မော်လမြိုင်ဇော်မဲလုံး ဖြစ်ချင်သူ ဆယ်လီ ၃ ဦး စစ်အာဏာရှင် မျက်နှာသာပေးရေး အပြိုင်အဆိုင် အလုပ်အကျွေးပြုနေ

ဓာတ်ပုံ- Bobowin ၊ Zin Moe ၊ Myint Soe ဖေ့စ်ဘွတ်ခ်
ပုံစာ- ဘိုဘိုဝင်း၊ ဇင်မိုးနှင့် ၎င်းတို့ကို စိန်ခေါ်ထားသော လူမှုကွန်ရက်စာသား

မော်လမြိုင်လူမှုကွန်ရက်တွင် လူသိများနေသူ ၃ ဦးမှာ စစ်အာဏာရှင် မျက်သာပေးရေးအတွက် အပြိုင်အဆိုင်အလုပ်အကျွေးပြုနေကြောင်း သိရသည်။

မော်လမြိုင်မြို့ခံ ပရဟိတဘိုဘိုဝင်း၊ ဇင်မိုးနှင့် တက္ကစီသမား မြင့်စိုးတို့မှာ ၎င်းတို့၏ ဖေ့စ်ဘွတ်ခ်စာ မျက်နှာပေါ် စစ်ကော်မရှင်အကြိုက် သတင်းများတင်ကာ မွန်ပြည်နယ်စစ်ကော်မရှင်၏ အရပ်ဘက် ပြန်ကြားရေးတာဝန်ရှိသူများသဖွယ် ၎င်းတို့ကိုယ်၎င်းတို့ ခံယူ၍ အကျိုးဆောင်နေကြကြောင်း မော် လမြိုင်မြို့ခံအချို့ထံက သိရသည်။

“ဘိုဘိုဝင်းနဲ့ ဇင်မိုးကတော့ နဂိုကတည်းက ဘောမတွေပါ။ကျပ်မပြည့်တဲ့ စစ်တပ်နဲ့ ကြံ့ဖွံ့တို့လိုမျိုး ကိုပဲ ဝင်လုံးလို့ရတာဆိုတော့ အဲ၂ကောင် စစ်တပ်က အာဏာသိမ်းတော့ ရူးမတတ်ပျော်ခဲ့တဲ့ကောင် တွေလို့ ပြောနိုင်တယ်။အခုနောက်ပိုင်းတော့ တက္ကစီမောင်းတဲ့ မြင့်စိုးကလည်း မော်လမြိုင်ဘော မသတင်းတွေ အလုအယက်တင်ပြီး မျက်နှာဝင်လုပ်နေတယ်။အခု ဆီတွေပြဿနာပေါ်တော့ ဆီ သတင်းတွေ အလုအယက်တင်နေတယ်”ဟု မော်လမြိုင်မြို့ခံ လူမှုကူညီရေးသမားတစ်ဦးက MPA သို့ ပြောသည်။

တရားမဝင် မွန်ပြည်နယ်အစိုးရက ၎င်းတို့ဖော်ပြလိုသော ဒေသတွင်းသတင်းများကို ဖေ့စ်ဘွတ်ခ် ဆယ်လီများဆီ ပေးပို့ကာ ဖော်ပြခိုင်းပြီး ဆယ်လီများကလည်း ပျော်ရွှင်စွာ ဖော်ပြပေးကြောင်း မွန် ပြည်နယ်အစိုးရအဖွဲ့ရုံးနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

“အခုပြောနေတဲ့ ၃ယောက်ကလည်း သူတို့ကိုယ်သူတို့ မော်လမြိုင်ဇော်မဲလုံးဖြစ်ချင်ကြတော့ ပျော် ပျော်ကြီးကို အသုံးချခံနေတာ။တစ်ချိန်မှာ သမိုင်းတရားခံဖြစ်သွားမယ်ဆိုတာလောက်အထိ သူတို့ စဉ်းစားနိုင်တဲ့ ဦးနှောက်မရှိဘူး။စစ်တပ်က တစ်သက်လုံး အာဏာသိမ်းထားနိုင်မယ်လို့ပဲ သူတို့ထင် နေကြတာ”ဟု ၎င်းက ပြောသည်။

တရားမဝင်မွန်ပြည်နယ်အစိုးရအကြိုက် သတင်းများကို ၎င်းတို့ဖေ့စ်ဘွတ်ခ်ပေါ် ဖော်ပြသည့်အတွက် အကျိုးအမြတ်တစ်စုံတစ်ရာရရှိမှာ သေချာကြောင်း ၎င်းက ဆိုသည်။

“ဘိုဘိုဝင်းနဲ့ ဇင်မိုး ကလူလည်တွေ။ဒီကောင်တွေ လည်တာ မော်လမြိုင်မြို့သားတိုင်း သိတယ်။စစ် တပ်က ပေါင်းစားတတ်တယ်။ဟိုကောင် မြင့်စိုးကတော့ ဘူမသိ ကိုးမသိနဲ့ ဓာတ်ဆီ တန်းမစီဘဲ ထည့်ခွင့်ရရင်ကို ပျော်နေတာ”ဟု ၎င်းက ဆက်လက်ပြောသည်။

ဘိုဘိုဝင်း၊ဇင်မိုးနှင့် မြင့်စိုးတို့ စက်သုံးဆီ တန်းစီနေသည်ကို ဓာတ်ပုံရိုက်ပြနိုင်သူအား ငွေ တစ် သောင်းနှင့် ဆီတစ်ဗူး ပေးမည်ဟု ဒေသတွင်းလူမှုကွန်ရက်ဂရုဖ်“ငါတို့ချစ်တဲ့ မော်လမြိုင်” တွင် ဖေ့စ် ဘွတ်ခ်သုံးစွဲသူတစ်ဦးက ပြီးခဲ့သည့်မတ်လအတွင်း ရေးသားထားသည်။

“အဲဒီလိုရေးပြီး စိန်ခေါ်ထားပေမဲ့ သူတို့၃ယောက်စလုံးက ကျနော်တို့လည်း သာမန်ပြည်သူတွေလိုပဲ ညအိပ်စောင့်ပြီး ဆီတန်းစီနေပါတယ်ဆိုပြီး သူတို့ဖေ့စ်ဘွတ်ခ်မှာ ပြန်တင်တာမျိုးမရှိဘူး။အမှန်တ ကယ် ဆီတန်းစီတယ်ဆိုလည်း သူတို့က ဆယ်လီတွေပဲ၊တင်မှာပေါ့”ဟု မော်လမြိုင်မြို့၊မုပွန်ရပ်နေ အမျိုးသားတစ်ဦးက ပြောသည်။