အမျိုးသားညီညွတ်ရေးအစိုးရ၊ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနှင့်အဖွဲ့ အမှတ် ၂ စစ်ဆင်ရေးနယ်မြေ၊ ပဲခူးတိုင်းစစ်ဌာနသို့သွားရောက်ပြီး နယ်မြေအခြေအနေ ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
ပြည်ထောင်စုဝန်ကြီးချုပ်နှင့်အတူ ပြည်ထဲရေးနှင့် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ဝန်ကြီး ဦးလွင်ကိုလတ်၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီးနိုင်ကောင်းရွက်နှင့် ဦးမင်းကိုနိုင် တို့ပါဝင်ကြောင်း NUGအစိုးရက သတင်းထုတ်ပြန်သည်။
ခရီးစဉ်အတွင်း အမှတ်၂စစ်ဆင်ရေးမှူး ရဲဘော်တင်ဦးနှင့် တိုင်းစစ်ဌာနတာဝန်ရှိသူများက စစ် တောင်းမြစ်ဝှမ်းစစ်ဆင်ရေး အခြေအနေများရှင်းလင်းတင်ပြခဲ့ကြပြီး ပဲခူးတိုင်းစစ်ဌာနအတွင်း လှည့်လည်ကြည့်ရှုခဲ့ကြကာ ပြည်သူလူထုနှင့် တွေ့ဆုံခြင်း၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)များနှင့် တွေ့ဆုံခြင်းတို့ ပြုလုပ်ခဲ့ကြသည်။
