By MPA
ကေအဲန်ယူ၊ ဘားအံခရိုင်၊ မဲသဝေါဒေသရှိ ကြယ်ပြောင်ကုန်းစစ်တပ်စခန်းကို သင်္ကြန်အကြိုနေ့တွင် အပြီးသတ်သိမ်းပိုက်ခဲ့ကြောင်း ကျောင်းသားတပ်မတော် ABSDF က သတင်းထုတ်ပြန်သည်။
ကြယ်ပြောင်ကုန်းစခန်းကို ဧပြီ၁၃ရက်နံနက်တွင် သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ပြီး လက်နက်ကြီး၊လက် နက်ငယ်၊ကျည်ဆန်အမြောက်အမြားနှင့် စစ်အသုံးအဆောင်အချို့ သိမ်းဆည်းရမိခဲ့ကြောင်း ABSDF က ယနေ့(ဧပြီ၁၄ရက်)ထုတ်ပြန်သော မှတ်တမ်းဓာတ်ပုံများအရ သိရသည်။

ကြယ်ပြောင်စခန်းသိမ်းတိုက်ပွဲကို ABSDF ဗဟိုဌာနချုပ်၊ ဒေါင်းတမန်စခန်းမှ ရဲဘော်များသည် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်(KNLA)၊ ပူးပေါင်းတပ်ဖွဲ့များနှင့်အတူ တိုက်ခိုက် သိမ်းပိုက်ခဲ့ခြင်းဖြစ်သည်။
ကြယ်ပြောင်စခန်းသည် ထိုင်း-မြန်မာနယ်စပ်မျဉ်းအနီးတွင် တည်ရှိသည်။

