ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်သည် ယနေ့နံနက်တွင် ဘန်ကောက်မြို့ ကလောင်ပရမ် ဗဟိုအကျဉ်းထောင်မှ ခံဝန်ချက်ဖြင့် ပြန်လည်လွတ်မြောက်လာခဲ့သည်။
သက်ဆင်အား နံနက် ၇ နာရီ ၄၀ မိနစ်တွင် အကျဉ်းထောင်တံခါးဝမှ ထွက်ခွာလာပြီး ၎င်း၏ မိသားစုဝင်များနှင့် စောင့်ဆိုင်းနေသော ထောက်ခံသူများက ကြိုဆိုခဲ့သည်။
တရားရေးဝန်ကြီးဌာန ကော်မတီသည် သက်ဆင်အား ချုပ်နှောင်ထားသည့် ရက်ပေါင်း ၂၄၃ ရက် ပြည့်မြောက်ပြီးနောက် ၎င်းကို ပြန်လည်လွှတ်ပေးရန် တရားဝင် အတည်ပြုခဲ့ခြင်း ဖြစ်သည်။
