ရန်ကုန်မြို့၊စမ်းချောင်းမြို့နယ်၊မြေနီကုန်းခုံးတံတားပေါ်မှ သက်ကြီးပိုင်းအမျိုးသားတစ်ဦး ပြုတ်ကျ သေဆုံးခဲ့ကြောင်း သိရသည်။
ယနေ့(ဧပြီ၅ရက်)မွန်းလွဲ ၁၂နာရီ၂၂မိနစ်ခန့်တွင် စမ်းချောင်းမြို့နယ်၊ရှင်စောပုလမ်းနှင့် ပြည်လမ်း ထောင့် မြေနီကုန်းခုံးတံတားပေါ်မှ အမျိုးသားတစ်ဦး ပြုတ်ကျနေကြောင်း သတင်းရသဖြင့် သွား ရောက်ခဲ့ရာ အမျိုးသားကြီးတစ်ဦး ဒဏ်ရာများဖြင့် သေဆုံးနေကြောင်း တွေ့ရှိသဖြင့် ရန်ကုန်ဆေး ရုံကြီးသို့ ပို့ဆောင်ခဲ့ကြောင်း အနာဂတ်အလင်းတန်းပရဟိတအသင်းက သတင်းထုတ်ပြန်သည်။
“တံတားပေါ်ကနေ မတော်တဆပြုတ်ကျဖို့က မဖြစ်နိုင်ဘူးလေ။ဒါပေမဲ့၊ဘယ်လိုကြောင့်လဲဆိုတာ တော့ မျက်မြင်မရှိဘူးပေါ့။ပွဲချင်းပြီးပဲ ဆုံးတာထင်တယ်။လာကူတဲ့အသင်းကတစ်ယောက်ပြောတာ ကတော့ အသက်၇၀လောက် အမျိုးသားတဲ့။လူတိုင်းက ဒုက္ခတွေ များကြတာလေ”ဟု ဒဂုံစင်တာနှင့် မျက်နှာချင်းဆိုင်တွင် နေထိုင်သူ အမျိုးသမီးတစ်ဦးက MPAသို့ပြောသည်။
သေဆုံးသွားသည့် အမျိုးသားသည် မြေနီကုန်း အနီးဝန်းကျင်မှ မဟုတ်ကြောင်းနှင့် ၎င်း၏အမည်နှင့် နေရပ်ကို စုံစမ်းနေဆဲဖြစ်ကြောင်း ၎င်းက ဆိုသည်။
စာတည်း-ML
