By MPA
ပဲခူးတိုင်း၊မင်းလှမြို့နယ်၊လှည်းပြင်တင်ရွာ အုပ်ချုပ်ရေးမှူးရုံးထဲသို့ PDFတို့ဝင်ရောက်ကာ အုပ်ကြီး ဝင်းဗိုလ် အား ပစ်ခတ်ရှင်းလင်းခဲ့ကြောင်း သိရသည်။
ဧပြီ၁၂ရက်၊ညနေ၆နာရီခန့်တွင် Black Tiger ပြောက်ကျားအဖွဲ့ ရဲဘော်များက အရပ်ဝတ်များဖြင့် ထောက်ခံစာလုပ်ရန်ဟုဆိုကာ လှည်းပြင်တင်ရွာ အုပ်ချုပ်ရေးမှူးရုံးထဲသို့ဝင်၍ အုပ်ကြီးဝင်းဗိုလ်ကို ပြည်သူများအား မဖိနှိပ်ရန် သတိပေးပြောဆိုနေစဉ် ဓားဖြင့် တိုက်ခိုက်လာသောကြောင့် သေနတ်နှင့် ၅ချက်ပစ်ခတ်ခဲ့ရာ သေဆုံးသွားကြောင်း သာယာဝတီခရိုင်တပ်ရင်း၃၈၀၂၊ တပ်ခွဲ၅ က ယနေ့(ဧပြီ ၁၅ရက်)သတင်းထုတ်ပြန်သည်။
PDFတို့က သတိပေးပြောကြားနေစဉ် ဝင်းဗိုလ်က PDFများ ရောက်ရှိနေသည်ဟု ၎င်း၏တပည့်များ အား အော်ခေါ်ကာ ဓားဖြင့် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ဝင်းဗိုလ်သည် ဒေသခံပြည်သူများထံမှ စစ်မှုထမ်းကြေး အတင်းအကျပ်ကောက်ခံကာ ကိုယ်ကျိုးအ တွက် အသုံးပြုခြင်း၊ စစ်မှုထမ်းကြေးမပေးသူများကို ဖမ်းဆီးခြင်း၊ စစ်တပ်နှင့်အတူ လူငယ်များကို ပေါ်တာဆွဲခြင်းနှင့် တော်လှန်ရေးတပ်များ၏ လှုပ်ရှားမှုများကို စုံစမ်းကာ စစ်တပ်ထံ သတင်းပေးခြင်း တို့ ကျူးလွန်ခဲ့ကြောင်းလည်း ထုတ်ပြန်သည်။
အုပ်ချုပ်ရေးမှူးရုံးမှ ဓားမြှောင်တစ်လက်၊ ဖုန်း၃လုံး၊ မှတ်ပုံတင်တစ်ကတ်နှင့် ထောက်ခံစာ တစ်ရွက် တို့ သိမ်းဆည်းရမိခဲ့သည်။
