ခေတ္တရပ်နားထားသော စတုတ္ထအကြိမ်မြောက် တက္ကသိုလ်ဝင်ခွင့် လျှောက်ထားခြင်းဆိုင်ရာ လုပ် ငန်းစဉ်များကို ဖေဖေါ်ဝါရီ၂၂ရက်၊ညပိုင်းမှစတင်ကာ ပြန်လည်စတင်လုပ်ဆောင်ပြီဖြစ်ကြောင်း တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်ဖြစ်မြောက်ရေးအဖွဲ့က ထုတ်ပြန်သည်။
ဒေါ်ကြည်ပြာပြဿနာနှင့်ပတ်သက်ပြီး NUGဝန်ကြီးချုပ်ရုံး၏ ဖေဖေါ်ဝါရီ၁၈ရက် ထုတ်ပြန်ချက် သည် တာဝန်ယူမှု၊ တာဝန်ခံမှု ကင်းမဲ့သည်ဟုဆိုကာ တက္ကသိုလ်ဝင်ခွင့် လုပ်ငန်းစဉ်များကို ဖေဖေါ် ဝါရီ၁၉ရက်မှစ၍ တစ်စုံတစ်ရာကျေလည်မှုမရမချင်း ရပ်ဆိုင်းထားမည်ဖြစ်ကြောင်း NUGပညာရေး ဝန်ကြီးဌာန၊တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်ဖြစ်မြောက်ရေးအဖွဲ့က ထုတ်ပြန်ခဲ့သည်။
“NUG က ဒေါ်ကြည်ပြာကိစ္စ သတင်းစာရှင်းတာ လုံးဝစိတ်ကျေနပ်မှု ရကြတာမဟုတ်ဘူးဆိုပေမဲ့ ကျ မတို့ CDM တွေအတွက်တော့ အတိုင်းအတာတစ်ခုအနေနဲ့ စိတ်ကျေနပ်တယ်။အဲကိစ္စကို ဆက်ပြီး တော့လည်း ကိုင်တွယ်သွားဦးမယ်ဆိုတော့လေ။အခုထိ မကျေမနပ်ဖြစ်နေတဲ့သူတွေကိုတော့ ဘာမှ မပြောလိုပါဘူး။တချို့ကလည်း ဘာဆိုဘာမှ မကျေနပ်နေကြဘူးဆိုတော့လေ။ဝင်ခွင့်လမ်းညွှန်က အခုလို ပြန်ကြေညာတာ ကြိုဆိုပါတယ်”ဟု မဲဆောက်အခြေစိုက် CDM ဆရာမတစ်ဦးက MPA သို့ပြောသည်။
ပြည်သူ့အသံ၊CDMအဖွဲ့အစည်းများ၏အသံကို နားထောင်ကာ ပြည်ထောင်စုဝန်ကြီးချုပ်ရုံး၏ ပြည် သူလူထုသို့ ထုတ်ပြန်ရှင်းလင်းပေးမှုအပေါ် ကြိုဆိုကြောင်းနှင့် စုံစမ်းစစ်ဆေးရေးဖြစ်စဉ်များ ဆက် လက်ဆောင်ရွက်ရန်ရှိသည်ဟု ကတိပြုခဲ့ကြောင်းယင်းကတိပြုချက်များကို သက်ဆိုင်ရာအဖွဲ့အစည်း များက ဖြောင့်မတ်စွာ ဆက်လက်အကော်အထည်ဖော်သွားမည်ဟု ယုံကြည်ကြောင်းနှင့် အကောင်အ ထည်ဖော်မှုများကိုလည်း ဆက်လက်စောင့်ကြည့်လျက်ရှိကြောင်း တက္ကသိုလ်ဝင်ခွင့်လမ်းညွှန်ဖြစ်မြောက်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။
တက္ကသိုလ်ဝင်ခွင့်လျှောက်လွှာ ပိတ်မည့်နေ့ကို မတ်လ၂ရက်အစား မတ်လ၅ရက်သို့ တိုးမြှင့် သတ် မှတ်လိုက်ကြောင်းလည်း ဆိုသည်။
ဖေဖော်ဝါရီ ၂၁ရက် တွင် ပြည်ထောင်စုဝန်ကြီးချုပ်ရုံး အမြဲတမ်းအတွင်းဝန် ဒေါ်ကြည်ပြာနှင့် ခင်ပွန်းဖြစ်သူတို့အား တိုင်ကြားမှုဆိုင်ရာ သတင်းစာရှင်းလင်းပွဲကို NUGအစိုးရက ကျင်းပခဲ့သည်။ထို့နောက် ဒေါ်ကြည်ပြာက ရာထူးမှ နှုတ်ထွက်ခွင့်ပြုရန် ဖေဖေါ်ဝါရီ၂၁ရက်စွဲဖြင့် နှုတ်ထွက်စာတင်ခဲ့သည်။
