စစ်အုပ်စု အစိုးရတု၏လုပ်ရပ် ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိနေသေးကြောင်း အတည်ပြုနိုင်သည့် သက်သေမဟုတ်

ဓာတ်ပုံ - MOI

စစ်အုပ်စု အစိုးရတု၏ လုပ်ရပ်သည် ဒေါ်အောင်ဆန်းစုကြည် သက်ရှိထင်ရှားရှိနေသေးကြောင်း အတည်ပြုနိုင်သည့် သက်သေမဖြစ်သေးကြောင်း All In One Piece Movement က ထုတ်ပြန် လိုက်သည်။

“ဘယ်သူမှမသိသည့် လျှို့ဝှက်နေရာ တစ်ခုမှ နောက်ထပ် လျှိုဝှက်နေရာ တစ်ခုသို့ ပြောင်းရွှေ့ကြောင်းကို ဘယ်အချိန်တုံးကရိုက်ထားမှန်းမသိသောပုံကိုအသုံးပြုပြီး ပါးစပ်မှပြောရုံဖြင့် တော့ ခိုင်မာသော သက်ရှိထင်ရှား ရှိနေသေးကြောင်းအတည်ပြုနိုင်သည့် သက်သေ မဖြစ်သေးပါ” ဟု All In One Piece Movement က ယနေ့(မေတစ်ရက်)ထုတ်ပြန်သည်။

ဒေါ်အောင်ဆန်းစုကြည်ကို ထောင်တစ်ခုမှ လျှို့ဝှက်နေရာတစ်ခုသို့ ရွှေ့လိုက်ခြင်းသည် လွတ် မြောက်ခြင်းမဟုတ်ဘဲ ဓားစာခံအဖြစ် ဆက်ရှိနေဆဲဖြစ်ကာ ကမ္ဘာကြီးနှင့် အဆက်အသွယ်ဖြတ် ခံထားရဆဲဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်၏သားငယ်ကင်မ်အဲရစ်(ခ)ကိုထိန်လင်းက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်အခြေအနေနှင့် ပတ်သက်၍ တရုတ်အစိုးရက ထုတ်ပြန်ပြီးနောက် ထွက် ပေါ်လာသည့် စစ်အုပ်စု၏ လုပ်ဆောင်ချက်သည် ကြိုတင်ကြံစည်ချက်ဖြစ်ပြီး နိုင်ငံတကာဖိအား များ လျှော့ချရန်နှင့် တရားဝင်မှုရရှိရန် တွက်ချက်ဖန်တီးချက်ဖြစ်ကြောင်းနိုင်ငံတကာအသိုင်းအဝိုင်း အနေ နှင့် ယခုကဲ့သို့ လူမြင်လှစေရန် ဖန်တီးကြံစည်မှုများကို အဓိပ္ပါယ်ရှိသော ပြောင်းလဲတိုးတက် လာမှုဟု အယူမမှားစေရေန် တိုက်တွန်းကြောင်း ကင်မ်အဲရစ်ကဆိုသည်။

မိမိတို့လိုအပ်နေသည်မှာ ရှင်းလင်းပြတ်သားမှု၊ အတည်ပြုထားသော သတင်းအချက်အလက်၊ အလုံး စုံပွင့်လင်းမြင်သာမှုနှင့် နိုင်ငံရေးအကျဉ်းသားအားလုံးကို ခြွင်းချက်မရှိ လွှတ်ပေးရန်ဖြစ်ကြောင်း လည်း ဆိုသည်။

“သားတစ်ယောက်အနေနှင့် ကျနော့်တောင်းဆိုချက်မှာ ရိုးစင်းပါသည်။ကျနော့်မေမေ ဘေးကင်း ကြောင်း သိချင်ပါသည်။မေမေ့ကို လွတ်မြောက်စေချင်ပါတယ်”ဟု ၎င်းက ပြောသည်။

နေပြည်တော်ထောင်ရှိ ဒေါ်အောင်ဆန်းစုကြည်ကို ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၅၄၁၊ပုဒ်မခွဲ(၁)အ ရ ၎င်းကျခံရန် ကျန်ရှိသည့် ပြစ်ဒဏ်များကို သတ်မှတ်ထားသည့်နေအိမ်၌ ဆက်လက်ကျခံစေရန် ပြောင်းလဲသတ်မှတ်ကြောင်း ဧပြီ၃၀ရက်တွင် စစ်အုပ်စု အစိုးရတုက ထုတ်ပြန်သည်။