ဝင်းတာပန်စစ်စခန်းကို တိုက်ခိုက်နေသော KNU ၅၀၀ ကျော် သေဆုံးဟု စစ်တပ်လော်ဘီများ သတင်းအတုဖြန့်

မွန်ပြည်နယ် ဘီးလင်းမြို့နယ် ဝင်းတာပန်စခန်းတိုက်ပွဲတွင် KNU ၅၀၀ကျော် သေဆုံးခဲ့ကြောင်း စစ်တပ် လော်ဘီတယ်လီဂရမ်ချန်နယ်အချို့က သတင်းအတု ဖြန့်ဝေထားသည်။

စစ်တပ်လော်ဘီ “နေပြည်တော်” နှင့် “Truth Media” တယ်လီဂရမ်ချန်နယ်က ၂၀၂၆ ဧပြီ ၂၁ရက် ညနေပိုင်းတွင် ဝင်းတာပန်စခန်းဝင်တိုက်နေသော KNU ၅၀၀ကျော် သေဆုံးခဲ့ကြောင်း ရေးသားဖြန့်ဝေထားသည်။

သတင်းအတုလင့်ခ်

နေပြည်တော် – https://archive.ph/p8hnz
Truth Media – https://archive.ph/u668p

ဝင်းတာပန်စခန်းသိမ်းတိုက်ပွဲနှင့် ပတ်သက်၍ အချက်အလက်စစ်ဆေးကြည့်ရာ လုပ်ကြံဖန်တီးထားသော သတင်းအတုဖြစ်ကြောင်း စိစစ်တွေ့ရှိရသည်။

သက်သေပြချက်

Googleတွင် “ ဝင်းတာပန်စခန်းသိမ်းတိုက်ပွဲ” ဟု ရေးသားရှာဖွေရာ သံလွင်တိုင်းမ်၊ မွန်သတင်းအေဂျင်စီတို့က သတင်းဖော်ပြထားသည်။

မွန်ပြည်နယ် ဘီးလင်းမြို့နယ် ဝင်းတာပန်ရွာရှိ စစ်တပ်စခန်းကို KNLA ဦးဆောင်သော တော် လှန်ရေးတပ်ဖွဲ့ များက ဝင်ရောက်တိုက်ခိုက်ကြသဖြင့် နှစ်ဖက်တိုက်ပွဲပြင်းထန်နေကြောင်း၊ ဧပြီ ၁၄ရက်မှ စ၍ စခန်းသိမ်း တိုက်ပွဲဆင်နွှဲနေကြောင်း၊ စစ်ကော်မရှင်တပ်ဘက်က စခန်းမကျရေးအတွက်အတွက် ဗုံးကြဲ တိုက် ခိုက်မှုများနှင့် လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်နေကြောင်း၊ ဝင်းတာပန်စခန်းအနီးနားရှိ ဒေသခံပြည်သူများ ထွက် ပြေးနေရကြောင်း သတင်းဖော်ပြထားကြသည်။

သတင်းလင့်ခ်များ

သံလွင်တိုင်းမ် – https://bitly.cx/DYqSn
မွန်သတင်းအေဂျင်စီ – https://bitly.cx/zaG8

သုံးသပ်ချက်

သတင်းမီဒီယာများတွင် ဘီလင်းမြို့နယ် ဝင်းတာပန်ရွာကို စစ်ကော်မရှင်တပ်စခန်းကို KNLA ဦးဆောင်သော တော်လှန်ရေးတပ်ဖွဲ့များကို တိုက်ခိုက်လျက်ရှိကြောင်း ဖော်ပြထားသည်။

စစ်ကော်မရှင်တပ်ဘက်က စခန်းမကျစေရန် ဗုံးကြဲတိုက်ခိုက်မှုများနှင့် လက်နက်ကြီးပစ်ကူများဖြင့် ခုခံနေ ကြောင်း သတင်းများအရ သိရသည်။

ဝင်းတာပန်စစ်တပ်စခန်းတိုက်ပွဲတွင် KNU ၅၀၀ကျော် သေဆုံးကြောင်း ယုံကြည်စိတ်ချရသော သတင်းမီဒီယာ များက ဖော်ပြထားခြင်း မရှိပေ။

ထို့ကြောင့် စစ်တပ်လော်ဘီများ ဖြန့်ဝေနေသော KNU၅၀၀ကျော် သေဆုံးဟု ဖြန့်ဝေနေခြင်းသည် လုပ်ကြံဖန်တီး၍ သတင်းအတု ဖြန့်ဝေနေခြင်းဖြစ်သည်။

ဆိုရှယ်မီဒီယာများတွင် ပျံ့နှံ့နေသော အကြောင်းအရာများကို အလွယ်တကူ မယုံကြည်ဘဲ ယုံကြည်စိတ်ချရသော သတင်းမီဒီယာများက အတည်ပြုထားသော အချက်အလက်များကိုသာ ရှာဖွေဖတ်ရှုသင့်သည်။