အတုအယောင်ရွေးကောက်ပွဲ ဆန့်ကျင်ကြောင်း ဆားလင်းကြီးမြို့ခံများ ဆန္ဒပြ

ဓာတ်ပုံ-Ko Myo Min Facebook

By MPA

စစ်ကော်မရှင်က ပြုလုပ်မည့် အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ကြောင်း ဆားလင်းကြီးမြို့နယ် သပိတ်အင်အားစုနှင့် စျေးသူစျေးသားများ ပူးပေါင်း ဆန္ဒထုတ်ဖော်ခဲ့ကြောင်းသိရသည်။

ယနေ့( စက်တင်ဘာ ၁၄ရက်)၊ နံနက်ပိုင်းက ဆားလင်းကြီးမြို့နယ်ရှိ စျေးတစ်နေရာ၌ စစ်ကော်မရှင်၏ အတုအယောင်ရွေးကောက်ပွဲကို ဆန့်ကျင်ကန့်ကွက်မှုများပြုလုပ်ခဲ့ပြီး စစ်အာဏာရှင်စနစ် ကျရှုံးရေးဟစ်ကြွေးမှုများလည်း လုပ်ဆောင်ခဲ့ခြင်းသိရသည်။

အဆိုပါ ဆန္ဒပြပွဲ၌ လူသတ်၊ မီးရှို့ မှုများပြုလုပ်နေသည့် စစ်ကော်မရှင် အတုအယောင်ရွေးကောက်ပွဲ အလိုမရှိဟုလည်း သံပြိုင်ဟစ်ကြွေးခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ-Ko Myo Min Facebook