တနင်္သာရီမြို့နယ် တကူရွာရှိ အ.ထ.ကကျောင်းကို အာဏာသိမ်းစစ်တပ်က ဗုံးကြဲရှင်းလင်းရာ PDF လေးဦး သေဆုံးဟုဆိုသည့် သတင်းအမှား တယ်လီဂရမ်တွင် ပျံ့နှံ့နေသည်။
စစ်တပ်လော်ဘီ “ဗြုတ်စဗျင်းတောင်းသတင်းများ” နှင့် “Snow Queen” တယ်လီဂရမ်ချန်နယ်တို့က ၂၀၂၆ မေ ၁၅ရက် ညနေပိုင်းတွင် ဖြန့်ဝေထားခြင်းဖြစ်သည်။
ဗြုတ်စဗျင်းတောင်း သတင်းများ – https://archive.md/XzO7O
Snow Queen – https://archive.md/pityy
ပျံ့နှံ့နေသော အကြောင်းအရာကို MPA Fact-Check team က အချက်အလက်စစ်ဆေးကြည့်ရာ သတင်းအမှား ဖြစ်ကြောင်း စိစစ်တွေ့ရှိရသည်။
သက်သေပြချက်
Google တွင် “တနင်္သာရီ မြိတ် တကူ အထက ဗုံးကြဲခံရ” ဟု ရေးသားရှာဖွေရာ ဒေသတွင်း မီဒီယာများနှင့် စိတ်ချယုံကြည်ရသော သတင်းမီဒီယာများက သတင်းရေးသားဖော်ပြထားသည်။
သတင်းများတွင် တနင်္သာရီမြို့နယ်၊ တကူကျေးရွာရှိ အထက်တန်းကျောင်းကို မေ ၁၃ရက် နံနက် ၉နာရီ ၅၀ ခန့် တွင် မြိတ်လေတပ်စခန်းက တက်လာသော စစ်တပ်၏ FTC 2000G တိုက်လေယာဉ်တစီး ဗုံးကြဲ တိုက်ခိုက် ခဲ့သည့်အပြင် စက်သေနတ်ဖြင့် ပစ်ခတ်ခဲ့ရာ အထက်တန်းကျောင်းဆောင် နှစ်ဆောင် ထိခိုက်ပျက်စီးခဲ့ကြောင်း ရေးသားထားသည်။
ကျောင်းပိတ်ထားသဖြင့် လူထိခိုက်သေဆုံးမှု မရှိသော်လည်း အထက်တန်းကျောင်းဆောင် နှစ်ဆောင် ဆိုး ဆိုးရွားရွား ပျက်စီးခဲ့ကြောင်း ကရင်အမျိုးသားအစည်းအရုံး KNU မြိတ်ထားဝယ်ခရိုင်၏ ထုတ်ပြန်ချက် ကို ကိုးကား၍ သတင်းရေးထားသည်။
သတင်းလင့်ခ်များ
Dawei Watch – https://bitly.cx/RpWL3
Connect Burma – https://bitly.cx/TIgEX
DVB – https://bitly.cx/GcAKZ
Than Lwin Times – https://bitly.cx/OXT68
သုံးသပ်ချက်
သတင်းများအရ ကျောင်းပိတ်ချိန်ဖြစ်သည့်အတွက် ဗုံးကြဲချိန်တွင် ထိခိုက်သေဆုံးသူ မရှိကြောင်း သိရသည်။
စစ်တပ်လော်ဘီများက PDF လေးဦး သေဆုံးဟု ဖြန့်ဝေနေခြင်းသည် သတင်းအမှားဖြစ်သည်။
ဆိုရှယ်မီဒီယာများတွင် ပျံ့နှံ့နေသောအကြောင်းအရာများအား သတင်းမီဒီယာလုပ်ငန်းစဉ်အတိုင်း အဆင့်ဆင့် အတည်ပြုဖော်ပြနေသော သတင်းမီဒီယာများ၌ ရှာဖွေဖတ်ရှုသင့်သည်။
