ကချင်ပြည်နယ် ဖားကန့် မှော်ဝမ်းလေးရွာရှိ ဒေသခံပြည်သူများ၏ နေအိမ်များကို စစ်တပ်က မီးရှို့ဖျက်ဆီးခဲ့ သော်လည်း KIA မီးရှို့ဟု စစ်တပ်လော်ဘီများက လိမ်ညာဝါဒဖြန့်နေကြသည်။
စစ်တပ်လော်ဘီ “ကိုလှရွှေ(သတင်းမှန်)” ဆိုသည့် တယ်လီဂရမ်ချန်နယ်က ၂၀၂၆ မေ ၂၀ရက် ညနေ ၆နာရီတွင် သတင်းအမှားကို ဖြန့်ဝေထားခြင်းဖြစ်သည်။
သတင်းအမှားလင့်ခ် – https://archive.ph/Ey1C5
အခြားသော စစ်တပ်လော်ဘီချန်နယ်များကလည်း အဆိုပါ အကြောင်းအရာကို ကူးယူဖြန့်ဝေထားကြသဖြင့် ပျံ့နှံ့မှု များပြားနေသည်။
သတင်းအမှားလင့်ခ်များ
Ka Ka Han – https://archive.ph/y2Zvg
ရွှေဘ – https://archive.ph/JyytD
ဖားကန့်မီးလောင်မှု လက်သည်တရားခံကို MPA fact-check team က အချက်အလက်စစ်ဆေးကြည့်ရာ လိမ်ညာဝါဒဖြန့်ထားသော သတင်းအမှားဖြစ်ကြောင်း စိစစ်တွေ့ရှိရသည်။
သက်သေပြချက်
Google တွင် “ဖားကန့် မှော်ဝမ်းလေးရွာ မီးရှို့ခံရ” ဟု ရေးသားရှာဖွေရာ သတင်းမီဒီယာများက သတင်းဖြစ်စဉ် အပြည့်အစုံကို ရေးသားဖော်ပြထားကြသည်။
သတင်းများတွင် ကချင်ပြည်နယ် ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု မှော်ဝမ်းလေးရွာကို စစ်တပ်က မေ ၂၀ ရက် မနက်အစောပိုင်း၌ မီးရှို့ ဖျက်ဆီးခဲ့သဖြင့် ဒေသခံပြည်သူပိုင်နေအိမ်များ မီးလောင်ပျက်စီးခဲ့ကြောင်း၊ စစ် တပ် မီးရှို့ ဖျက်ဆီးနေသော မှော်ဝမ်းလေးကျေးရွာ အပါအဝင် မှော်ဝမ်းကြီးကျေးရွာနှင့် မှော်လေအောင် ကျေး ရွာတို့ရှိ ဒေသခံများသည် ရွာကိုစွန့်ပစ်ကာ စစ်ဘေးရှောင်နေသည်မှာ ၁ နှစ်ကျော်ကြာပြီဖြစ်ကြောင်း သတင်းများ တွင် ဖော်ပြထားသည်။
သတင်းလင့်ခ်များ
DVB – https://bitly.cx/ISo5p
ရွှေဖီမြေ – https://bitly.cx/RgZM
မြို့တော် – https://bitly.cx/XwJuK
သုံးသပ်ချက်
သတင်းမီဒီယာများတွင် မှော်ဝမ်းလေးရွာကို မီးရှို့ဖျက်ဆီးသူများမှာ စစ်ကောင်စီတပ်ဖွဲ့ဝင်များဖြစ်ကြောင်း ရေးသားထားသည်။
စစ်တပ်လော်ဘီများက KIA လက်ချက်ဟု လိမ်ညာဝါဒဖြန့်နေသော်လည်း မီးကို အမှန်တကယ်ရှို့ခဲ့သူမှာ စစ်တပ်ဖြစ်ကြောင်း သိရသည်။
ဆိုရှယ်မီဒီယာများတွင် ပျံ့နှံ့နေသောအကြောင်းအရာများကို အလွယ်တကူ မယုံကြည်ဘဲ သတင်းမီဒီယာ လုပ်ငန်းစဉ်အတိုင်း အဆင့်ဆင့် အတည်ပြုဖော်ပြနေသော သတင်းမီဒီယာများ၌ ရှာဖွေဖတ်ရှုသင့်သည်။
Editor – Wazza
