စလင်းမြို့တွင် PDF စခန်းများကို စစ်တပ်က အပြောင်ရှင်းလင်းခဲ့ဟုဆိုသည့် သတင်းအမှား အကြောင်း အရာသည် စစ်ကော်မရှင် ဝါဒဖြန့် တယ်လီဂရမ်ချန်နယ်များတွင် ပျံ့နှံ့လျက်ရှိသည်။
“နေပြည်တော်” တယ်လီဂရမ်ချန်နယ်က ဧပြီ ၃ ရက် ည ၇ နာရီ ၃၇ မိနစ်တွင် စလင်းမြို့ ကံစွယ်ရွာရှိ PDF စခန်းများကို စစ်တပ်က အပြောင်ရှင်းလင်းခဲ့ကြောင်း၊ PDF များ ဆုတ်ခွာထွက်ပြေးသွားကြကြောင်း၊ စလင်းရွာ ၊ သာကုန်းရွာ များကလည်း အကုန်လုံး PDF ထောက်ခံသူများ ဖြစ်သောကြောင့် ရွာဖျက်ရမှာ ဖြစ်ကြောင်း ဓာတ်ပုံနှင့်တကွ ဖြန့်ဝေထားသည်။
အဆိုပါ အကြောင်းအရာကို “K S News, Truth Media” အပါအဝင် အခြား စစ်တပ် ဝါဒဖြန့် တယ်လီဂရမ်ချန် နယ်များက ကူးယူဖော်ပြခဲ့သဖြင့် ပျံ့နှံ့မှုများနေသည်။
မူရင်းသတင်းအမှားလင့်ခ် – https://archive.ph/Wka5L
K S News – https://archive.ph/n2Pwv
Truth Media – https://archive.ph/DZtLg
အထက်တွင် ပျံ့နှံ့နေသော အကြောင်းအရာများနှင့် ပတ်သက်၍ Myanmar Fact-Checking Network ၏ အဖွဲ့ဝင်ဖြစ်သော MPA က အချက်အလက် စစ်ဆေးကြည့်ရာ သတင်းအမှားဖြစ်ကြောင်း တွေ့ရှိရသည်။
သတင်းစိစစ်ချက်
တယ်လီဂရမ်တွင် ပျံ့နှံ့နေသော ဓာတ်ပုံကို Google Lens ဖြင့် စစ်ဆေးကြည့်ရာ Border News Agency က ဖော်ပြထားသော သတင်းဓာတ်ပုံနှင့် ထပ်တူညီနေသည်။
Border News Agency တွင် မေလ ၁ ရက်က မကွေးတိုင်း၊ စလင်းမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က စစ် ကြောင်းထိုးဝင်ရောက်ပြီး ရွာများကို မီးရှို့ဖျက်ဆီးခဲ့ရာ အဘွားအို နှစ်ဦးနှင့် အမျိုးသား တစ်ဦး သေဆုံး ကြောင်း၊ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ကျေးရွာများကို ဝင်ရောက်မီးရှို့ခဲ့ခြင်း ဖြစ်ကြောင်း၊ မီးရှို့မှုအတွင်း မပြေးနိုင်သည့် အဘွားအိုနှစ်ဦးမှာ မီးလောင်သေဆုံးခဲ့ပြီး၊ အရပ်သား အမျိုးသားတစ်ဦးကို ပစ်ခတ်သတ်ဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ဖော်ပြထားသည်။
အပြည့်အစုံကြည့်ရန် >>> https://bitly.cx/b9z8
အဆိုပါ အကြောင်းအရာနှင့် ပတ်သက်၍ Google တွင် “စလင်းမြို့နယ်တွင် ရွာမီးရှို့” ဆိုသည့် စကားလုံးဖြင့် ရှာ ဖွေကြည့်ရာ “People’s Spring ၊ မြေလတ်အသံ” အပါအဝင် အခြား မီဒီယာများက သတင်းဖော်ပြထားသည်။
