ဝက်လက်စာသင်ကျောင်းကို အသေခံဒရုန်းဖြင့် စစ်တပ် တိုက်ခိုက်၊ ဆရာမအပါအဝင် ၁၁ဦး ဒဏ်ရာရ

ဓာတ်ပုံ-CJ
ပုံစာ- ဒရုန်းဖြင့် တိုက်ခိုက်ခံရပြီးနောက် မြင်ကွင်း

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ မုဆိုးခြုံကျေးရွာ စာသင်ကျောင်းကို စစ်တပ်က အသေခံဒရုန်းဖြင့် တိုက်ခိုက်ခဲ့ရာ ဆရာမနှင့် ကျောင်းသူ/သား စုစုပေါင်း ၁၁ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ယနေ့(ဧပြီ၂၃ရက်)နံနက်၁၁နာရီကျော်တွင် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ဆရာမတစ်ဦး၊ကျောင်းသူ ၇ဦးနှင့် ကျောင်းသား၃ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်းစစ်ရေးသတင်းရင်းမြစ်ထံက သိရသည်။

“ကျနော်တို့ နောက်ဆုံးသိရတဲ့သတင်းကတော့ ဒဏ်ရာပြင်းတာ ၃ဦးရှိတယ်။ဆေးကုနေတယ်။ကျား၊ မတော့ မမေးရသေးဘူး။အဲနားက ဒေသခံတွေဆီက သိရတာ။ကျောင်းမှာ စာသင်နေမှန်းသိလို့ လုပ် တာပါ”ဟု ၎င်းက MPAသို့ပြောသည်။

စစ်တပ်က အရပ်သားများကို ပစ်မှတ်ထားတိုက်ခိုက်ရာတွင် လေကြောင်းမှ တိုက်ခိုက်ခြင်းအား အများဆုံး ပြုလုပ်ကြောင်း ဉာဏ်လင်းသစ်သုတေသနအဖွဲ့၏ အစီရင်ခံစာများအရ သိရသည်။