ဟော်မုဇ်ရေလက်ကြားအတွက် စီမံခန့်ခွဲမှုဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို နားလည်မှုရရှိပြီးနောက် အီရန်က တရုတ်သင်္ဘော အချို့ကို ရေလက်ကြားမှ ဖြတ်သန်းသွားလာခွင့်ကို စတင်ခွင့်ပြုလိုက် ကြောင်း အီရန်အခြေစိုက် Fars သတင်းဌာနက သတင်းရင်းမြစ်တစ်ခုကို ကိုးကား၍ ဖော်ပြခဲ့သည်။
တရုတ်နိုင်ငံသို့ နိုင်ငံတော်အဆင့် ခရီးစဉ်ရောက်ရှိနေသော အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့သည် ဟော်မုဇ်ရေလက်ကြားကို စွမ်းအင်များ လွတ်လပ်စွာ စီးဆင်းနိုင်ရေးအတွက် ဖွင့်လှစ်ထားရမည်ဖြစ်ကြောင်း သဘောတူညီခဲ့ကြချိန်တွင် Fars သတင်းဌာနက ယခုကဲ့သို့ ပြောကြားလိုက်ခြင်း ဖြစ်သည်။
တရုတ်နိုင်ငံခြားရေးဝန်ကြီးနှင့် အီရန်နိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီးတို့၏ တောင်းဆိုချက်အရ ယခုကဲ့သို့ ခွင့်ပြုပေးခြင်းဖြစ်ကြောင်း၊ နှစ်နိုင်ငံ၏ မဟာဗျူဟာမြောက် မိတ်ဖက်ဖြစ်မှုနှင့်အညီ တရုတ်သင်္ဘော အချို့ဖြတ်သန်းသွားလာနိုင်ရန် အီရန်ဘက်က ကူညီဆောင်ရွက်ပေးရန်
အီရန်အနေဖြင့် စစ်ပွဲကာလအတွင်းကပင် ကြားနေနိုင်ငံသင်္ဘောများ၊ အထူးသဖြင့် တရုတ်နှင့် ဆက်နွှယ်နေသော သင်္ဘောများသည် အီရန်လက်နက်ကိုင်တပ်ဖွဲ့များနှင့် ညှိနှိုင်းဆောင်ရွက်သရွေ့ ရေလက်ကြားကို ဖြတ်သန်းနိုင်ကြောင်း ပြောကြားထားပြီးဖြစ်သည်။
အမေရိကန်-အီရန် စစ်ပွဲကြောင့် ပင်လယ်ကွေ့အတွင်း နှစ်လကျော်ကြာ ပိတ်မိနေခဲ့သော အီရတ်ရေနံစိမ်း စည်ပေါင်း ၂ သန်း တင်ဆောင်လာသည့် တရုတ်၏ စူပါရေနံတင်သင်္ဘောတစ်စီးသည် မေလ ၁၃နေ့တွင် ဟော်မုဇ်ရေလက်ကြားကို ဖြတ်သန်းမောင်းနှင်ခဲ့ကြောင်း သင်္ဘောခြေရာခံအချက်အလက်များအရ သိရသည်။
