုအယောင်ရွေးကောက်ပွဲကို ဝင်ရောက်အားပေးကူညီခြင်းသည် စစ်ကော်မရှင်အား တရားဝင်လူသတ်လိုင်စင် ပေးသူများဖြစ်ပြီး ယင်းရွေးကောက်ပွဲရလဒ်သည် စစ်ကော်မရှင် အကြီးအ ကဲ၊အပေါင်းအပါ မိသားစုဝင်များနှင့် စစ်ကော်မရှင်လောင်းရိပ်အောက်တွင် အဆိပ်သင့်နေသည့် နိုင် ငံရေးပါတီများ၏ အကျိုးစီးပွားရရှိရေးပင်ဖြစ်ကြောင်း ကေအဲန်ယူ၊ ညောင်လေးပင်ခရိုင်၊ တပ်မဟာ၃ က ဆိုသည်။