နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို ခြွင်းချက်မရှိ ချက်ချင်းလွှတ်ပေးရန် အမေရိ ကန်ပြည်ထောင်စုက တောင်းဆိုလိုက်သည်။
အမေရိကန်နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူက “သူမကို ချက်ချင်းနဲ့ ခြွင်းချက်မရှိ ပြန်လွှတ်ပေး ဖို့ ဆက်လက်တောင်းဆိုနေပါတယ်”ဟု ပြောသည်။
ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးအခြေအနေကြောင့် လုံလောက်သည့် ဆေးကုသမှု ပေးရန်လည်း စစ်ကောင်စီကို တိုက်တွန်းလိုက်သည်။
ဧပြီ၃၀ရက်တွင် ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်ထောင်မှသတ်မှတ်ထားသော နေအိမ်သို့ ပြောင်းရွှေ့ကာ ပြစ်ဒဏ်များဆက်လက်ကျခံစေရန် စစ်အုပ်စုက ထုတ်ပြန်ခဲ့ပြီး ယင်းသို့ ပြောင်းလဲ လိုက်ခြင်းကို ကုလသမဂ္ဂအတွင်းရေးမှူးချုပ်က မှတ်သားထားသည်ဟု ဆိုသည်။
မတရားဖမ်းဆီးထားသူများ အားလုံးကိုလည်း အမြန်ဆုံး ခြွင်းချက်မရှိ လွှတ်ပေးရန်လည်း ကုလအ တွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က တောင်းဆိုလိုက်သည်။
