By Khaosod News
ထိုင်းနိုင်ငံ၊ ကန်ချနပူရီခရိုင်၊ စံဃလာဘူရီမြို့နယ်၊ နောင်လူးကျေးရွာအုပ်စု၊ အမှတ် ၈ကျေးရွာရှိ ကျွဲကောခြံတစ်ခုတွင် ပုန်းအောင်းနေသည့် ရွှေ့ပြောင်းမြန်မာလုပ်သား အမျိုးသား ၄၈ ဦးနှင့် အမျိုးသမီး ၂၂ ဦးကို ယနေ့(စက်တင်ဘာ ၁၄ရက်)၊ မွန်းလွဲ ၁၂နာရီ ၃၀ မိနစ်တွင် စံဃလာဘူရီရဲစခန်းက ဖမ်းဆီးခဲ့ကြောင်းသိရသည်။
ဖမ်းဆီးခံရသူအားလုံးသည် ဝင်ရောက်နေထိုင်ခွင့်ဆိုင်ရာ စာရွက်စာတမ်း အထောက်အထား မပြသနိုင်သောကြောင့် ခွင့်ပြုချက်မရှိဘဲ တရားမဝင် ဝင်ရောက်နေထိုင်မှုဖြင့် တရားစွဲဆိုခြင်းခံရမည်လည်းဖြစ်သည်။


ထိုင်းရဲတပ်ဖွဲ့၏ ဖမ်းဆီးချင်းခံရသူများသည် မန္တလေးနှင့် ရန်ကုန်တို့မှ ဖြစ်ပြီး စမွတ်စခွန်နှင့် စမွတ်ပရာကန်ပြည်များ၌ သွားရောက်အလုပ်လုပ်ကိုင်ရန် ပွဲစားအား တစ်ဦးလျှင် ဘတ် ၁၅၀၀၀ ပေးဆောင်ခဲ့ရသည်။
လက်ရှိတွင် ဖမ်းဆီးခံရသူအားလုံးကို မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ရန်အတွက် ကန်ချနပူရီ လူဝင်မှုကြီး ကြပ်ရေးအဖွဲ့က ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