သတင်းမီဒီယာများတွင် မကွေးတိုင်း၊ စလင်းမြို့နယ်က ကျေးရွာ ငါးရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ မေလ ၁ ရက်တွင် စစ်တပ် စစ်ကြောင်း နှစ်ကြောင်းသည် မန်ကျည်းကုန်းရွာနှင့် ထနောင်းကုန်းရွာများကို မီး လောင်ဗုံးဖြင့် ပစ်ခတ်ဝင်ရောက်ခဲ့ကြောင်း၊ ထနောင်းကုန်းရွာကို မီးရှို့ပြီးနောက် ရွာချင်းဆက်နေသည့် ကံဆွယ် ရွာ၊ ကြူဝင်းရွာ နှင့် သနပ်ကုန်းရွာများကို ဆက်တိုက်မီးရှို့ခဲ့ကြောင်း၊ မီးရှို့မှုကြောင့် နေအိမ် ၃၆၀ ကျော် မီး လောင်ပျက်စီးခဲ့ကြောင်း၊ သက်ကြီးရွယ်အိုနှစ်ဦးကို သတ်ဖြတ်ကာ ကိုရင်တစ်ပါးနှင့် ဒေသခံ ပြည်သူ ကိုးဦး ကို ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားကြောင်း၊ ဒေသခံ ၅,၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရကြောင်း ဖော်ပြထားသည်။
အပြည့်အစုံကြည့်ရန် >>>
People’s Spring – https://bitly.cx/CcL9
မြေလတ်အသံ – https://bitly.cx/kTtsC
စလင်းဒေသတွင်း အခြေအနေများကို ဖော်ပြပေးနေသည့် ပြည်သူ့ညီနောင်-စလင်း ကလည်း အဆိုပါ ရွာမီးရှို့ မှုများနှင့် ပတ်သက်၍ ရုပ်သံဖိုင်နှင့်တကွ သတင်းဖော်ပြထားသည်။
ဧပြီ ၃၀ ရက် ညပိုင်းတွင် အင်အား ၁၅၀ ခန့် ရှိသော စစ်တပ် စစ်ကြောင်းသည် စလင်းမြို့ မြင်းခေါင်းကျေးရွာသို့ စစ်ကြောင်းထိုး ဝင်ရောက်ကာ အထိုင်ချထားခဲ့ပြီး၊ တောတွင်းကျေးရွာတွင် အင်အား ၈၀ ဝန်းကျင်ခန့် စစ် ကြောင်းက ဝင်ရောက် အထိုင်ချခဲ့ကြောင်း၊ မေလ ၁ ရက်နေ့တ္ငင် အဆိုပါ စစ်ကြောင်း နှစ်ကြောင်းသည် မန် ကျည်းကုန်းကျေးရွာ၊ ထနောင်းကုန်းကျေးရွာ၊ ကံဆွယ်ကျေးရွာ၊ သဲဖို့ကုန်းကျေးရွာ နှင့် ကြူ့ဝန်းကျေးရွာ များကို စစ်ကြောင်းထိုးပြီး မီးရှို့ဖျက်ဆီးခဲ့ကြောင်း၊ မီးရှို့မှုများအတွင်း သက်ကြီးရွယ်အိုတစ်ဦးနှင့် ဒေသခံအမျိုးသား တစ်ဦးကို သတ်ဖြတ်ခဲ့ပြီး၊ ပြည်သူ ကိုးဦးနှင့် ကိုရင်လေးတစ်ပါးကို ဓားစားခံအဖြစ် ခေါ်ဆောင်သွားကြောင်း ဖော်ပြထားသည်။
အပြည့်အစုံကြည့်ရန် >>> https://bitly.cx/fm0L
သုံးသပ်ချက်
သတင်းမီဒီယာများတွင် မကွေးတိုင်း၊ စလင်းမြို့နယ်ရှိ ကျေးရွာ ငါးရွာကို စစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက် ပြီး ရွာများကို မီးရှိ့ဖျက်ဆီးခဲ့ကြောင်း၊ မီးရှို့မှုကြောင့် အိမ် ၃၆၀ ကျော် မီးလောင်ပျက်စီးခဲ့ကြောင်း၊ မီးရှို့မှု အ တွင်း ဒေသခံ နှစ်ဦးကို သတ်ဖြတ်ခဲ့ပြီး ကိုရင်တစ်ပါးနှင့် ပြည်သူ ကိုးဦးကို ဓားစာခံအဖြစ် ဖမ်းဆီးခေါ်ဆောင်ခဲ့ ကြောင်း ဖော်ပြထားသည်။
ထို့ကြောင့် စစ်တပ်လော်ဘီတယ်လီဂရမ်ချန်နယ်များတွင် ဖော်ပြထားသော “စလင်းမြို့ ကျေးရွာများ ရှိ PDF စခန်းများကို စစ်တပ်က အပြောင်ရှင်းလင်း” ဆိုသော အကြောင်းအရာသည် သတင်းအမှားဖြစ်သည်။
ဆိုရှယ်မီဒီယာများတွင် ပျံ့နှံ့နေသောအကြောင်းအရာများအား သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်း အဆင့်ဆင့် အတည်ပြုဖော်ပြနေသော သတင်းမီဒီယာများ၌ ရှာဖွေဖတ်ရှုသင့်သည်။
Editor – Wazza
