ကျောင်းဆရာမတစ်ဦး စစ်တပ်လက်နက်ကြီးကြောင့် သေဆုံးမှုကို KNU နှင့် PDFတို့လက်ချက်ဟု စွပ်စွဲထားသော သတင်းအမှား

KNU နှင့် PDF ပစ်ခတ်မှုကြောင့် ကျောင်းဆရာမတစ်ဦး သေဆုံးခဲ့ဟုဆိုသည် သတင်းအမှား အကြောင်းအရာ စစ်ကော်မရှင်ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များတွင် ပျံ့နှံ့လျက်ရှိသည်။

“MT News-Myanmar Transparency” တယ်လီဂရမ်ချန်နယ်က ၂၀၂၆ ဧပြီ ၆ ရက် ည ၁၀ နာရီ ၃၅ မိနစ် တွင် မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ် ချောင်းရှည်ကျေးရွာကို KNU နှင့် PDF များက လက်နက်ကြီးဖြင့် ပစ် ခတ်ခဲ့ရာ ကျေးရွာရှိ မူလတန်းပြဆရာမတစ်ဦး သေဆုံးခဲ့ပြီး ခြောက်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ရေးသားဖြန့်ဝေထားသည်။

အဆိုပါ အကြောင်းအရာကို “Snow Queen, Thazin Oo” တယ်လီဂရမ်ချန်နယ်များအပြင် အခြား စစ်တပ် ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များက ကူးယူဖော်ပြခဲ့သဖြင့် ပျံ့နှံ့မှုများနေသည်။

မူရင်းသတင်းအမှားလင့်ခ် – https://archive.ph/aI4AT
Snow Queen – https://archive.ph/Qi3e0
Thazin Oo – https://archive.ph/G3zWo

အထက်တွင် ပျံ့နှံ့နေသော အကြောင်းအရာများနှင့် ပတ်သက်၍ Myanmar Fact-Checking Network ၏ အဖွဲ့ဝင်ဖြစ်သော MPA က အချက်အလက် စစ်ဆေးကြည့်ရာ သတင်းအမှားဖြစ်ကြောင်း တွေ့ရှိရသည်။

သတင်းစိစစ်ချက်

Google တွင် “ညောင်ဦး ချောင်းရှည်ရွာ လက်နက်ကြီးကျ” ဆိုသည့် စကားလုံးဖြင့် ရှာဖွေကြည့်ရာ “RFA ၊ Network Media Group သတင်းဌာနတို့နှင့် Radio NUG တို့က သတင်းထုတ်ပြန်ထားသည်။

သတင်းမီဒီယာများတွင် ဧပြီ ၄ ရက်နေ့က မန္တလေးတိုင်း၊ ပုဂံ/ညောင်ဦးမြို့နယ်၊ ချောင်းရှည်ရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခဲ့ကြောင်း၊ လက်နက်ကြီးကျည်ကြောင့် အသက် ၅၀ အရွယ် ကျောင်းဆရာမတစ်ဦး နှင့် အသက် ၃၀ အရွယ် အမျိုးသမီးတစ်ဦး သေဆုံးခဲ့ပြီး တစ်ဦးမှာ ခြေထောက်ထိခိုက်ခဲ့ကြောင်း၊ ညောင်ဦး -ကျောက်ပန်းတောင်း ကားလမ်းဘေးရှိ နပ္ပလင်ကျေးရွာ မြောက်ဘက် ဘူးကင်းအနီးတွင် လှည့်ကင်း ထွက်လာ သည့် စစ်တပ်က ချောင်းရှည်ကျေးရွာဘက်သို့ အကြောင်းမဲ့ ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။

အပြည့်အစုံဖတ်ရန် >>>
RFA – https://bitly.cx/fp0AA
Network Media Group – https://bitly.cx/qL28
Radio NUG – https://bitly.cx/QTeo

သုံးသပ်ချက်

သတင်းမီဒီယာများတွင် မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ် ချောင်းရှည်ရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ် ခဲ့သောကြောင့် ကျေးရွာရှိ ကျောင်းဆရာမတစ်ဦး အပါအဝင် အမျိုးသမီးနှစ်ဦး သေဆုံးခဲ့ပြီး ကျေးရွာသား တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဖော်ပြထားသည်။

ထို့ကြောင့် စစ်တပ်လော်ဘီတယ်လီဂရမ်ချန်နယ်များတွင် ပျံ့နှံ့နေသော “KNU နှင့် PDF ကြောင့် ကျောင်းဆရာမ တစ်ဦး သေဆုံး”ဟု ဖြန့်ဝေနေခြင်းသည် သတင်းအမှားဖြစ်သည်။

ဆိုရှယ်မီဒီယာများတွင် ပျံ့နှံ့နေသောအကြောင်းအရာများအား သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်းအဆင့်ဆင့် အတည်ပြုဖော်ပြနေသော သတင်းမီဒီယာများ၌ ရှာဖွေဖတ်ရှုသင့်သည်။