စစ်ခေါင်းဆောင်တို့၏ လက်အောက်တွင် အောက်ခြေစစ်သည်တို့၏ အသက်နှင့်ဘဝသည် ကိန်းဂဏန်းတစ်ခုမျှသာ ဖြစ်ကြောင်း ပြည်သူ့ပန်းတိုင်က ဆိုသည်။
စစ်အာဏာသိမ်းမှုကြောင့် ၅နှစ်အတွင်း ပြည်သူ့အသက်အိုးအိမ်စည်းစိမ်နှင့်တကွ စစ်သည်တို့၏ အသက်ပေါင်းများစွာ ဆုံးရှုံးခဲ့ရပြီးသော်လည်း စစ်မက်ဖြစ်ပွားရခြင်း၏ အကြောင်းရင်းကို စစ်ခေါင်းဆောင်တို့က မျက်ကွယ်ပြုနေဆဲပင်ဖြစ်ကြောင်းလည်း ပြည်သူ့ပန်းတိုင်က ထုတ်ပြန် ထားသည်။
“တိုက်ပွဲမှာသေသွားတဲ့စစ်သားတွေကို ကိန်းဂဏန်းတစ်ခုအနေနဲ့တောင် ဖော်ပြမခံရဘဲ ပျောက်ဆုံး လိုလို ဘာလိုလိုနဲ့ သေတာကို သေတယ်လို့ အသိအမှတ်ပြုမခံရတာတွေ အများကြီးပါပဲ။တပ်ထဲမှာ အထူးသဖြင့် လူပျိုလူလွတ်တွေ အလင်းဝင်ချင်တာ များပေမဲ့ အလင်းဝင်လို့ရမယ့်ချန်နယ်တွေနဲ့ အ လင်းဝင်ပြီးတဲ့နောက် ရပ်တည်ရေးပြဿနာတွေကို ထည့်စဉ်းစားနေကြတယ်။အဲဒီ၂ချက်ကြောင့် အ လင်းဝင်တာ နည်းနေသေးတာလို့ မြင်တယ်”ဟု နယ်စပ်ဒေသအခြေစိုက် စီဒီအမ်အရာရှိတစ်ဦးက MPAသို့ပြောသည်။
အဓမ္မဖမ်းဆီးမှုနှင့် အကြောင်းအမျိုးမျိုးကြောင့် စစ်တပ်ထဲသို့ မဝင်ချင်ဘဲ ဝင်လိုက်ရသည့် စစ်မှုထမ်း တပ်သားအရေအတွက်မှာ တစ်သိန်းဝန်းကျင်ရှိပြီဖြစ်သော်လည်း အလင်းဝင်လာသည့် စစ်မှုထမ်း တပ်သားအရေအတွက် ၁၀၀၀မျှသာရှိသေးကြောင်း ၎င်းက ဆိုသည်။
“တော်လှန်ရေးခေါင်းဆောင်တွေ သေချာပြန်သုံးသပ်သင့်တယ်။ စစ်တပ်ထဲ မဝင်ချင်ဘဲ ဝင် လိုက်ရတဲ့ ပစ(စစ်မှုထမ်းတပ်သား)တွေ ဘာလို့ အလင်းဝင်တာ နည်းနေရသလဲဆိုတာကို”ဟု ၎င်းက ဆက်လက်ပြောသည်။
စစ်မှုထမ်းသင်တန်းဆင်းပါက မိမိတို့ရပ်ရွာ၌သာ တာဝန်ပြန်ချပေးမည်ဟု မွန်ပြည်နယ်ဝန်ကြီးချုပ် အောင်ကြည်သိန်းက ပြောသည့် စကားကို ယုံကာ စစ်မှုထမ်းအပတ်စဉ်၁ နှင့် ၂ တို့တွင် စစ်မှု ထမ်းထဲ လိုက်သွားသည့် မွန်ပြည်နယ်၊ချောင်းဆုံမြို့သား ၁၅ယောက်ကျော်ရှိပြီး ၎င်းတို့အားလုံးနှင့် မိသားစုဝင်တို့ အဆက်အသွယ်မရသည်မှာ ကြာပြီဖြစ်ကြောင်းနှင့် ၎င်းတို့၏ မိသားစုများနှင့် ဒေသခံ များကပါ ၎င်းတို့သေဆုံးကုန်ပြီဟု ယူဆကြသော်လည်း စစ်တပ်က တရားဝင်အကြောင်းကြားမှု မရှိကြောင်း ချောင်း ဆုံရပ်ကျေးအုပ်ချုပ်ရေးနှင့် နီးစပ်သူ တစ်ဦးက ၂၀၂၅ခုနှစ်၊အောက်တိုဘာလ အတွင်း MPAသို့ ပြောကြားခဲ့ဖူးသည်။
စစ်တပ်သည် ၅နှစ်အုပ်ချုပ်ခဲ့သည့်ကာလအတွင်း ပေးနိုင်သမျှဒုက္ခများ အစွမ်းကုန်ပေးခဲ့ပြီးဖြစ်သ လို အရပ်ဝတ်လဲကာ ပြည်သူများအား နောက်ထပ် ၅နှစ် သောကများ ထပ်ပေးချင်နေသေးသည်ကို စစ်အုပ်စုဝင်များ သိသင့်ပြီဟု ပြည်သူ့ပန်းတိုင်က ဆိုသည်။
ပြည်သူ့ပန်းတိုင်က ကောက်ယူထားတဲ့ မှတ်တမ်းများအရ ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီမှ ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီ ပထမပတ်အထိ အလင်းဝင်နှင့်စစ်သုံ့ပန်း စုစုပေါင်း ၂၇၇၈ ဦးရှိကြောင်း သိရသည်။
