မော်လမြိုင် ဇော်မဲလုံး ဖြစ်ချင်နေသူ၃ဦးကို ရန်သူစာရင်းထဲသို့ သွတ်သွင်းထားပြီဖြစ်ကြောင်း သထုံခရိုင်အခြေစိုက် တော်လှန်ရေးပြောက်ကျားတပ်ဖွဲ့တစ်ဖွဲ့ထံက သိရသည်။
မော်လမြိုင်ဒေသခံတို့၏ သတင်းပေးပို့ချက်၊မီဒီယာတို့၏ သတင်းဖော်ပြချက်နှင့် ပြည်သူအချို့၏ မှတ်ချက်များအရ မော်လမြိုင်ဇော်မဲလုံးဖြစ်ချင်နေသော ပရဟိတဘိုဘိုဝင်း၊ ဇင်မိုးနှင့် တက္ကစီသ မားမြင့်စိုးတို့ကို ရန်သူစာရင်း သွတ်သွင်းလိုက်ခြင်းဖြစ်ကြောင်း သိရသည်။
“ဒီနေ့ခေတ်စကားနဲ့ ပြောရရင် ဘိုဘိုဝင်း ဘောမ တာကိုတော့ သိနေတာ ကြာပါပြီ။ အခုထပ်သိရ တာကတော့ ဇင်မိုးနဲ့ မြင့်စိုးပေါ့။စစ်တပ်အကြိုက်သတင်းတွေကို သူတို့ဖေ့စ်ဘွတ်ခ်ပေါ် တင်ပြီး စစ် တပ်အတွက် ပြတ်ပြတ်သားသား ပရိုမိုးရှင်းလုပ်နေတာ တွေ့ရတယ်။ဟုတ်ကဲ့၊ကျနော်တို့ကလည်း ဒီ လိုဘောမတွေကို ပြည်သူလို့ မသတ်မှတ်ပါဘူး။ရန်-ငါစည်း ပြတ်ပါတယ်။ပြတ်ပြတ်သားသား ရန်သူ စာရင်းသွင်းပါတယ်”သထုံခရိုင်အခြေစိုက် တော်လှန်ရေးပြောက်ကျားတပ်ဖွဲ့ ခေါင်းဆောင်က MPA သို့ပြောသည်။
တရားမဝင် မွန်ပြည်နယ်အစိုးရက ၎င်းတို့ဖော်ပြလိုသော ဒေသတွင်းသတင်းများကို မော်လမြိုင် ဇော်မဲလုံးတို့ထံ ပေးပို့ကာ ဖော်ပြခိုင်းလျက်ရှိရာ ဘိုဘိုဝင်း၊ဇင်မိုးနှင့် မြင့်စိုးတို့ကလည်း ပျော်ရွှင်စွာ ဖော်ပြပေးနေကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ရုံးနှင့် နီးစပ်သူတစ်ဦးက MPAသို့ ပြောကြားထားသည်။
“အဲဒီဘောမတွေ မော်လမြိုင်အပြင်ဘက်ကို ထွက်ရင် နေရာတိုင်းမှာ အဘတပ်တွေမရှိဘူးဆိုတာ သတိပြုကြပေါ့။အထူးသဖြင့် သထုံခရိုင်ထဲကို ဖြတ်ရင် ဘုရားစာလေးဘာလေး ရွတ်ကြပေါ့။ကျနော် တို့ရဲ့ မော်လမြိုင်သတင်းရင်းမြစ်တွေက သတင်းထောက်လှမ်းတာ မညံ့ပါဘူး”ဟု သထုံခရိုင်အခြေ စိုက် တော်လှန်ရေးပြောက်ကျားတပ်ဖွဲ့ ခေါင်းဆောင်က ဆက်လက်ပြောသည်။
သထုံမြို့ရှိ သက်တန့်ရောင်စဉ်နှင့် ပီတိနှလုံးသား ပရဟိတအဖွဲ့တို့သည်လည်း စစ်တပ်နှင့် ပတ် သက်လာလျှင် အထူးတက်ကြွစွာ ခိုင်းသမျှ လုပ်ဆောင်ပေးနေကြောင်း သိရသည်။
“ပရဟိတခေါင်းစဉ်တပ်ထားတဲ့ အဲဒီလို ဘောမတွေလည်း သတိရှိကြပါ”ဟု ၎င်းက ပြောသည်။
မော်လမြိုင်ဇော်မဲလုံး ဖြစ်ချင်နေသူ၃ဦးသည် မွန်ပြည်နယ်ကို လောင်းကစားဇာတ်သွင်းခဲ့သော တ ရားမဝင်ဝန်ကြီးချုပ် အောင်ကြည်သိန်းလက်ထက်တွင် မျက်နှာသာအပေးခံရရေးအတွက် လုံ့လစိုက် ခဲ့ကြပြီး ယခုအခါ တရားမဝင်ဝန်ကြီးချုပ်သစ် အောင်ဝင်းသန်း သတိထားမိစေရန် ဒေသတွင်းစစ် ကော်မရှင်သတင်းများ အားကြိုးမာန်တက်တင်နေကြောင်း မော်လမြိုင်မြို့ခံလူမှုကူညီရေးသမား တစ်ဦးက ဆိုသည်။
“သုံးဘီးမြင့်စိုးက ဖေ့စ်ဘွတ်ခ်မှာ ပြည်သူတချို့ပြောသလို အရင်က သူ့တက္ကစီမှာ NLDတံဆိပ်ကပ်ခဲ့ တဲ့ကောင်။အခုတော့ အဘဘောမပေါ့။အဲဒီလို မျက်နှာပြောင်တာ”ဟု ၎င်းက ပြောသည်။
ဘိုဘိုဝင်း၊ဇင်မိုးနှင့် မြင့်စိုးတို့ စက်သုံးဆီ တန်းစီနေသည်ကို ဓာတ်ပုံရိုက်ပြနိုင်သူအား ငွေ တစ် သောင်းနှင့် ဆီတစ်ဗူး ပေးမည်ဟု ဒေသတွင်းလူမှုကွန်ရက်ဂရုဖ်“ငါတို့ချစ်တဲ့ မော်လမြိုင်” တွင် ဖေ့စ် ဘွတ်ခ်သုံးစွဲသူတစ်ဦးက ပြီးခဲ့သည့်မတ်လအတွင်း ရေးသားခဲ့ရာ ၎င်းတို့၃ဦးစလုံးက ၎င်းတို့ ဆီတန်း စီ နေပုံကို ယနေ့ အထိ ပြန်တင်နိုင်ခြင်းမရှိသေးပေ။
