အချုပ်ခန်းအတွင်း ကျဆုံးခဲ့သော နိုင်ငံရေးအကျဉ်းသူ၏ ဂုဏ်သိက္ခာကို ထိပါးစော်ကားထားသည့် သတင်းအမှား

စစ်ကိုင်းတိုင်း တည့်ဆည်အချုပ်ခန်းအတွင်း ကျဆုံးခဲ့သည့် နိုင်ငံရေးအကျဉ်းသူ၏ ဂုဏ်သိက္ခာကို ထိပါး စော် ကားထားသော သတင်းအမှားကို စစ်တပ်လော်ဘီတယ်လီဂရမ်ချန်နယ်များက ဖြန့်ဝေနေကြသည်။

စစ်တပ်လော်ဘီ “မှိုင်းဝေ” တယ်လီဂရမ်ချန်နယ်က ၂၀၂၆ မတ် ၃၀ရက် မွန်းလွဲ ၁နာရီကျော်တွင် “ NUG အဖွဲ့မှ ကာဂွယ်ရေးဝံချီး ဦးအရည်မွန်ရဲ့ ဒုတိယဇနီး ဒေါ်သက်သက်မာသည် အရက်စွဲရောဂါဖြင့် သေဆုံး…
လင်မယားနှစ်ယောက်လိုက်လည်း လိုက်တယ်” ဟု (မူရင်းရေးသားချက်) ဖြန့်ဝေထားသည်။
အဆိုပါ ဖြန့်ဝေမှုတွင် NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်၏ လည်ပင်းတွင် အရက်ပုလင်းများ ချိတ်ဆွဲထား သောပုံနှင့် အချုပ်ခန်းအတွင်း ကျဆုံးခဲ့သူ ဒေါ်သက်သက်မာတို့၏ ဓာတ်ပုံနှစ်ခုကို ပူးတွဲဖြန့်ဝေထားသည်။

သတင်းအမှားလင့်ခ် – https://archive.ph/eUwc5

အဆိုပါ အကြောင်းအရာကို အခြားသော စစ်တပ်လော်ဘီချန်နယ်များက ကူးယူဖြန့်ဝေနေကြသဖြင့် ပျံ့နှံ့မှု များပြားနေသည်။

သတင်းအမှားလင့်ခ်များ

ဖိုးမောင် – https://archive.ph/KNOGB
နောင်ရိုးဟစ်တိုင် – https://archive.ph/XseCy

စစ်တပ်လော်ဘီများက သေဆုံးသူ၏ ဂုဏ်သိက္ခာကို စော်ကားဖြန့်ဝေထားသော ကိစ္စကို MPA Fact-Check team က အချက်အလက်စစ်ဆေးရာ သတင်းအမှားဖြစ်ကြောင်း စိစစ်တွေ့ရှိရသည်။

သက်သေပြချက်

စစ်လော်ဘီများ၏ ဖြန့်ဝေမှု မှန်၊ မမှန် သိရှိနိုင်ရန် Google တွင် “တန့်ဆည် အချုပ်ခန်းအတွင်း သေဆုံးသူ”ဟု ရေးသားရှာဖွေရာ စိတ်ချယုံကြည်ရသော သတင်းမီဒီယာများက သတင်းဖြစ်စဉ်အမှန်ကို ရေးသားဖော်ပြထား ကြသည်။

သတင်းများတွင် စစ်ကိုင်းတိုင်း တန့်ဆည်ရဲစခန်းအချုပ်တွင် သုံးနှစ်ကျော်ကြာ ပိတ်လှောင်ခံထားရသော အသက် ၅၄နှစ်အရွယ် နိုင်ငံရေးအကျဉ်းသူဒေါ်သက်သက်မာ ဆေးဝါးကုသခွင့် မရဘဲ အချုပ်ခန်းအတွင်း ကွယ်လွန်သွားခဲ့ကြောင်း၊ ဒေါ်သက်သက်မာသည် ရွှေဘိုခရိုင် ထောက်ပို့တာဝန်ခံ စာရေးဆရာ ရန်ငြိမ်းသူ၏ ဇနီးဖြစ်ကြောင်း၊ စစ်တပ်က ၎င်း၏ခင်ပွန်း စာရေးဆရာကို လိုက်လံဖမ်းဆီးရာမှ ဖမ်းမမိသဖြင် ဇနီးဖြစ်သူ နှင့် သားဖြစ်သူတို့ကို ဓားစာခံအဖြစ် မတရားဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း၊ သူမကို ပုဒ်မ ၅၀၅(က)၊ ၅၀(ည)၊ ၅၂(က)တို့ ဖြင့် စွဲချကတင် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) ၏ ထုတ်ပြန်ချက်ကို ကိုးကား၍ ဖော်ပြထားသည်။

သတင်းလင့်ခ်များ

DVB – https://bitly.cx/pso14
People’s Spring – https://bitly.cx/ItA5Q
DMG – https://bitly.cx/MgBu6
MPA – https://bitly.cx/sePE3

သတင်းများအရ အချုပ်ခန်းအတွင်း ကျဆုံးခဲ့သူ ဒေါ်သက်သက်မာသည် စာရေးဆရာ ရန်ငြိမ်းသူ၏ ဇနီးဖြစ် သည်။
စစ်တပ်လော်ဘီများ ဖြန့်ဝေထားသော ဝန်ကြီးဦးရည်မွန်၏ ဒုတိယဇနီးမဟုတ်ကြောင်း အခိုင်အမာ သက်သေပြ နိုင်သည်။

NUG ဝန်ကြီး ဦးရည်မွန်၏ လည်ပင်းတွင် အရက်ပုလင်းများ ချိတ်ဆွဲထားသော ဓာတ်ပုံကို စစ်ဆေးကြည့်ရာ တကယ်အစစ်အမှန် ရိုက်ကူးထားသော ပုံမဟုတ်ဘဲ Ai ဖြင့် ဖန်တီးထားသော ဓာတ်ပုံဖြစ်သည်။

သုံးသပ်ချက်

စစ်လော်ဘီများက အချုပ်ခန်းအတွင်း ကျဆုံးခဲ့သူ နိုင်ငံရေးအကျဉ်းသူကို ဝန်ကြီးဦးရည်မွန်၏ ဒုတိယ ဇနီးဟု ပြောဆိုဖြန့်ဝေနေခြင်းသည် သေဆုံးသူ၏ ဂုဏ်သိက္ခာကို ထိပါးစော်ကား၍ သတင်းအမှားဖြင့် အပုပ်ချ ခြင်းသာဖြစ်သည်။

အချက်အလက်စစ်ဆေးမှုနှင့် သတင်းမီဒီယာများ၏ ဖော်ပြချက်အရ ဒေါ်သက်သက်မာသည် စာရေးဆရာ ရန်ငြိမ်းသူ၏ ဇနီးသည်ဖြစ်သည်။
ထို့ကြောင့် စစ်တပ်လော်ဘီများ ဖြန့်ဝေနေသော အကြောင်းအရာသည် သေဆုံး၏သူ ဂုဏ်သိက္ခာကို ထိပါး စော်ကားထားသော သတင်းအမှားသာဖြစ်သည်။
ဆိုရှယ်မီဒီယာများတွင် ပျံ့နှံ့နေသောအကြောင်းအရာများကို အလွယ်တကူ မယုံကြည်ဘဲ သတင်းမီဒီယာ လုပ်ငန်းစဉ်အတိုင်း အဆင့်ဆင့် အတည်ပြုဖော်ပြနေသော သတင်းမီဒီယာများ၌ ရှာဖွေဖတ်ရှုသင့်သည်။
Editor – Wazza